Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 12, 2014

ဦးခင်ညွန့်အမှုကိစ္စနှင့် ဆက်နွှယ်ပြီး Asia Express အပိုင်ဖြစ်နေ၍ နိုင်ငံတော်မှ တိုက်ခန်းဖိုးငွေ ပြန်မတောင်းဘဲ ရပ်လိုက်ခြင်းဖြစ်ကြောင်း သိရ


ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်၏ အမှုကိစ္စနှင့်ဆက်နွှယ်ပြီး သိမ်းဆည်းခံခဲ့ရသော ပုလဲကွန်ဒို တိုက်အမှတ်(E) ကိစ္စ အပေါ် စုံခုံဖွဲ့စစ်ဆေးရာ တရားဝင်စာချုပ်များအရ တည်ဆောက်သူ Asia Express ကုမ္ပဏီက ပိုင်ဆိုင်နေ သည့်အတွက် နိုင်ငံတော်မှလည်း တိုက်ခန်းဖိုးငွေ ပေးသွင်း ခိုင်းမှု မပြုတော့ကြောင်း စုံခုံဖွဲ့စစ်ဆေးခဲ့မှုတွင် ပါဝင်သော တာဝန်ရှိသူအချို့နှင့် Asia Express ကုမ္ပဏီ တာဝန်ရှိသူများ က ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် နိုင်ငံတော်မှပိုင်ဆိုင်သည့် ပုလဲကွန်ဒို တိုက်အမှတ်(E)မှ အခန်းပေါင်း ၁၀၀ ကို Asia Express ကုမ္ပဏီက မိမိသဘောဖြင့် ရောင်းချခဲ့ပြီး ရောင်းချရငွေ ကျပ်သိန်းပေါင်း ၃၀၀၀၀ ကျော် ရရှိကြောင်း၊ အဆိုပါ ကျပ် သိန်းပေါင်း ၃၀၀၀၀ ကျော်ထဲမှ ကျပ်သိန်း ၅၀၀၀ ကျော်သာ ပြန်သွင်းပြီး ကျပ်သိန်း ပေါင်း ၂၆၀၀၀ ကျော် (၂ ဒသမ ၆ ဘီလျံ ကျော်)ကို Asia Express ကုမ္ပဏီက ပြန်လည်ပေးသွင်းမှု မရှိကြောင်း ဗဟန်းမြို့နယ်မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ပြောကြားခဲ့သည်။

သို့သော် စုံခုံဖွဲ့စစ်ဆေးထားချက်များအရ တရားဝင်စာချုပ်စာတမ်းပါအတိုင်းဆိုပါက ကုမ္ပဏီပိုင်ဆိုင်ခွင့် ရသော တိုက်ဖြစ်နေပြီး ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်၏အမှုနှင့် ဆက်နွှယ်၍ သိမ်းဆည်းခံရခြင်းကြောင့် ရှုပ်ထွေးသွားခဲ့ခြင်းဟု သိရသည်။

ဖြစ်စဉ်မှာ ပုလဲကွန်ဒိုကို ၁၉၉၉ ခုနှစ်တွင် စည်ပင်နှင့် Asia Express ကုမ္ပဏီတို့ စာချုပ်ချုပ်ဆို၍ အကျိုးတူ ပူးပေါင်း တည်ဆောက်ခဲ့ကြောင်း၊ Asia Express ကုမ္ပဏီက တိုက် A,B,C,D တို့အား အကျိုးအမြတ်အဖြစ် ရရှိမည်ဖြစ်ပြီး တိုက်E,F အား စည်ပင်မှရရှိမည့် အကျိုးအမြတ်ခွဲဝေမှုအတိုင်း စတင်စာချုပ်ခဲ့ကြကြောင်း သိရသည်။

