Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 16, 2014

နယူးယော့မြို့ လည်ခေါင်က ကလေးအရုပ်သရဲ




လမ်းမကြီးပေါ်မှာ ကလေးလက်တွန်းလှည်းပေါ်က ကလေးငိုသံကြားရမယ်။ လက်တွန်းလှည်းဘေးမှာ လူတစ်ယောက်မှလည်းမတွေ့ ဘူးဆိုပါစို့ ။ တွန်းလှည်းဘေးကဖြတ်သွားသူတွေ ဘာလုပ်ကြမလဲ။ တော်တော်များများကတော့ ကလေးမိဘတွေဘယ်မှာပါလိမ့်။ ကလေးကိုများတွန်းလှည်းပေါ်တင်ပြီးစွန့် ပစ်လိုက်သလားစဉ်းစားပြီး  တွန်းလှည်းနားကပ်ပြီး ကလေးကိုကြည့်လိုက်ကြမှာပါ။ နောက်ရဲဌာနကိုအကြောင်းကြားကြမယ်လို့ ထင်ပါတယ်။

ဒါပေမယ့်နယူးယော့မြို့ ကြီးမှာ ဒီလိုစွန့် ပစ်ထားတဲ့ကလေးတွန်းလှည်းပေါ်က ကလေးငိုသံကြားရရင်တော့
Thinkmodo အဖွဲ့ ကတီထွင်ထားတဲ့မကောင်းဆိုးဝါးကလေးစက်ရုပ်က ထွက်ပေါ်လာတဲ့ ငိုသံဖြစ်နေနိုင်ပါတယ်။ Thinkmodo ဆိုတဲ့အဖွဲ့ က ဒီကလေးအရုပ်ကိုတီထွင်ပြီးတော့ ရီမုတ်ကွန် ထရိုးနဲ့ လှည်းကိုထိန်းပြီး လှည်းထဲက  ကလေးသူရဲရုပ်ကိုတွေ့ တဲ့အခါ လူတွေရဲ့ ကြောက် လန့် တကြားဖြစ်သွားပုံတွေကို ဗီဒီယိုရိုက်ခဲ့ပါတယ်။
ဒီအရုပ်က ငိုလို့ ရတယ်။ ခေါင်းလှည့်လို့ ရတယ်။ နို့ ရည်တွေအန် ထုတ်လို့ ရပါတယ်။

Thinmodo အဖွဲ့ ကိုတည်ထောင်တဲ့ မိုက်ကယ်က" စွန့် ပစ်ထားတဲ့ကလေးတွန်းလှည်းပေါ်က ကလေးငိုသံကိုကြားရတဲ့အခါ ဒီငိုသံကိုလူတွေဘယ်လောက်ဂရုတစိုက်ရှိသလဲ ဆိုတာ တော်တော်စိတ်ဝင်စားဖို့ ကောင်းပါတယ်ဗျာ" လို့ Yahoo News ကိုပြောပါတယ်။
ဒီကလေးရုပ်ကို  Devil's Due ဆိုတဲ့ရုပ်ရှင်ကားကြော်ငြာမြှင့်တင်ရေးအတွက်တီထွင်ခဲ့တာဖြစ်ပါတယ။
Devil's Due ရုပ်ရှင်ကားကို အမေရိကန်မှာ ဇန်န၀ါရီလ၁၇ ရက်နေ့ ကစတင်ပြသပါမယ်။
the melting pot 4 U



'Devil Baby' Prank Scares The Bejesus Out Of New Yorkers (VIDEO)

The Huffington Post  |  By Hear a baby crying in an unattended stroller on the street? Of course you should investigate it. Just be warned that said baby might be part of a viral marketing stunt that will scare the living bejesus out of you.
The folks at Thinkmodo rigged this remote-controlled stroller with a demonic
http://www.huffingtonpost.com/2014/01/14/devil-baby-attacks-nyc-thinkmodo_n_4596931.html?utm_hp_ref=mostpopular

No comments:

Post a Comment