Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 15, 2014

လည်ပင်းကကြေးကွင်းတွေချွတ်ဘုရားပုံတော်သွန်းလောင်းပူဇော်တဲ့ ပဒေါင်အမျိုးသမီးကြီး


Win Naing Htun
ပုံက မထူးခြားပေ ပုံရဲ့ဇာတ်ကြောင်းလေးက စိတ်ဝင်စားဖို့ ကောင်းမယ်ထင်လို့......
ဒီအဖွားက အသက် ၇၆နှစ်ရှိပြီဖြစ်တဲ့ ပဒေါင်တိုင်းရင်းသူ ...သူ့အသက်၁၂နှစ်ထဲက လည်ပင်းမှာ ကြေးကွင်းစွပ်ထားတာ ၇၅နှစ်ထိတဲ့...မနှစ်ကတော့ သူအမြတ်တနိုးဝတ်ထားတဲ့ လည်ပင်းက ကြေးကွင်းကိုချွတ်ပြီး Mandalay ကိုသွား ...အရည်ကျို...ဘုရားဆင်းတုတော်လောင်းတာကို ထိုင်စောင့်ကြည့်...ပြီးတော့ သူ့နယ်ဖြစ်တဲ့ ကယားပြည်နယ် မိုးဗြဲမြို့လေးက ဘုန်းကြီးကျောင်းကို လှူဒါန်းလိုက်ပါတော့တယ်...
ဒီအကြောင်းကိုကြားတဲ့ကျွန်တော်က သူ့ကိုတွေ့ချင်နေမိတုန်း သူ့ဆင်းတုတော်ကို လာဖူးနေတယ်လို့ လာပြောတော့ ချက်ချင်းထလိုက်သွားပြီး အမှတ်တရပုံရိုက်ဖို့ ခွင့်တောင်း...စကားပြန်ကတဆင့် စကားပြော...နောက်ဆုံးမေးခွန်းတခု မေးလိုက်ပါတယ်...
ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီ၃ပိသာကျော်လေးတဲ့ လည်ပင်းက ကြေးတွေကို လှူဒါန်းဖြစ်ပုံအကြောင်းမေးတော့..."ရောင်းစားရင် ပိုက်ဆံရပေ လှူလိုက်တော့ သူကုသိုလ်ရတာပေါ့" တဲ့...
ကြေးကွင်းမရှိတော့တဲ့ ပုံမှန်ထက်ရှည်နေတဲ့ သူ့လည်ပင်းက စကားပြောရင် လှုပ်နေတယ်...
အပြန်လမ်းမှာ ကျွန်တော်စဉ်းစားမိတာက "သူ့ထက်ပညာတတ်ပေ သူ့လောက်မစွန့်လွှတ်ရဲတဲ့ အခွံကြီးပြီး အဆံချောင်နေတဲ့ ကျွန်တော်ဘဝ"

No comments:

Post a Comment