Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, March 28, 2014

မေလမှာ မင်္ဂလာဆွမ်းကျွေးပွဲ လုပ်မယ့် ဒေါက်တာ အောင်မျိုးသူနဲ့ လှမျိုးသဉ္ဇာနွယ်

Friday, March 28, 2014

လှမျိုးသဉ္ဇာနွယ်က ချစ်သူ ဒေါက်တာအောင်မျိုးသူ နဲ့အတူ ဘဝတစ်ခု ထူ ထောင် ဖို့ စီစဉ်ထားပြီးပြီ ဖြစ်ပါတယ်။
မင်္ဂလာ အစီအစဉ် နဲ့ ပတ်သက်ပြီး လှမျိုးသဉ္ဇာနွယ် က “မေ၂၅ ရက်နေ့မှာ မဟာစည်မှာ မင်္ဂလာဆွမ်းကျွေး လုပ်မယ်။ မနက် ၉နာရီ ကနေ ၁၁နာရီထိပေါ့။ မင်္ဂလာဧည့်ခံပွဲ ကတော့ မေ၃ဝရက်နေ့၊ မနက် ၉ နာရီ၊ ဆီဒိုးနား ဟိုတယ် မှာ လုပ်မှာပါ။ အခါတော်ပေး ကတော့ ကိုရန်အောင်ပဲ ဆိုပေးမယ်။ ပန်းကြဲ ဖို့ကတော့ အစ်မသတို့သားလောင်းရဲ့ ညီမ ဒေါက်တာ မြတ်သီရိ က ဆောင် ရွက်ပေး မှာပါ။ အရံက ချစ်စနိုးဦးနဲ့ သီရိရှင်းသန့် ဖြစ်မယ်။ ဗန်းကိုင်က ဝါဆိုမိုးဦးနဲ့ စိုးပြည့်သဇင် က လုပ်ပေးမှာပါ။ အိမ်ထောင်ပြု ရမယ့် အရွယ်က လည်း ကျော်လာပြီ၊ အချိန် လည်း ကျော်လာ ပြီ။ ဒါပေမဲ့ နှစ်ယောက်စလုံး က ချစ်နေ ကြတယ်။ ပြီးတော့ သူက လည်း တအား နားလည်မှု ရှိတော့ အစ်မရွေးချယ် လိုက်တာ ပါ”လို့ ပြောပြခဲ့ပါတယ်။
ချစ်သူနဲ့ ဆုံတွေ့ဖြစ်ခဲ့ ပုံကို လည်း လှမျိုးသဉ္ဇာနွယ်က “တွေ့ ဆုံပုံက ရိုးရှင်းပေမယ့် ဆန်းတယ် ပြောရမှာပဲ။ ဖူးစာဖြစ်မှာပေါ့။ အစ်မက ပရဟိတ အလှူသွား လှူ ရင်း တွေ့ခဲ့ ကြတာပါ။ သူက အဲဒီ ဘိုးဘွားတွေကို ပြုစု စောင့်ရှောက်တဲ့ ဆရာဝန်ပါ။ သူက အခု မြစ်ကြီးနား မှာ တာဝန်ကျတယ်။ မင်္ဂလာဆောင် ပြီး ရင်တော့ အစ်မမြစ် ကြီးနားကို သွားလိုက် လာလိုက်လုပ်ရမှာပဲ” လို့ ပြောပြ ခဲ့ပါတယ်။
လှမျိုးသဉ္ဇာ နွယ်က အိမ်ထောင်ပြု သွားပေမယ့် လည်း အနုပညာ ဆက်လုပ် မှာဖြစ်ပြီး စီးပွား ရေး နဲ့ အိမ်ထောင်ရေး ဘက်မှာလည်း မလစ် ဟင်းအောင် အကောင်းဆုံး ကြိုးစားရမှာ မိန်းမသား တစ်ယောက် ရဲ့ တာဝန်ဖြစ်ကြောင်း ကို လည်းပြောပြခဲ့ပါ တယ်။

ထူးထူး
Popular Journal

No comments:

Post a Comment