Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, March 28, 2014

လယ်တီဒီပနီကျမ်းကို တရုတ်ဘာသာ ပြန်ဆိုနိုင်အောင် ကျွန်မ ကြိုးစားနေတယ်


သူမရဲ့ တရုတ်နာမည်က ကြောင်းဇူ (Zhang Zhe) လို့ခေါ်တယ်။ ကြောင်းက မိသားစုနာမည်ဖြစ်ပြီး ဇူက ဒဿနိကလို့ အဓိပ္ပာယ်ရ ပါတယ်။ သူမရဲ့မြန်မာနာမည်က မမိုးမြင့်စန္ဒာဆွေပါ။ မိုးကောင်းကင် လို မြင့်မားခြင်း၊ စန္ဒာလမင်းလို အေးမြခြင်းနဲ့ ဆွေဆိုတဲ့ စကားလုံးကတော့ သူမကိုစာသင်ပေးခဲ့တဲ့ မြန်မာပါမောက္ခဦးသန်းဆွေရဲ့နာမည် နောက်ဆုံးစာလုံးဆွေကိုမှည့်ခေါ်ထားခြင်းပါလို့ မိုးမြင့်စန္ဒာဆွေရဲ့အဓိပ္ပာယ်ကို သူမက ရှင်းပြပါတယ်။
အသက်၃ဝကျော်ဝန်းကျင်အရွယ်ရှိ သူမဟာ ဗုဒ္ဓရဲ့ လမ်းညွှန်မိန့်ကြားချက်တွေကို ယုံယုံကြည်ကြည် လက်ခံထားသူ တစ်ဦးပါလို့
ဆိုပါတယ်။ သူမရဲ့ မိဘနှစ်ပါးကတော့တရုတ်ယဉ်ကျေးမှု တော်လှန်ရေးကာလမှ အစပြုကာ အခြား တရုတ်နိုင်ငံသားများနည်းတူ ဘာသာမဲ့တွေအဖြစ် နေထိုင်ခဲ့ကြပါတယ်။ ဒါဟာလည်း ကွန်မြူနစ်လှုပ်ရှားမှု အမြင့်ဆုံးကာလ တရုတ်ယဉ်ကျေးမှုတော်လှန်ရေး(Culture Revolution) ရဲ့ အကျိုးဆက်တစ်ခုပဲလို့ ဆိုနိုင်ပါတယ်။
လက်ရှိအချိန်မှာ မမိုးမြင့်စန္ဒာဆွေဟာ ပေကျင်း တက္ကသိုလ် အရှေ့တိုင်း ဘာသာစကားဌာနမှာ မြန်မာစာဌာနရဲ့ ကထိကတစ်ယောက် အဖြစ်အလုပ်လုပ်နေပြီး မြန်မာစာသင်ယူလိုတဲ့ ကျောင်းသားတွေကို စာသင်ပေးနေပါတယ်။ အဲဒီမှာ မြန်မာစာသင်ယူနေတဲ့ ကျောင်းသားကျောင်းသူ ၁၅ယောက်ရှိပြီး သူတို့ကို ပထမနှစ်ကစတင်ပြီး စတုတ္ထနှစ်(နောက်ဆုံးနှစ်ထိ) တစ်တန်းပြီး တစ်တန်း တောက်လျှောက်သင်သွားပေးမယ်လို့ သိရ ပါတယ်။ အဲဒီလေးနှစ်တာကာလမှာ အခြားပထမနှစ်ကျောင်းသား
တွေကို လက်ခံသွားဖို့ အစီအစဉ်မရှိပါဘူးလို့ သူမကပြောပြပါတယ်။
ခဲ့တာပါ'' ဟု အမှတ်တရ ပြန်ပြောပြပါတယ်။
ဗုဒ္ဓဘာသာအယူအဆနဲ့ပတ်သက်ပြီး ဘုရားရှင်ဟာ မဇ္ဈိမပဋိပဋာလမ်းစဉ် ကျင့်သုံးပုံနဲ့ သတ္တဝါတွေကို ကိုယ့် အားကိုယ်ကိုးစိတ် ဖြစ်ပေါ်လာအောင် လမ်းညွှန်ဟောကြား ဆုံးမပုံများကိုလည်း သူမက ''ဘာသာရေးနဲ့ ပတ်သက်ပြီး ကျွန်မထင်တာကတော့ မြတ်စွာဘုရားဟာ လူတွေကို သူ့ကို အားကိုးစေချင်စိတ်မရှိဘူး။ ဘုရားရှင်က အမှန်တရားကို ကိုယ်တိုင်ရှာတွေ့တဲ့လူဖြစ်ပါတယ်။ သူက အမှန်တရားကို လေးစားတယ်။ ပင်ပန်းဆင်းရဲစွာတရားထိုင်ပြီး နောက်ဆုံး မှာ သူဟာ အမှန်တရားကိုတွေ့ရှိခဲ့ပါတယ်။ အစွန်းရောက် တဲ့ Extreme ဖြစ်တဲ့နည်းလမ်း ကိုစွန့်ပယ်တယ်။ ကျွန်မက မြတ်စွာဘုရားကို အရမ်းရိုသေပါတယ်။ ဒါကြောင့် မြတ်စွာဘုရား ပြောတဲ့အတိုင်း ကိုယ့်ကိုယ်ကိုယ် အားကိုးပါ တယ်''လို့ သူမခံယူချက်ကို ရှင်းရှင်းလင်းလင်း ပြောပြ ပါတယ်။
သူမအနေနဲ့ ဗုဒ္ဓဘာသာကိုပိုမိုသိရှိနိုင်ဖို့ အဘိဓမ္မာ နဲ့ ပါဠိကျမ်းစာများကို ဆက်လက်သင်သွားမယ်လို့ ဆိုပါ တယ်။ ပြီးတော့ ''လယ်တီကျမ်းကို ဘာသာပြန်နိုင်ဖို့ အဘိ ဓမ္မာအခြေခံရှိရမယ်။ ပါဠိလဲ နည်းနည်းတက်ရမယ်။ အခု ႊ့န်င် အကြမ်းလုပ်နေပါပြီ။ လေးနှစ်အတွင်းမှာ ပြီး အောင် လုပ်ချင်ပါတယ်''လို့ ပြောပြတယ်။
မမိုးမြင့်စန္ဒာဟာ မြန်မာပြည်ကို နောက်တစ်ကြိမ် အလည်လာဖို့ ဆန္ဒပြင်းပြနေပြီး အခါအခွင့်သင့်ရင် လာ နိုင်အောင်ကြိုးစားသွားမယ်လို့ ဘေကျင်းမြို့တွင် ရန်ကုန် တိုင်းမ်ဂျာနယ်နှင့် သီးသန့်တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။
Yangon Media Group

No comments:

Post a Comment