Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, March 25, 2014

မျက်ရည် ငိုသံတွေနဲ့ ပီကင်းမြို့ရှိ မလေးရှားသံရုံးရှေ့ ဆန္ဒပြပွဲ




#‎MH370‬ လေယာဉ်ပျက်ကျမှု မလေးရှားအစိုးရရဲ့ သတင်းထုတ်ပြန်ချက်အပေါ် မကျေမနပ် ဒေါသဖြစ်နေတဲ့ တရုတ်ခရီးသည်မိသားစုဝင်တွေဟာ ပီကင်းမြို့တော်မှာ ရှိတဲ့ မလေးရှားသံရုံးကို အင်္ဂါနေ့မနက်က ဆန္ဒပြကြပါတယ်။ သံရုံးအသွားလမ်းကို ပိတ်ဆို့စောင့်ကြပ်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေကြားမှာ ရုတ်ရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။ "
"ငါတို့တွေ အချိန်တွေကုန် စောင့်ခဲ့ရတာ ၁၈ရက်ရှိပြီ။ ငါတို့ ဘာကိုထပ်စောင့်ရမလဲ၊ အဲဒီ့မလေးရှားလူကြီးတွေနဲ့ တွေ့ချင်တယ်၊ အခု ငါတို့စောင့်စားခဲ့ရတာ ဘာအဓိပ္ဗါယ်ရှိတော့မလဲ"လို့ လေယာဉ်ပေါ်ပါပျောက်ဆုံးနေတဲ့ ခရီးသည်တွေအတွက် ဆန္ဒပြသူတဦးက အော်ဟစ်ငိုယိုပြောဆိုပြီး တားဆီးတဲ့ ရဲသားတွေကို တိုးထွက်သွားပါတယ်။
ဆန္ဒပြအမျိုးသမီးတစ်ဦးက "ငါမင်းအတွက်စိန်လက်စွပ်ဝယ်ထားပြီ၊ မင်းရဲ့လက်မှာစွပ်ပေးချင်တယ်" လို့ရေးထားတဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားပါတယ်။ ဆန္ဒပြသူအများစုဟာ "ကံကောင်းပါစေ MH370 အိမ်ကိုအမြန်ပြန်လာပါ" လို့စာတန်းပါ တီရှပ်တွေကို ၀တ်ဆင်ကြပါတယ်။
ပျောက်ဆုံးလေယာဉ် MH370 မှာပါသွားတဲ့ ခရီးသည် ၃ပုံ၂ပုံကျော်လောက်ဟာ တရုတ်လူမျိုးတွေဖြစ်ကြပြီး မလေးရှားအစိုးရရဲ့ ရှာဖွေမှု ၂ပတ်ကျော်အကြာမှာ လေယာဉ်ပျက်ကျကြောင်း သတင်းထုတ်ပြန်ချက်ကို တရုတ်မိသားစုဝင်တွေက အခြေအမြစ်မပြနိုင်လို့ လက်သင့်မခံနိုင်ပဲ လိမ်ညာဖုံးကွယ်မှုလို့ စွပ်စွဲပြောဆိုကြပါတယ်။
Credit To : DVB TV News

No comments:

Post a Comment