Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 11, 2014

ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ဝေါဟာရအသုံးအနှုန်းကို အကြိတ်အနယ် ဆွေးနွေးခဲ့ရ

တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေး ဆွေးနွေးပွဲတွင် ဝေါ ဟာရအသုံး အနှုန်းနှင့် ပတ်သက် ၍ အကြိတ်အနယ် ဆွေးနွေးခဲ့ရ ပြီး မေလ ပထမပတ်တွင် နှစ် ဖက်ကိုယ်စားလှယ်များ ထပ်မံ တွေ့ဆုံရန် သဘောတူညီခဲ့ကြ သည်။
ဧပြီ ၅ ရက်မှစတင်၍ လေး ရက်ကြာ ပြုလုပ်ခဲ့သော ဆွေးနွေး ပွဲတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် တစ်ခုတည်း သော သဘောတူညီချက် (Single Text) ပထမမူကြမ်းကို သဘော တူညီမှုရရှိခဲ့သည်။ ယင်းမူကြမ်း ကို နှစ်ဖက်ကိုယ်စားလှယ်များ မေလအတွင်း ထပ်မံတွေ့ဆုံ၍ ဆွေးနွေးညှိနှိုင်းသွားကြမည် ဖြစ် သည်။
‘‘နောက်တစ်ကြိမ် ဆွေးနွေး ပွဲမှာတော့ နှစ်ဖက်လုံး အချိန် တော်တော်ကြာ ယူပြီး ပြီးအောင် ကို ဆွေးနွေးမယ်လို့ ဆုံးဖြတ်ထား တဲ့အတွက် မေလ လယ်လောက်မှာလည်း ပြီး ကောင်းပြီးပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အရမ်းကို ဒါကို Positive လို့ မြင် ပါတယ်’’ ဟု မြန်မာငြိမ်းချမ်းရေး နှင့် ပြန်လည်ထူထောင်ရေး ဗဟို ဌာန အကြီးတန်းအကြံပေး ဦး လှမောင်ရွှေက ပြောသည်။
ဆွေးနွေးပွဲကာလအတွင်း မူကြမ်းတွင် ထည့်သွင်းရေးဆွဲ မည့် ဝေါဟာရအသုံးအနှုန်းများ နှင့်ပတ်သက်၍ သဘောထားအ မြင် မတူညီမှုများရှိနေသည်ဟု လည်း တိုင်းရင်းသားကိုယ်စား လှယ်များက ဆိုသည်။
တပ်မတော်ဘက်က ‘‘လက် နက်ကိုင်တိုင်းရင်းသား’’ ဟု သုံး နှုန်းသော်လည်း တိုင်းရင်းသားအ ဖွဲ့များကမူ ‘‘တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့’’ ဟု သုံးနှုန်းသည် ကို လိုလားကြောင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြော သည်။
 ဗိုလ်မှူးကြီး ခွန်ဥက္ကာက ‘‘ကျွန်တော်တို့ တိုင်းပြည်မှာ တိုင်း ရင်းသားတွေရှိတယ်။ နံပါတ် ၁၊ တိုင်းရင်းသားတွေရှိခြင်းကို ဦး စားပေးပြီး တိုင်းရင်းသားကို အ ရင်ထည့်၊ လက်နက်ကိုင်ကိုနောက် မှထည့်၊ တိုင်းရင်းသားတွေထဲမှာ လည်း လက်နက်ကိုင်တဲ့အဖွဲ့အ စည်းတွေရှိတယ်။ လက်နက်မ ကိုင်တဲ့ အဖွဲ့အစည်းတွေလည်း ရှိတယ်။ ဒါကြောင့် တိုင်းရင်းသား တွေရှိတာကို ဦးစားပေးပြီး ရှေ့က ထည့်။ ဒါကိုကျွန်တော်တို့ပြော တာ’’ ဟု ဆိုသည်။
လေးရက်တာကြာမြင့်ခဲ့ သော ဆွေးနွေးပွဲအပြီး တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး သ ဘောတူစာချုပ် လက်မှတ်ရေးထိုး နိုင်ရန် မေလပထမပတ်တွင် ထပ်မံတွေ့ဆုံရန် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးဆိုင်ရာ တစ်ခု တည်းသော သဘောတူညီချက် ပထမမူကြမ်းကို သဘောတူညီမှု ရရှိခဲ့ကြောင်းနှင့် နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲများ အမြန်ဆုံးပေါ် ပေါက်လာအောင် ဆက်လက်ဝိုင်း ၀န်း ကြိုးပမ်းဆောင်ရွက်သွား ကြရန် သဘောတူညီခဲ့ကြောင်း အပါအ၀င် အချက်ငါးချက်ပါ သတင်းထုတ်ပြန်ချက်ကို နှစ်ဖက် ကိုယ်စားလှယ်များက ပူးတွဲ ထုတ်ပြန်ခဲ့သည်။
ဆွေးနွေးပွဲကို မေလပထမ ပတ်တွင် ရန်ကုန်မြို့၌ ပြုလုပ် သွားရန် ယေဘုယျသဘောတူ ညီထားကြောင်း ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF/ TNLA) ဥက္ကဋ္ဌ တားအိုက်ဘုန်းက ဆိုသည်။
‘‘ဒီမှာပါဝင်တဲ့ အဖွဲ့တွေ အားလုံးအမြန်ဆုံးလက်မှတ် ရေး ထိုးနိုင်ဖို့ သူတို့လည်း ကြိုးစားပါ မယ်ဆိုတဲ့ ကတိတော့ ရှိပါတယ်။ ဒါကြောင့် လက်မှတ်ရေးထိုးဖို့ တင်မကဘဲ Political Dialogue ကလည်း ဒီနှစ်ထဲမှာတင် ဖြစ်သွား မယ်လို့ ကျွန်တော်တော့ယုံကြည် ပါတယ်’’ ဟု ဦးလှမောင်ရွှေက ပြောသည်။
via YoeYarLay

No comments:

Post a Comment