Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 16, 2014

ထိုင်းဘုရင်အုတ်ဂူမှရရှိသည့် ပစ္စည်းများအတွက် ပြတိုက်ဆောက်ရန် မြေမလောက်




16-1-2014 (Mizzima)

မန္တလေးခရိုင် အမရပူရမြို့နယ်၊ လင်ဇင်းကုန်းသုသာန်ရှိ ထိုင်းဘုရင်အုတ်ဂူမှရရှိသည့် ပစ္စည်းများထားရှိ မည့် ပြတိုက်တည်ဆောက်ရန် မြေနေရာမလုံလောက်သည့်အတွက် စေတီကိုသာ ဦးစွာတည်ဆောက် သွားမည်ဖြစ်ကြောင်း မြန်မာမှုဆိုင်ရာ ပြုပြင်ရေးအဖွဲ့က တာဝန်ရှိသည့် တမ္ပ၀တီဦးဝင်းမောင်က ပြော သည်။

“ထိုင်းဘုရင်အုတ်ဂူကရရှိလာတဲ့ ရှေးဟောင်းပစ္စည်းတွေထားရှိဖို့အတွက် ပြတိုက်တစ်ခု တည်ဆောက် သွားမှာ ဖြစ်ပါတယ်။ လက်ရှိ တည်ဆောက်ဖို့အတွက် သက်ဆိုင်ရာကို လေးဧကခွဲမှာ တည်ဆောက်ဖို့ အတွက် တင်ပြခဲ့ပေမယ့် တစ်ဧကခွဲကိုပဲချထားပေးတဲ့အတွက် တည်ဆောက်ခြင်း မလုပ်နိုင်သေးပါဘူး” ဟု ဦးဝင်းမောင်က ပြောသည်။

ထိုင်းဘုရင်အုတ်ဂူမှ တူးဖော်ရရှိသည့် ရှေးဟောင်းပစ္စည်းများ ထားရှိရန် ပြတိုက်၊ စေတီတော်နှင့် အုတ်ဂူ ပုံစံတူတည်ဆောက်ရန် ၂၀၁၃ ဖေဖော်ဝါရီတွင် ထိုင်းနှင့်မြန်မာနိုင်ငံမှ ပညာရှင်များအဖွဲ့က စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အုတ်ဂူပုံစံတူ တည်ဆောက်ရန်အတွက် သက်ဆိုင်ရာမှ ခွင့်ပြုထားသည့် မြေနေရာတွင် ပြတိုက်တည်ဆောက်ရန် မလုံလောက်သည့်အတွက် ထပ်မံတင်ပြမည် ဖြစ်ကြောင်း သိရသည်။

လိုအပ်သော မြေနေရာချထားပေးခြင်း မရှိသေးသည့်အတွက် ကနဦးအနေဖြင့် ရရှိသောမြေနေရာတွင် စေတီတော်ကို ဦးစွာတည်ဆောက်သွားမည်ဖြစ်သည်။ တည်ဆောက်ရန်အတွက် ဘတ်ဂျက်မှာလည်း အလုံအလောက်ရရှိပြီးဖြစ်သဖြင့်၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် အပြီးတည်ဆောက်သွားမည်ဖြစ်သည်။

စေတီတော်တည်ဆောက်ပြီးစီးလျှင် ပြတိုက်ကို ဆက်လက်တည်ဆောက်သွားမည်ဖြစ်ပြီး၊ သက်ဆိုင်ရာ ၀န်ကြီးဌာသို့ မြေနေရာအတွက် တင်ပြမည်ဖြစ်သည်။

ထိုင်းဘုရင်အုတ်ဂူမှရရှိသော ပစ္စည်းများကို မည်သည့်နေရာကိုမျှ သယ်ဆောင်သွားခြင်းပြုမည်မဟုတ် ကြောင်း လက်ရှိတွင် ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်များဦးစီးဌာန မန္တလေးတိုင်းဒေသကြီးက တူးဖော်ရရှိသည့် ပစ္စည်းများကို ထိန်းသိမ်းထားရှိကြောင်း သိရသည်။

ထိုင်းဘုရင် ကျောက်ဘွားဒေါက်မဒူးဝါး(ခ) မင်းကြီးဥတွန်ပုံ သင်္ကန်းဝတ်ဖြင့် သီတင်းသုံးခဲ့သည့်နေရာနှင့် ၎င်း၏အုတ်ဂူနေရာဟု ယူဆသဖြင့် အဆိုပါနေရာအား တူးဖော်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါနေရာမှ ရှေး ဟောင်းအဆောက်အအုံ၊ အရိုး၊ အိုးများ၊ ခါးပန်းကြိုးများကို တူးဖော်တွေ့ရှိထားကြောင်းလည်း သိရ သည်။ ကုန်ကျစရိတ်ကို ထိုင်းနိုင်ငံမှ ကျခံမည်ဖြစ်သည်။

No comments:

Post a Comment