Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 3, 2014

ဘဝကြမ်းခဲ့တဲ့ Walt Disney တည်ထောင်သူ

လက်ရှိ ကမ္ဘာပေါ်မှာ အောင်မြင်နေတဲ့ Walt Disney ကို တည်ထောင်ခဲ့ သူက Waltern Elias Disey လို့အမည်ရတဲ့ အမေရိကန်နိုင်ငံသား တစ်ဦး ဖြစ်ပါတယ်။

အထက်တန်း တောင် ပြီးအောင် မတက်နိုင်ခဲ့တဲ့ ကျောင်းထွက် ဖြစ်ပြီး သတင်းစာ တိုက်တစ်ခုမှ အယ်ဒီတာ လုပ်နေတုန်း အလုပ်ထုတ် ခံရ ပါတယ်။ တွေးခေါ်ယူဆမှု၊ အိုင်ဒီယာကောင်း မရှိသူလို့  မှတ်ချက် အပေးခံ ရပြီး အလုပ်ထုတ်ပယ်ခံရခြင်း ဖြစ်ပါတယ်။ နောက်တော့ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း ၂ ခု ကြိုးစားလုပ်ကိုင်ခဲ့ပါသေးတယ်။ ရလဒ်ကတော့ ၂ ကြိမ်စလုံး ဒေဝါလီခံရခြင်း ဖြစ်ပါတယ်။

သူလုံးဝ အရှုံးမပေးပါဘူး။ လေ့လားသင်ကြားမှုကို မရပ်တန့်ပြီး အရှုံးထဲကနေ သင်ခန်းစားယူပြီး သူ့ရဲ့  Walt Disney ဇာတ်ကောင်များကို စတင် ဖန်တီးပါတော့တယ်။ ယနေ့တော့ Walt Disney ဆိုတာ ကမ္ဘာ့အကြီးဆုံး ဘက်ပေါင်းစုံ မီဒီယာ လုပ်ငန်း ကုမ္မဏီများထဲက တစ်ခုအဖြစ် ပါဝင်လာစေခဲ့ ပါတယ်။ ၁၉၆၆ ခုနှစ် ဒီဇင်ဘာလမှာ အသက် ၆၅ နှစ်နဲ့ ကွယ်လွန်ခဲ့ပါတယ်။ သူ သက်ရှိထင်ရှားအချိန်ကာလအတွင်း မှာလည်း အမေရိကန်ရဲ့  ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်များ စာရင်းထဲ မှာ ပါဝင်ခဲ့ကြောင်း သိရ ပါတယ်။

Credit  : International news for Myanmar

No comments:

Post a Comment