အမျိုးသမီးအဖြစ်လိင်အင်္ဂါခွဲစိတ်ပြုပြင်ထားတဲ့ ဖက်ရှင်မဂ္ဂဇင်းရဲ့ မော်ဒယ်တစ်ယောက်ဖြစ်တဲ့ အမီလာရဲ့ အိပ်မက်က မယ်ကမ္ဘာပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ပြီး သရဖူရယူနိုင်ဖို့ ပါ။ သူ့ ကိုဘင်္ဂလားဒေ့ရှ်ကမူဆလင်မိသားစုမှာမွေးဖွားခဲ့ပြီး သူ့ ကိုယ်သူ ယောက်ျား ခန္ဓာကိုယ်ထဲပိတ် မိနေတယ်လို့ အမြဲခံစားနေခဲ့ရသူဖြစ်ပါတယ်။
တိုရန်တိုက ၂၀၀၉မှာပြောင်းရွှေ့ ခဲ့ပြီး စာရင်းကိုင်ပညာကိုသင်ယူနေစဉ်မှာပဲ ခွဲစိတ်ပြီး လိင်အင်္ဂါပြောင်း လဲဖို့ အတွေးပေါ်ခဲ့ပါတယ်။ ကျမခွဲစိတ်ပြီးတစ်သက်လုံး ကျမဖြစ်ချင်ခဲ့တဲ့ မိန်းမဘ၀ကိုပြောင်းလဲနိုင် တယ်လို့ အတွေးပေါ်လိုက်တဲ့အခိုက်အတန့် ဟာတကယ့်အံ့သြစရာအခိုက် အတန့် ပါပဲရှင်။
သူ့ ရဲ့ ရည်းစားဖြစ်သူက သူ့ ရဲ့ သင်တန်းဆရာချားလ်စ် ပဲဖြစ်ပါတယ်။
သူ့ ရည်းစားဖြစ် သူတွေ့ တော့ ချားလစ်ကသူ့ ရဲ့ နောက်ကြောင်းတွေကို ဘာမှမသိရှိခဲ့ပါဘူး။ ကျနော်သူခွဲစိတ်လိင်ပြောင်းထားတယ်ဆိုတာ အစကမသိခဲ့ပါဘူး။နောက်သူကပြောပြတော့လည်း စိတ်မပျက်ခဲ့ဘူး။ဒီကိစ္စဟာကျနော်တို့ နှစ်ယောက်ကြားမှာပြဿနာမဟုတ်ပါဘူး။ကျနော်ကသူ့ ကို သူအတိုင်းပဲချစ်ပါတယ်။လူတွေကို ကျနော့်ရည်း စားအရင်ဘ၀ကယောက်ျားဖြစ်ခဲ့ ဖူးတဲ့အတွက် ကျနော်တို့ ဟာအထူးစုံတွဲဖြစ်တယ်လို့  ကျနော်ပြောပြပါတယ်။ ကျနော့်မိသားစုနဲ့ လည်းသူ့ ကိုမိတ်ဆက်ပေးခဲ့ပြီး ကျနော်တို့ အတွက်ဝမ်းသာကြပါတယ်။

အမီလာပြောပြတာက
ဘင်္ဂလားဒေ့ရှ်မှာကဒီလိုကိစ္စတွေကိုလူတွေကမပြောကြဘူး။အိမ်မှာ ကျမက အမေအပြင်သွား ရင်အမေ့ရဲ့ အင်္ကျီကိုဝတ်၊သူ့ မိတ်ကပ်တွေကိုခိုးလိမ်းတယ်။။အဲဒီလိမ်းချယ်ပြင်ဆင်ရတာ
သဘော ကျပေမယ့် အပြင်တော့မထွက်ရဲဘူး။ကျမမိဘတွေကဘာသာရေးအရမ်းကိုင်းရှိုင်းတော့ကျမကို ဘယ်တော့မှလက်ခံမှာမဟုတ်ဘူး။ကျောင်းမှာလည်း အခြောက်မို့ အမြဲအနိုင်ကျင့်ခံရတယ်။ ညတိုင်းကျမငိုယိုပြီး မိန်းကလေးဘ၀ရဖို့ ဆန္ဒပြုမိပါတယ်။
သူခွဲစိတ်ပြီးတဲ့နောက်မိဘတွေကိုဒီအကြောင်းပြောတော့ မိဘတွေက သူ့ ကိုအဆက်အသွယ်ဖြတ် လိုက်ကြပါတယ်။ဒါပေမယ့်နောက်ပိုင်းတော့လည်းပြန် လက်ခံခဲ့ကြပါ တယ်။ အမီလာပြောတာက ကျမကိုရင်တွေတင်တွေနဲ့ တွေ့ လိုက်ရတော့သူ တို့ အတွက်နားလည်ရတော်တော်ခက်သွားကြပုံပဲ။
ဒါပေမယ့်သူ တို့ ဟာကျမရဲ့ မိသားစုဖြစ်ပြီးဘာပဲဖြစ်နေဖြစ်နေသူတို့ ကျမကိုချစ်ပါတယ်။
ရင်သားခွဲစိတ်ဖို့ ပေါင်၆၀၀၀၊ လေဆာနဲ့ အမွှေးအမျှင်တွေဖယ်ရှားဖို့ ပေါင် ၂၀၀၀လောက်ကုန်ကျခံပြီး တဲ့နောက်မော်ဒယ်လောကထဲဝင်ရောက်ခဲ့ပါတယ်။
လိင်အင်္ဂါပြောင်းထားတဲ့ကနေဒီယန်မော်ဒယ် ဂျီနာဟာ မနှစ်က ကနေဒါမယ်စင်္ကြာဝဠာပြိုင်ပွဲ ကိုဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။သူက ဂျီနာကိုအားကျပြီး ဒီနှစ်အဲဒီအလှမယ်ပြိုင်ပွဲကိုဝင်ပြိုင်ဖို့  ရည်ရွယ်ထားပါတယ်။ယောက်ျားလေးဘ၀တုန်းကအဒက်ရှ်တဖြစ်လဲအမီလာရဲ့ အကြီးဆုံးအိပ်မက်က မယ်ကမ္ဘာသရဖူကိုဆွတ်ခူးနိုင်ဖို့ ပါ။
တိုရန်တိုဆန်းဆိုတဲ့သတင်းစာမှာ သူ့ ရဲ့ ဓာတ်ပုံတွေပါလာတော့တချို့ ပရိသတ်က လိင်အင်္ဂါပြောင်းထား တဲ့ မော်ဒယ်ကိုသတင်းစာထဲမထည့်ဖို့ ဒေါသတကြီးကန့် ကွက်ကြပါတယ်။
သူ့ ကိုကန့် ကွက်ဝေဖန်ကြသူတွေကို အမီလာပြောတဲ့စကားက
"ကျမပုံသတင်းစာထဲမှာပါလို့ တဲ့။ဝေဖန်ကြတာ။တချို့ ဝေဖန်ချက်တွေဖတ်ပြီး ကျမအရမ်းကိုစိတ်ပျက်ရပါတယ်။တကယ်ပဲကျမကို စိတ်ဓာတ်ကျသွားစေပါတယ်။
ကျမဟာသိပ်လှတဲ့မိန်းမ တစ်ယောက်လို့ ထင်ပါတယ်ရှင်။ လူတွေကအဲဒီအချက်ကိုတော့လေးစားသင့်ကြတာပေါ့" တဲ့။
the melting pot 4 U
Source
No comments:
Post a Comment