Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 21, 2014

ရံပုံငွေ လိမ်လည် ကောက်ခံသူ NLD ပါတီဝင်ကို အရေးယူမယ်

ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွက်လို့ပြောပြီး NLD ပါတီဝင်တဦးက ငွေလိမ်လည်ကောက်ခံမှုနဲ့ ပတ်သက်ပြီး NLD ပြန်ကြားရေး တာဝန်ခံ ဦးကြည်တိုးက သူ၏ ဖေ့စ်ဘုတ်မှ တဆင့် ထိခိုက်နစ်နာရသူ များအား အလေးအနက် တောင်းပန်ကြောင်းနဲ့ ၄င်းအား ပါတီစည်းကမ်းနဲ့ အရေးယူသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ 


 
ဖြစ်စဉ်ကတော့ ရှမ်းပြည်နယ် တောင်ကြီးမြို့က NLD ပါတီဝင် ကိုထွန်းထွန်းဦးဆိုသူက 
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နမ့်ဆန် ခရီးစဉ်အတွက်ဟု ဆိုကာ စီးပွားရေးလုပ်ငန်းရှင်များထံက ရံပုံငွေကောက်ခံကြောင်း တောင်ကြီးက လာတဲ့ သတင်းတွေက ဆိုပါတယ်။ 

NLD အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ဘယ်လို ရံပုံငွေမျိုးကိုမှ ကောက်ခံခြင်း လည်း မရှိဘူးလို့ သိရပါတယ်။ 

အခုလို ပါတီဝင် တဦးရဲ့ မလျော်မကန် လုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး ကာယကံရှင်ကို NLD ပါတီက ပါတီစည်းကမ်း နဲ့အညီ စုံစမ်းဖော်ထုတ်အရေးယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

“ဖြစ်ရပ်ပါ ကာယကံရှင်မှာ ကိုထွန်းထွန်းဦး၊ တောင်ကြီးမြို့နယ် အဖွဲ့ချုပ် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ပြန်ကြားရေး အဖွဲ့ဝင် မဟုတ်သကဲ့သို့ အလုပ်အမှုဆောင်အဖွဲ့ဝင်လည်းမဟုတ်ပါ။ ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ကိုထွန်းထွန်းဦးအား တောင်ကြီး အဖွဲ့ချုပ်မှ ဆက်သွယ်လျက်ရှိပြီး ဖြစ်ရပ်အားစုံစမ်းစစ်ဆေးပြီး ပါတီ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူ ဆောင် ရွက်သွားမည်ဖြစ်ကာ လိုအပ်ပါက ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှမ်းပြည် နယ် ဥက္ကဌဒေါ်ခင်မိုးမိုးက အကြောင်းကြားထားပါ သည်” ------


“ယခုကဲ့သို့သော အဖွဲ့ချုပ်အဖွဲ့ဝင်အချို့၏ မလျော်ကန် သော ဆောင်ရွက်ချက်များကြောင့် ထိခိုက်နစ်နာ ရသူများအား အလေးအနက်တောင်းပန်အပ်ပါသည်”ဟု NLD ဗဟို ပြန်ကြားရေး ကော်မတီ အဖွဲ့ဝင် ဦးကြည်တိုးက သူ၏ ဖေ့စ်ဘုတ် စာမျက်နှာက တဆင့် ဖော်ပြထားပါတယ်။ 

အိမ့်သံစဉ် ~ 

No comments:

Post a Comment