Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 11, 2014

နောက်ဆုံးဖမ်းမိတဲ့ အချက်ပြမှုဟာ ပျောက်ဆုံးလေယာဉ်ကဟု ယုံကြည်ကြောင်း သြစတြေးလျ ၀န်ကြီးချုပ် ပြော

11 April 2014

နောက်ဆုံး ဖမ်းမိထားတဲ့ အချက်ပြမှုတွေဟာ ၁ လကျော်ကြာ ပျောက်ဆုံးနေဆဲ မလေးရှား အဲလိုင်းဆီက လွှတ်လိုက်တာလို့ ယုံကြည်တယ်လို့ သြစတြေးလျ ၀န်ကြီးချုပ် တိုနီ အဘာ့ဘ်က ဧပြီ ၁၁ ရက် ဒီနေ့မှာ ပြောပါတယ်။

“ကျနော်တို့ရဲ့ ရှာဖွေရေးနယ်မြေကို အများကြီး ချုံ့လိုက်ပါပြီ။ ဖမ်းမိထားတဲ့ အချက်ပြမှုတွေ ကလည်း MH370 ရဲ့ အနက်ရောင်သေတ္တာဆီက လာတယ်လို့ ယုံကြည်ပါတယ်။ ဒီထက်တော့ ပိုပြီးတော့ မပြောပါရစေနဲ့။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်သမ္မတနဲ့ ဒီနေ့ နှောင်းပိုင်းမှာ မတွေ့ခင်အထိ နောက်ဆုံးအခြေအနေ အစီရင်ခံတာတွေကို ရချင်ပါသေးတယ်။ တရုတ်နိုင်ငံနဲ့ တရုတ်ပြည်သူတွေကို လေးစားတဲ့အနေနဲ့၊ အထူးသဖြင့် လေယာဉ်ပေါ်ပါသွားတဲ့ တရုတ်လူမျိုး ၁၅၄ ယောက်ရဲ့ မိသားစုဝင်တွေကို လေးစားတဲ့အနေနဲ့ အသေးစိတ်တွေကို သမ္မတ ရှီကျင့်ပင်းနဲ့ တွေ့တဲ့အခါမှာ တင်ပြနိုင်ဖို့ ချန်ထားပါတယ်”လို့ ပြောပါတယ်။

“လက်ရှိအဆင့်ကတော့ ပျောက်နေတဲ့ လေယာဉ်ရဲ့ အနက်ရောင်သေတ္တာဆီက လွှတ်နေတာလို့ ယုံကြည်ရတဲ့ Signals က မှုန်ဝါးစ ပြုနေပါပြီ။ ဒီ Signals လုံးဝ ပျောက်ဆုံးသွားတဲ့ အချိန်အထိ အချက်အလက်တွေ ရနိုင်သလောက် စုဆောင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။” လို့လည်း ပြောပါတယ်။

By ဒီဗွီဘီ
via THIT HTOO LWIN

No comments:

Post a Comment