- 14 January 2014 |
- By Popular News
မိုးယုစံက
ဒါရိုက်တာ ပန်းချီစိုးမိုး ရိုက်ကူးမယ့် ‘ကျွန်တော့် ရည်စားဘုရား
မှာနေသည်’ ရုပ်ရှင်ဇာတ် ကားကြီးကို စိုးရန်အောင်နဲ့အတူ ရိုက်ကူးဖို့ရှိ
ကြောင်း ပြောပါတယ်။ ဒီဇာတ်ကားကြီးကတော့ သိုက်နန်းဆန်ဆန်
ဇာတ်လမ်းလေးဖြစ်ပြီး ဇာတ်ကား ရိုက်ကူးပြီးသွားရင် လည်း နိုင်ငံခြားအထိ ပြသ
သွားဖို့ရှိ ကြောင်းပြောတဲ့မိုးယုစံက“အဓိက က တော့ ဆရာက ဒီဇာတ်ကားလေးကို နိုင်ငံခြား ထိပြသဖို့ရည်ရွယ်ထားတာဆိုတော့ ပရိသတ် စိတ်ဝင်စားမယ့်ကားမျိုးလေးပါ။ ကားကြီး သရုပ်ဆောင်နည်းပြီး ရိုက်တဲ့ အခွင့်အရေးက အရမ်းရှားပါတယ်။ ဒါရိုက်တာဆိုတာကလည်း ဦးပန်းချီ စိုးမိုးရိုက်တာ ဖြစ်တဲ့အတွက် ညီမ လက်ခံဖြစ်ပါတယ်။ ဆရာ ညီမကို ပေးတဲ့ ဇာတ်လမ်းက တကယ့် ခေါင်း ဆောင် တစ်ယောက်တည်း ရိုက်ခွင့် ပေးတဲ့အတွက် အရမ်းဝမ်းသာပါ တယ်” လို့ ပြောပါတယ်။
ရုပ်ရှင်ကား ကြီး ရိုက်ကူးရတာ နဲ့ ဗီဒီယိုဇာတ်ကား ရိုက် ကူးခြင်းရဲ့ ကွာခြားချက်နဲ့ ပတ် သက်ပြီး မိုးယုစံက “ဗီဒီယိုကျတော့ ပရိ သတ်ကြိုက်လည်း တစ်ပတ်နှစ်ပတ်ပဲ။ကားကြီးတော့ တစ်နှစ်လုံးစာ ပိုရင် ခုန်လို့ရတယ်။ပြီးတော့ အကယ် ဒမီ ပေးပွဲမှာလည်း ရင်ခုန်လို့ရတာ ပေါ့” လို့ပြောပါတယ်။
တွယ်တာ
No comments:
Post a Comment