Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 9, 2014

ကမ္ဘာ့ဥာဏ်အကောင်းဆုံးနေရာနံပါတ် ၈မိန်းကလေး


မိန်းကလေးတွေလည်း ဥာဏ်ကောင်းပါတယ်။ ကမ္ဘာ့ဥာဏ်အကောင်းဆုံးနေရာမှာတာင် နံပါတ် ၈ မှာ ရပ်တည်နေတယ်။ သူလေးကတော့ ......
8. Judit Polgar (IQ 170)
Thursday, January 9, 2014

သူမဟာ ဂျူလိုင် ၂၃ ရက် ၁၉၇၆၊ ဟန်ဂေရီမှာ မွေးဖွားခဲ့ပါတယ်။ IQ 170 ရှိသော Judit ကတော့ Chess ကစားတဲ့နေရာမှာ အတော်ဆုံး မိန်းကလေးတစ်ဦးလို့ သမိုင်းမှာ နာမည်တွင်ကျန်နေဆဲပါ။ အသက် ၁၅ နှစ်အရွယ်ကတည်းက သူမဟာ Grand-Master ဆုကို ရရှိခဲ့ပါတယ်။

အသက်ငယ်နေသေးပေမယ့်လည်း သူမဟာ ရရှိခဲ့ပါတယ်။ သူမဟာ အခုလက်ရှိ ကမ္ဘာပေါ်မှာ နံပါတ် ၁ စွဲနေသော Chess မိန်းကလေး ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ Judit ဟာ ကမ္ဘာချန်ပီယံများကို ပြိုင်ပွဲမှာ အလဲထိုးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

Judit ဟာ Chess ကို ငယ်ငယ်လေးကတည်းက သူမရဲ့ အထူးပြုဘာသာရပ်အဖြစ် လေ့လာပြီး ကြိုးကြိုးစားစား လေ့လာကစားခဲ့သူတစ်ဦးပါ။ သူမရဲ့အဖေက ဘယ်အရာမှာမဆို ကြိုးကြိုးစားစား လေ့လာရင် အောင်မြင်နိုင်တယ်လို့ ယုံကြည်ထားပါတယ်။

သူမ အဖေရဲ့ ယုံကြည်မှုအောက်မှာ Judit ဟာ ယောကျာ်းလေးများနှင့်အတူ ယှဉ်တွဲ ကစားခွင့်မပေးတဲ့ ဟန်ဂေရီ ချက်စ် ကော်မတီမှာ တိုက်ပွဲဝင်ခဲ့ပါတယ်။ အဆင့် တစ်ဆင့်ချင်းစီမှာလည်း ချန်ပီယံ မဖြစ်မခြင်း ကြိုးစားမယ်ဆိုပြီး သတ်မှတ်ခဲ့ပါတယ်။ သူ့အမနှစ်ယောက်နှင့်အတူ သူ့ရဲ့ကလေးဘ၀ဟာ Chess လောကမှာ ကျွမ်းကျင်တဲ့ ပါရဂူသမားတစ်ယောက်ဖြစ်အောင် ကြိုးစားမှုများနှင့် သူ့အဖေရဲ့ ညွှန်ကြားပြသမှုအောက်မှာ ဖြတ်သန်းခဲ့ရပါတယ်။

SQUAR

No comments:

Post a Comment