Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 12, 2014

စပယ်ယာ တက်မောင်းသည့် ယာဉ် သစ်ပင်ဝင်တိုက်

13 April 2014
-ရေတာရှည် ဧပြီ ၁၂

ဧပြီ ၁၂ ရက် နံနက် ၅ နာရီခွဲခန့်က ရေတာရှည်မြို့ တောင်ဘက် အထွက် ရန်ကုန်- မန္တလေး ကားလမ်းတွင် ယာဉ်မောင်းသူ အိပ်ငိုက်ပြီး လမ်းဘေး သစ်ပင် ၀င်တိုက်ရာက မောင်းနှင်သူ သေဆုံး သွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ရန်ကုန်- မန္တလေး ကားလမ်းအတိုင်း တောင်မှမြောက်သို့ စပယ်ယာ ဖြစ်သူ ဦးသန်းထွန်း (၅၂နှစ်) (ယာဉ်မောင်း လိုင်စင်မရှိ) ၊ အောင်ဇေယျ ရပ်ကွက်၊ တပ်ကုန်းမြို့နေသူ မောင်းနှင်ပြီး ယာဉ်မောင်း ဦးတိုးတိုး (၄၂နှစ်) ဂုံညှင်းတောင်ရွာ စစ်ကိုင်းမြို့နေသူ လိုက်ပါလာသော ၂ခ/---- ၁၂ ဘီး ကုန်တင်ယာဉ်သည် ရေတာရှည်မြို့ တောင်ဘက် ကားလမ်း မိုင်တိုင်အမှတ် (၁၉၈/၃)နှင့် (၁၉၈/၄) ကြား အရောက် အိပ်ငိုက်ပြီး ကားလမ်း အနောက်ဘက်ရှိ သစ်ပင်ကို ဝင်တိုက်မိခဲ့သည်။ ယာဉ်တိုက်မှုကြောင့် ယာဉ်ကို မောင်းနှင်လာသူ ဦးသန်းထွန်းသည် နေရာတွင်ပင် သေဆုံး သွားခဲ့ပြီး ဦးတိုးတိုးမှာ ဒဏ်ရာများ ရရှိသွားခဲ့ပြီး ရေတာရှည် မြို့မ ရဲစခန်းက အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

MOI Webportal Myanmar
via THIT HTOO LWIN


No comments:

Post a Comment