Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 10, 2014

သျှမ်းသံတော်ဆင့် သတင်းထောက်အား - ရဲဝန်ထမ်းဟောင်း မိသားစုဝင်မှ ရိုက်နှက်

တောင်ကြီး၊ ၁၀-၁-၂၀၁၄။

၎-၁-၂၀၁၄၊ အချိန်ည ၈း၃၀ ခန့် တွင်တောင်ကြီးမြို့ ၊ ကျောင်းကြီးစု ရပ်ကွက် ၊ အနောက်မြို့ ပတ်လမ်းနေ သျှမ်းသံတော်ဆင့် သတင်းထောက် ၊ ရှမ်းမလေး(ယိင်းတိုင်း) အား ဆီဆိုင်မြို့ နေ ၊ စိုင်းပြည့်ဖြိုးထွန်း (ဖခင်ရဲဝန်ထမ်းဟောင်း)က ကိုယ်ထိ လက်ရောက်ရိုက်မှု တစ်ခုဖြစ်ခဲ့ ပါသည်ဟု ရှမ်းမလေး(ယိင်းတိုင်း)က ပြောပြသည်။

``ည၈နာရီခွဲ အိမ်ပြန်လာတဲ့ အချိန်မှာ၊ အိမ်ထဲကို ချောင်းကြည့်ပြီး ရပ်နေတဲ့ လူတစ်ယောက်ကို တွေ့ ရတယ်၊ မိမိဘာသာ အိမ်ထဲဝင်လာစဉ်၊ ဘာကြည့်တာလဲ လို့ ပြောပြီး ရိုက်လိုက်တယ်၊ ဘာနဲ့ မှန်းတော့ သေချာ မသိပေမဲ့ ပါးဘယ်ဘက်ခြမ်းမှာ ပေါက်ပြဲသွားတယ်၊ ရိုက်ပြီး ထွက်ပြေးရန် လုပ်ချိန်မှာ အတင်းဆွဲဖမ်းထားပြီး၊ အကူအညီတောင်းခံသဖြင့် မိမိမောင်နှင့်၊ အိမ်နားဝန်းကျင်မှ လူများရောက်လာပြီး၊ အကူအညီပေးသဖြင့် တရားခံကို ဖမ်းဆီးပြီး၊ ရဲစခန်းသို့ ပို့ နိုင်ခဲ့ သည်။

ဒါပေမဲ့ ရဲ များက ရဲဝန်ထမ်းဟောင်းသား ဖြစ်နေသဖြင့် ကျေအေးခိုင်းပြီး၊ ယခုထက်ထိ နစ်နာမှုအတွက် ထိထိရောက်ရောက် ဆောင်ရွက်ခြင်းမရှိပဲ၊ ပါးမှဒဏ်ရာ ပျောက်သည့် အထိ၊ အချိန်ဆွဲထားတယ်လို့ ထင်တယ်``ဟု ရှမ်းမလေး(ယိင်းတိုင်း)ကပြောသည်။

ထိုကိစ္စကို အမှုဖွင့်ထားပြီး ဆေးရုံမှ ဆေးစာများလည်း သက်သေရှိကြောင်း ရှမ်းမလေး(ယိင်းတိုင်း)ကပြောပါသည်။

လေးကြီး(ရှမ်းပြည်)

BY THIT HTOO LWIN


No comments:

Post a Comment