Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, March 5, 2014

နှစ် ၂၅၀ ကျော်သက်တမ်းရှိ ညောင်ရမ်း ခေတ်နှောင်းပိုင်းလက်ရာ ဘုရားဌာပနာများ အာမေးနီးယန်း အုတ်ဂူအနီးတွေ့

Wednesday, March 05, 2014
မန္တလေး၊ မတ် ၎

နှစ်ပေါင်း၂၅၀ ကျော်သက် တမ်းရှိ ညောင် ရမ်း ခေတ်နှောင်းပိုင်းလက်ရာ ဘုရားဌာပနာများကို မန္တလေးတိုင်းဒေသကြီး အမရပူရမြို့ ရှိ တောင်သမန် အင်းအနီး စည်ပင်ခြံစည်းရိုး သတ်မှတ်ထားသော တဝဂူဘုရား တောင်ဘက်ရှိ အာမေးနီးယန်း အုတ်ဂူအနီးတွင် ဖေဖော်ဝါရီ လ နောက်ဆုံးပတ် အတွင်းက တူးဖော်တွေ့ရှိ ခဲ့ကြောင်း ဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင် က ပြောကြားသည်။

“စည်ပင်က အာမေးနီးယန်း သချိုင်းနားကို ရှင်းတုန်းက သီတဂူ ဆရာတော်ကြီး လာရောက် ကြည့်ရှုခဲ့တယ်။ အဲ့ဒီတုန်းက ဆက်ပြီး ရှင်းလင်းဖို့ ပြောတာနဲ့ ဆက်ရှင်းတော့ အဲ့ဒီအုတ်ဂူနားမှာ ညောင်ရမ်း ခေတ်နှောင်းပိုင်းလက်ရာ ဘုရားဌာပနာတွေကို တွေ့ရတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ဌာပနာများ ထည့်သွင်းထားသော စေတီကို မတွေ့ရှိရတော့ဘဲ ဘုရားဌာပနာများဖြစ်သော ၁လက်မခွဲ၊ ၂ လက်မ အရွယ်ရှိ အတွင်းက ချိတ်ဖြင့် ငွေပြားစက္ကူ ကပ်ထားသော ထိုင်ကိုယ်တော် ပုံသဏ္ဌာန်ရှိ ဆင်းတု ၁၄ ဆူကို တွေ့ရှိရကြောင်း ၎င်းက ထပ်မံပြောကြားသည်။
“ဌာပနာ ဘုရားတွေကို ၂ ကျိပ် ၈ ဆူ (၂၈ ဆူ) ပူဇော်ထားတာ ရှိကြတယ်။ ခုတွေ့တာကတော့ ၁၄ ဆူပဲတွေ့တယ်။ လက်ရာတွေကို ကြည့်ရတာတော့ အမရပူရ မတိုင်မီ လက်ရာတွေ ဖြစ်မယ်” ဟု ၎င်းကထပ်လောင်း ဆိုသည်။

အဆိုပါ တွေ့ရှိသည့် ဘုရားဌာပနာ များကို ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေး ဌာနခွဲ) တာဝန်ရှိသူများက ကွင်းဆင်းကာ သွားရောက် စစ်ဆေးဆဲ ဖြစ်ကြောင်း အဆိုပါဌာန တာဝန်ရှိသူများထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ အနောက်ဘက် ၆ မိုင်အကွာရှိ တမုတ်ရွှေဂူကြီး ဘုရားဝင်းအတွင်း နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိ ပျူခေတ် လက်ရာရေတွင်း တစ်တွင်းကို ဖေဖော်ဝါရီလ ပထမပတ်အတွင်း တွေ့ရှိခဲ့သည်။

The Voice Weekly

No comments:

Post a Comment