Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 9, 2014

၂ဝ၁၅ ရွေးကောက်ပွဲနိုင်ဖို့ ပါတီငယ် ၇ခု မဟာမိတ်ဖွဲ့


Thursday, January 9, 2014
၂ဝ၁၅ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ နိုင်ငံရေးပါတီငယ် ၇ခုက ပူးပေါင်းဆောင်ရွက်ရေးအတွက် ဇန်နဝါရီ ၉ရက်နေ့က ရန်ကုန်မြို့မှာ ကြိုတင်ဆွေးနွေးခဲ့ကြပါတယ်။

ပါတီငယ် ၁၉ခုနဲ့ ကျင်းပဖို့ပြင်ဆင်ထားပေမယ့် တကယ်တမ်း ၇ပါတီပဲ အစည်းအဝေးတက်လာခဲ့တဲ့ အကြောင်းနဲ့ သူတို့ပါတီငယ်တွေ ရွေးကောက်ပွဲအောင်နိုင်ရေး မဟာမိတ်ပါတီရုံး မကြာခင်ထူထောင်ဖို့ရှိတယ်လို့ ဦးကျော်စွာစိုးက ဆိုပါတယ်။

အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်၊ ကိုအေးလွင်ဦးဆောင်တဲ့ ၈၈မျိုးဆက်ကျောင်းသားလူငယ်များ (မြန်မာနိုင်ငံ)၊ မြန်မာအမျိုးသားကွန်ဂရက်ပါတီ ပါဝင်တဲ့ ပါတီငယ် ၇ခုဟာ မဟာမိတ်ဖွဲ့ဖို့ ဆက်ပြီးဆွေးနွေးကြမယ်လို့ သဘောတူညီခဲ့ကြပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီအပါအဝင် ပါတီ ၁၁ခုကလည်း ဖယ်ဒရယ်ဒီမိုကရေစီ မဟာမိတ် FDA ကိုလည်း ဇန်နဝါရီ ၇ရက်နေ့က ဖွဲ့စည်းခဲ့ပါတယ်။

http://www.youtube.com/watch?v=RVhE9VPBnJo
Kamayut Media

No comments:

Post a Comment