Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 10, 2014

ကောက်ရသော ကျပ်သိန်းကိုးဆယ် ပြန်အပ်သည့် ဆိုက်ကားနင်းသူအား ပြည်မြို့ခံများဂုဏ်ပြု



ဘဏ်မှထုတ်ယူပြီးမေ့ကျန် ခဲ့သော ကျပ်သိန်းကိုးဆယ်ကျော်ပါရှိသည့် ငွေထုပ်ကိုတွေ့ရှိပြီး ပြန်လည်ပေးအပ်ခဲ့သူ အနှေးယာဉ် လုပ်သား ဦးစန်းဝင်း အား ဂုဏ်ပြု သည့်အနေဖြင့် ပြည်မြို့ဒေသခံ များ စုပေါင်း၍ စာရိတ္တဂုဏ်ရည် ဆုချီးမြှင့်ခဲ့သည်။

မြန်မာ့ စီးပွားရေးဘဏ်မှ ထုတ်ယူထားသော ကျပ်သိန်းကိုးဆယ်ခန့်ရှိ ငွေထုပ်ကောက်ရသည့်နေ့တွင် ငွေထုပ်တွင်ပါရှိသည့် လိပ်စာအတိုင်း လိုက်ရှာပေးသော်လည်း မတွေ့သဖြင့် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံ ပြန်လည်အပ်နှံခဲ့ကြောင်း မေ့ကျန်ခဲ့သူမှာ RTC မှ ၀န်ထမ်းတစ်ဦးက လစာ ငွေများ ထုတ်လာခြင်း ဖြစ်ပြီး၎င်း၏ တစ်လစာငွေအား ကျေးဇူးဆပ်သည့် အနေဖြင့် ကန်တော့သော်လည်း ကိုယ်ချင်းစာပြီး လက်မခံခဲ့ဘဲ ပြည်မြို့ရှိ စေတနာရှင်ဒေသခံများက ရိုးဂုဏ်ကို ချီးမြှင့်ခြင်းဖြစ်သဖြင့် ၀မ်းသာစွာ လက်ခံပြီး ဘဏ်၌သာအပ်နှံထားကြောင်း ဦးစန်းဝင်း က ပြောသည်။

အဆိုပါ အနှေးယာဉ်လုပ် သား၏ အကျင့်စာရိတ္တအားဂုဏ် ပြုသည့်အနေဖြင့် မြိုခံလူထု ၇၀ ကျော်စုပေါင်း၍ ငွေကျပ် ခုနစ် သိန်းငါးထောင်ဆုချီးမြှင့်ခဲ့ သည်။

‘‘ဒီလိုပြုလုပ်ပေးမယ်လို့မ ထင်ထားဘူး။ ကိုယ့်ရဲ့ ရိုးသားမှုကို အသိအမှတ်ပြု တဲ့အတွက် ၀မ်းသာပီတိဖြစ်ရတယ်။ကောက် ရတဲ့ အဲဒီငွေတွေကို ပြန်မပေး ဘဲ ထားလို့ရပါတယ်။ ဒါပေမဲ့ ပျောက်သွားတဲ့လူဘက်ကို ကိုယ်ချင်းစာတယ်။ လိုက်ရှာပြီး ပြန်ပေးတယ်။ ကောက်ရတဲ့ငွေတွေနဲ့ ကျွန်တော့် မိသားစုစာဝတ် နေရေးမှာ အသုံးပြုဖို့ဟာ လုံးဝစိတ်မသန့်ဘူး’’ဟု ဦးစန်းဝင်း က ပြောသည်။

‘‘ကျွန်တော်တို့ဒေသခံတွေ က စုပြီးချီးမြှင့်တာ။ တစ်ထောင် ထည့်တဲ့သူလည်း ပါတယ်။ နှစ်ထောင်၊ ငါးထောင် စသည်ဖြင့်ပေါ့။ တစ်သိန်း အလှူရှင်ကတော့ မလေးရှားကနေ လှမ်းလှူတာဖြစ်တယ်’’ဟု ပြည်ဒေသခံ ဦးဇင်သိန်း က ပြောသည်။

7Day Daily

No comments:

Post a Comment