Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 3, 2014

ပုဇွန်တောင်မြို့နယ် လူသတ်မှုမှတရားခံအား စစ်ဆေးဖော်ထုတ်အရေးယူ

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

၃၁.၁.၂၀၁၄ရက်နေ့ ၁၁၀၀အချိန် ပုဇွန်တောင်မြို့နယ်၊ (၂)ရပ်ကွက်နေ ကိုဇေယျာလင်းသည်နေအိမ်တွင်၎င်း၏ဇနီးဖြစ်သူမမေသီရိဖြူ၊သမီးဖြစ်သူ မပိုးအိန္ဒြာဖြူနှင့် ညီဖြစ်သူ ကိုစိုးသူရလင်း တို့အားထားခဲ့ပြီး အလုပ်သွား
နေခဲ့ရာ ၁၂၀၀အချိန်ခန့်တွင် ဈေးမှနေအိမ်သို့ ပြန်လည်ရောက်ရှိလာ သောမိခင်ဖြစ်သူမှ ၎င်းထံသို့ဖုန်းဆက်သွယ်လာကာ နေအိမ်တံခါးအား အထဲမှ ဖွင့်မပေးကြောင်း၊ ကလေးငိုသံလည်းကြားရကြောင်းပြောပြသိရ သဖြင့်နေအိမ်သို့ ပြန်လာခဲ့ပြီး သော့အပိုဖြင့်ဖွင့်ကာ ၀င်ရောက်ကြည့်ရှုရာ နေအိမ်အတွင်းတွင် ဇနီးဖြစ်သူမှာ ဦးခေါင်း၌ထုရိုက်ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရသဖြင့် အရေးယူပေးပါရန်တိုင်တန်းခဲ့၍ ပုဇွန်တောင်မြို့မရဲစခန်း(ပ) ၂၃/၂၀၁၄၊ ပုဒ်မ၃၀၂ ဖြင့်အမှုဖွင့် စုံစမ်းစစ်ဆေးခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များ၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များ၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များ၊ ပုဇွန်တောင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များပူးပေါင်းကာ အခင်းဖြစ်ချိန် ကတည်းက ပျောက်ဆုံးနေသည့် ကိုဇေယျာလင်း၏ညီဖြစ်သူ စိုးသူရလင်းအား စုံစမ်းရှာဖွေလျက်ရှိစဉ် ၎င်းတို့နှင့်ဆွေမျိုးတော်စပ်သူ တစ်ဦးမှ ယင်းနေ့ ၁၉၀၀အချိန်တွင် ရဲစခန်းသို့လာရောက်ပို့အပ်ပေး ခဲ့ပါသည်။

စိုးသူရလင်းအား အမှုနှင့်ပတ်သက်၍ စစ်ဆေးဆောင်ရွက်ခဲ့ရာ သေဆုံးသူ မမေသီရိဖြူသည် အစ်ကိုဖြစ်သူနှင့်အိမ်ထောင်ကျကာ နေအိမ်သို့ရောက်ရှိ လာသည့်နောက်ပိုင်း မိသားစုများအကြားတွင် မကြာခဏစကားများလေ့
ရှိပြီး ၎င်းအပေါ်လည်းမကောင်းသောအတတ်ပညာများနှင့် လုပ်ကိုင်သည် ဟုထင်ကာ ဒေါသမထိန်းဘဲ သံတုတ်ဖြင့်ရိုက်နှက်ခဲ့၍ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် အမှုဖြင့် ဆက်လက်အရေးယူဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment