Written by နိုင်ရာ
မြန်မာ အမျိုးသမီးများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်
ဝတ်စားဆင်ယင်နေသည့် မြန်မာဆန်ဆန် ၀တ်စားဆင်ယင်မှုပုံစံ မျိုးးကဲ့သို့
ဝတ်ဆင်သင့်သည်ဟု ရော့ခ်ဂီတ သီဆိုမှုများကို နှစ်ပေါင်းကြာရှည်စွာ
ဖြတ်သန်းနေသော ဇော်ဝင်းထွဋ်က ဧပြီ ၁၅ရက်တွင် မြိုင်ဟေ၀န်ပန်းခြံ
သင်္ကြန်ဖျော်ဖြေရေး၌ မဇ္စျိမသို့ ပြောကြားလိုက်သည်။
![]() |
| မြန်မာအမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုကို အကြံပေးပြောဆိုနေသည့် ဇော်ဝင်းထွဋ်။ ဓာတ်ပုံ - ဖြိုးမမမောင် |
မြန်မာကို ကမ္ဘာက ယဉ်ကျေးသည့် နိုင်ငံ အဖြစ်သတ်မှတ်ထားခြင်းကြောင့် ယခုလို အနောက်တိုင်းက ၀တ်စားဆင်ယင်မှုကို အတုယူ ၀တ်ဆင်ကြသည့် သရုပ်ပျက် ၀တ်စားဆင်ယင်မှုမျိုး မ၀တ်သင့်ဟု ၄င်းက ဆိုသည်။ ကမ္ဘာ့နိုင်ငံများက သိကြသည့် ဒေါ်အောင်ဆန်းစုကြည်၏ ၀တ်စားဆင်ယင်မှုမျိုးသည် မြန်မာ့ ရိုးရာ ၀တ်စားဆင်ယင်မှုမျိုး ဖြစ်ခြင်းကြောင့် မြန်မာတို့အတွက် ဂုဏ်ယူစရာ တစ်ခုအဖြစ် တည်ရှိနေသည်ဟု ပြောသည်။ ကမ္ဘာ့ နိုင်ငံများသည် မြန်မာ နိုင်ငံကို ယဉ်ကျေးသည့် နိုင်ငံအဖြစ်သိကြသည့်အတွက် မြန်မာ အမျိုးသမီးများ၏ ၀တ်စားဆင်ယင်မှုကိုအစဉ် စောင့်ကြည့်နေခြင်း ဖြစ်သည်။
အဆိုတော် ဇော်ဝင်းထွဋ်သည် မြန်မာ နိုင်ငံ၏ ရောခ့်ဂီတ အနုပညာနယ်ပယ်တွင် နှစ်ပေါင်းကြာမြင့်စွာ ဖြတ်သန်းခဲ့သူဖြစ်ပြီး ယနေ့ချိန်အထိ အောင်မြင်လျက်ရှိသူဖြစ်သည်။ ၄င်းသည် ရှိုးပွဲ ပေါင်းများစွာကို သီဆို ဖျော်ဖြေခဲ့သူဖြစ်ကာ စီးရီးများစွာကိုလည်း ထွက်ရှိခဲ့သူဖြစ်သည်။
အဆိုတော် ဇော်ဝင်းထွဋ်သည် ၄င်း၏ ယခုနောက်ပိုင်းဂီတဖြတ်သန်းမှု တွင် မျိုးဆက်သစ်အနုပညာရှင်များစွာကို လက်တွဲကာ စင်မြင့်ထက်သို့ တင်ပေးနေသူတစ်ဦးဖြစ်သည်။
Mizzima


No comments:
Post a Comment