''တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ ဇာတ်ကားရိုက်ဖြစ်ခဲ့ တာက မမ နဝရတ်က ဖုန်း ဆက်တယ်။ ဇာတ်လမ်းဖတ် ရတော့ သမီးအရမ်းရိုက်ချင် တယ်။ ဘာလို့လဲဆိုတော့ သမီးနှစ်ကိုယ်ခွဲ မရိုက်ဖူး သေးဘူး။ စိတ်လဲဝင်စားတယ်။ ဇာတ်ကို ဖတ်ကြည့်ပြီး တစ် မိသားစုလုံးက ရိုက်စေချင်လို့ လက်ခံလိုက်တာပါ။ သမီး ကြိုးစားတုန်းကတော့ တကယ့် ကို ကလေးတစ်ယောက်ရဲ့ ခံစားချက်နဲ့ပဲပေါ့။ ဇာတ်ညွှန်း တွေ၊ ဝတ္ထုတွေဖတ်ဖြစ်တယ်။ သမီးရုပ်ရှင် ရိုက်ခဲ့တိုင်းမှာ ဝတ္ထုဖတ်တာ ပထမဦးဆုံးပါ။ ဒါကြောင့်မရိုက်မီကတည်း ကလဲ စိတ်ဝင်စားတယ်။ ဇာတ်ကောင်စရိုက်နှစ်ခုစလုံး ကို ပီပြင်အောင် ကြိုးစားခဲ့ တယ်။ အဲဒီတုန်းက ကလေး အနေနဲ့ဆိုတော့ ခံစားချက်လဲ နုသေးတယ်လေ။ ရိုက်ခဲ့စဉ်က အဲဒီလောက်ထိရလဒ်ကောင်း ရလိမ့်မယ်လို့မထင်ထားဘူး။ တစ်ကားလုံးပြီးတော့ ပြန် ကြည့်ကြတဲ့အခါ ကိုယ်ပါဝင် ရတဲ့အခန်းတွေမှာ ကိုယ့်ကို ဗခအသမ တွေရော၊ ဒါရိုက်တာ တွေရော ပံ့ပိုးပေးထားတာ တွေတွေ့ရတယ်။ ဒီဇာတ်ကား ရိုက်ရတာ ပင်ပန်းတယ်။ ဇာတ် ကောင် နှစ်မျိုးဆိုတော့ ဆံပင်၊ အဝတ်အစားတွေလဲ စီစဉ်ရတယ်လေ။ ပြီးတော့ နယ်ဘက်ဆိုတော့ နေရထိုင် ရတာ မလွတ်လပ်ဘူး။ အဲဒီ အခက်အခဲတွေ ကြုံခဲ့တယ်။ ဒါပေမယ့် အခုလို အကယ် ဒမီရုပ်တုကို ပိုင်ဆိုင်ရပြီဆို တော့ ပင်ပန်းရကျိုးနပ်သွား ပါပြီ''ဟုပြောသည်။
အပျိုအရွယ်ဇာတ်ကောင် တွေ ကမ်းလှမ်းလာရင် လက် မခံဘဲ သူ့အသက် (၁၃) နှစ် (၁၄)နှစ်အရွယ်ကာရိုက် တာတွေကိုပဲ ရွေးချယ်လက်ခံ သွားမယ်လို့သိရသည်။
မေအိမ့်ဒါလီမွန်
The Union Daily

No comments:
Post a Comment