ကုမ္ပဏီသည် ပုလဲကွန်ဒိုစီမံကိန်းအပြင် ပြည်ရိပ်မွန်စီမံကိန်းကို စည်ပင်ဖြင့် အကျိုးတူ တည်ဆောက် ခဲ့ကြောင်း၊ ပြည်ရိပ်မွန်စီမံကိန်း တည်ဆောက်ရာတွင် ကျူးကျော်နေထိုင်သူ အိမ်ထောင်စုပေါင်း ၁၃၄၀ ကျော်ကို ကုမ္ပဏီငွေဖြင့် လျော်ကြေး စိုက်ထုတ်ပေးခဲ့ရခြင်းအပါအ၀င် စာချုပ်အတွင်းမပါဝင်သော ကုန်ကျစရိတ်များကိုလည်း စိုက်ထုတ်ပြီး အကောင်အထည်ဖော်ခဲ့ရကြောင်း၊ အကောင်အထည်ဖော် ပြီးနောက် Asia Express ကုမ္ပဏီမှရမည့် အကျိုးအမြတ် အပြည့်မရကြောင်း၊ ထို့အတွက် နိုင်ငံတော်သို့ နစ်နာကြောင်း တင်ပြခဲ့ရာ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်မှ ဗိုလ်မှူးချုပ်အေဘယ် ဦးဆောင်၍ စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစိစစ်ခဲ့ကြောင်း၊ စိစစ်မှုအရ Asia Express ကုမ္ပဏီသည် စာချုပ်တွင်ပါဝင်သည့် ကုန်ကျစရိတ်အပြင် စာချုပ်တွင်မပါဝင်သည့် ကုန်ကျစရိတ်များ စိုက်ထုတ်ခဲ့သည်ကို စိစစ်တွေ့ရှိကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ စိစစ်ချက်ကို ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ဦးဆောင်သည့် မြို့တော်အိမ်ရာစီမံကိန်းကြီး ကြပ်ကွပ်ကဲမှုကော်မတီသို့ တင်ပြခဲ့ရာ ပြည်ရိပ်မွန်စီမံကိန်းတွင် စိုက်ထုတ်ခဲ့ရမှု များသည့်အတွက် အစားထိုးပေးသည့်အနေဖြင့် ပုလဲကွန်ဒိုမှ စည်ပင်ရမည့် တိုက် (E) နှင့် (F) တွင် တိုက် (E) ကို ကုမ္ပဏီ၏ နစ်နာမှုအတွက်ပေးရန် ၂၀၀၂ ခုနှစ်က ဆုံးဖြတ်ခဲ့ကြောင်း ကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဆုံးဖြတ်ချက်အရ ၁၉၉၉ ခုနှစ်တွင် နှစ်ဖက်ခွဲဝေထားသော မူလအကျိုးအမြတ်ကို ၂၀၀၂ ခုနှစ်တွင် ပြန်လည်ခွဲဝေရာ ပုလဲကွန်ဒိုတည်ဆောက်သူ Asia Express ကုမ္ပဏီက တိုက် A, B, C, D, E တို့ကို ရရှိပြီး စည်ပင်က တိုက် F ကိုရရှိကြောင်း ၂၀၀၄ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်တွင် ချုပ်ဆိုသည့် စာချုပ်သစ်အရ သိရသည်။

ကုမ္ပဏီကလည်း တိုက်E ကို ကြိုပွိုင့်ရောင်းချပြီး ရငွေဖြင့် တည်ဆောက်ခဲ့ကြသည်ဟု ဆိုသည်။ သို့သော် ၂၀၀၆ ခုနှစ်သို့ ရောက်ရှိသည့်အခါ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်အမှုနှင့် ပတ်သက်၍ ပုလဲကွန်ဒို တိုက် (E) ကို ပြည်သူပိုင်သိမ်းကြောင်းနှင့် ရောင်းရငွေများ နိုင်ငံတော်သို့ ပြန်သွင်းရန် စာနှစ်စောင်ကို Asia Express ရုံးသို့ စစစ မှ လာပို့ခဲ့ကြောင်း သိရသည်။

၂၀၀၆ ခုနှစ် ဇူလိုင် ၆ ရက် နေ့စွဲဖြင့် ပို့သည့်စာအရ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကို ၁၉၆၃ ခုနှစ် အများနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ ၃ အရ ၂၀၀၅ ခုနှစ် ဇူလိုင် ၂၁ ရက်တွင် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ကြောင်း၊ ပုလဲကွန်ဒို တိုက် (E) ကိုလည်း ပြည်သူပိုင်သိမ်းလိုက်ကြောင်း ပါဝင်သည်။

ပြည်သူပိုင်သိမ်းကြောင်းနှင့် ငွေသွင်းရမည့် အကြောင်းကြားစာရရှိသည့်အတွက် Asia Express ကုမ္ပဏီအနေဖြင့် အယူခံဝင်ခွင့် မရရှိတော့ဘဲ ငွေစတင်ပေးသွင်းခဲ့ရကြောင်း၊ နောက်ပိုင်းတွင် မသက်ဆိုင်ဘဲ သိမ်းဆည်းခံရခြင်းအပေါ် တင်ပြခဲ့ရာ ပုလဲကွန်ဒိုတိုက်(E)နှင့် ပတ်သက်၍ ဌာနစုံပါဝင်သော စုံခုံဖွဲ့စစ်ဆေးခဲ့ကြောင်း သိရသည်။

စသုံးလုံး၊ စီမံ/စီးပွား၊ တရားရုံးချုပ်၊ အိုးအိမ်၊ ရန်ကုန်စည်ပင် စသည်ဖြင့် စုံခုံဖွဲ့ စစ်ဆေးရာတွင်ပါဝင်သည့် တာဝန်ရှိသူ တစ်ဦးက “ကျွန်တော်တို့စစ်တော့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က ပေးတာမဟုတ်ဘူး။ ပြည်ရိပ်မွန်စီမံကိန်းအတွက် နစ်နာမှု ရှိ၊ မရှိ ဗိုလ်မှူးချုပ်အေဘယ် ဦးဆောင်တဲ့ စိစစ်ရေးအဖွဲ့ရဲ့ အစီရင်ခံစာအရ ဦးခင်ညွန့်တို့ ကော်မတီက တိုက် (E) ကို နစ်နာမှုအတွက် ၂၀၀၂ ခုနှစ်တည်းက ပေးလိုက်ပြီး စာချုပ်ပြန်ချုပ်ကြတာ။ စာချုပ်အရ Asia Express က ပိုင်တာဖြစ်နေတယ်။
 နောက်စစ်ဆေးချက်တစ်ခုက ပစ္စည်းသိမ်းကြောင်းနဲ့ ငွေသွင်းဖို့အကြောင်းကြားစာကို ဦးခင်ညွှန့် ကို ၂၀၀၅ ခုနှစ်မှာ အမိန့်ချပြီးတဲ့နောက် တစ်နှစ်လောက်ကြာမှ ပို့တယ်။ ဒီတော့ ကုမ္ပဏီဘက်က အယူခံခွင့်လည်း မရှိတော့ဘူး။ ဘာမျှမဆိုင်ဘဲ သိမ်းထားသလိုဖြစ်နေတဲ့အပြင် ငွေပါသွင်းခိုင်းလို့ သွင်းနေတာ ကျပ်သိန်း ၅၀၀၀ လောက် ရှိသွားတာကို စစ်ဆေးတွေ့ရှိရတယ်။ အဲဒီစစ်ဆေးချက်တွေကို စုံခုံအဖွဲ့က သက်ဆိုင်ရာကို တင်ပြလိုက်တဲ့အခါ ငွေထပ်မသွင်းခိုင်းတော့ဘူး။ နိုင်ငံတော်မှာလည်း အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကြွေးကျန် မရှိတော့ဘူး။ အဲဒီကတည်းက ဖြတ်လိုက်ပြီ”ဟု ပြောပြခဲ့သည်။

EMG

No comments:

Post a Comment