Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 8, 2014

အကယ်ဒမီဖွေးဖွေး ဂီတဘက်ကို မလှည့်ဖြစ်သေးဟု ဆိုလာ


9-1-2014

၂၀၁၂ ခုနှစ်အတွက် အမျိုးသမီး အဓိကဇာတ်ဆောင်ဆုအဖြစ် အကယ်ဒမီရရှိခဲ့သည့် ဖွေးဖွေးသည် လွန်ခဲ့ သည့် ၂၀၀၈- ၂၀၀၉ ခုနှစ်က Out of Depression Band အဖွဲ့ကို တည်ထောင်ခဲ့ပြီး သီချင်းများကို သီ ဆိုရူးသွပ်ခဲ့သူတစ်ဦး ဖြစ်ခဲ့သည်။ သူမ သီဆိုရူးသွပ်ခဲ့သည့် သီချင်းများသည် Rock သီချင်းများဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် သရုပ်ဆောင်ဘက်ကို ပိုမိုအားပြုလာခြင်းကြောင့် သူမဖွဲ့စည်းခဲ့သည့် ဂီတ၀ိုင်းသည် ပြို ကွဲခဲ့ခြင်း ဖြစ်သည်။

“ဖွေးအားတဲ့အချိန်ကျမှ ဆုံပြီး သီဆိုကြမယ်၊ တီးကြမယ်ဆိုရင် ဒီဂီတ၀ိုင်းမှာ ပါဝင်နေကြတဲ့သူတွေ အတွက် မတရားရာ ကျပါတယ်။ ကိုယ်တိုင်ကလည်း အချိန်တွေ မပေးနိုင်တာကြောင့်ပါ။ Band အဖွဲ့တစ် ခုလုပ်ပြီဆိုရင် အမြဲတွေ့ဆုံနေရမယ်။ ဒါပေမဲ့ မတွေ့နိုင်ခဲ့ပါဘူး။ ဒီဘက်ပိုင်း မလှည့်ဖြစ်သေးပါဘူး” ဟု ပြောသည်။ သူမသည် သီချင်းသီဆိုမှုကိုလည်း ၀ါသနာပါသူ တစ်ဦးဖြစ်သော်လည်း သရုပ်ဆောင်ဘက် တွင် ပိုမိုအချိန်ပေးခဲ့ခြင်းကြောင့် အောင်မြင်ခဲ့သူ တစ်ဦးဖြစ်သည်။

အကယ်ဒမီရလျှင် အကယ်ဒမီရွှေစင်ဆုမှ ရွှေစင်ကြယ် နှစ်ကျပ်သားကို ဆရာဖြစ်သူများထံ ပေးအပ်ကန် တော့မည်ဟု ပြောကြားခဲ့သည့် ဖွေးဖွေးသည် ပြောသည့်အတိုင်း ကတိတည်သူ ဖြစ်သည်။ သူမသည် ၂၀၁၂ ခုနှစ် အကယ်ဒမီပေးပွဲတွင် “လက်ပံ” ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုး သမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ခြင်းကြောင့် ထူးချွန်ဆုအဖြစ် ထပ်မံပေးအပ်ချီးမြှင့်ခဲ့ကြသည့် ဂုဏ်ပြုဆုငွေ ကျပ် ၁၇ သိန်း နှင့်အတူ အကယ်ဒမီရွှေစင်ရုပ်တုကို သူမ၏ဆရာသမားများထံ ပေးအပ်ကန်တော့ခဲ့သည်။ ဆရာဖြစ်သည့် ဒါရိုက် တာဝိုင်းက လက်ခံကန်တော့ ခံခဲ့သော်လည်း ယင်းရွှေစင် ရုပ်ဆုကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သူမက ဆိုသည်။

“အဲဒီတုန်းက ဆရာသမားဖြစ်တဲ့ ကိုဝိုင်းရဲ့ ကျေးဇူးက အကြီးဆုံးပါပဲ။ ဒီဆုက ကိုဝိုင်းကြောင့်သာ ရရှိခဲ့ တာပါ။ အဲဒီတုန်းက ကိုယ့်ကို ယုံယုံကြည်ကြည်နဲ့ အသက်သွင်းပေးခဲ့တာ ကိုဝိုင်းပါပဲ” ဟု ဖွေးဖွေးက ပြောသည်။

ယင်းသည် ဆရာဖြစ်သူ အကယ်ဒမီ ပြေတီဦးကိုလည်း သွားရောက်ကန်တော့ခဲ့ရာ ကန်တော့ခံခဲ့သော် လည်း ဂုဏ်ပြုဆုငွေများနှင့် အကယ်ဒမီရွှေစင် ရုပ်တုကို လက်မခံခဲ့ကြောင်း ပွင့်လင်းစွာ ဆိုသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အကယ်ဒမီဆုရရှိသူများကို ထပ်မံပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ရာ တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ကျပ် ၄၅ သိန်း၊ မင်္ဂလာကုမ္ပဏီက ကျပ် ၂၇သိန်း၊ ရွှေတောင် ကုမ္ပဏီက ကျပ် ၃၆ သိန်း၊ ဆင်ကိုးကောင်ဖိနပ်က ကျပ် ၁၈ သိန်း၊ clover solution ကုမ္ပဏီက ကျပ် ၂၇ သိန်းတို့ကို ပေးအပ်ချီးမြှင့်ခဲ့ရာ ယင်းငွေသား ဆုများထဲက သူမအတွက် ရရှိခဲ့သည့်ဆုငွေ ကျပ် ၁၇ သိန်း ကို ဆရာသမားများထံ ပေးအပ်ကန်တော့ခဲ့ခြင်း ဖြစ်သည်။

သူမအနေဖြင့် “လက်ပံ” ဇာတ်ကားမှ ဇာတ်ကောင်စရိုက် ပီပြင်ထူးချွန်မှုများကြောင့် အကယ်မီရရှိခဲ့ခြင်း ဖြစ်ပြီး တခြားမလုပ်ဖူးသေးသည့် ဇာတ်ကောင်စရိုက်များသည်လည်းရှိနေခြင်းကြောင့် ကြိုးစားရဦးမည် ဖြစ်ကာ ယခုရရှိထားသည့် အကယ်ဒမီသည် သူမ အနုပညာခရီးလမ်းအတွက် တာဝန်ကြီးသည်ဟု ယူဆ ထားခြင်းမရှိကြောင်း ဆိုသည်။

သူမသည် ဇန်န၀ါရီ ၆ ရက်တွင် ဒါရိုက်တာဝိုင်း ရိုက်ကူးနေသည့် “ကျူးပစ်ရဲ့ ကျေးကျွန်များ” ဇာတ်ကား၌ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်တို့နှင့် အတူ နောင်ချိုမြို့တွင် သရုပ်ဆောင်လျက်ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment