Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 10, 2014

စီးပွားရေး ပြုပြင်ပြောင်းလဲမှု အားရလောက်စရာ တိုးတက်မှု မရှိဟု ဦးတေဇ ပြောပြီ

မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်း ရှင်များအသင်းချုပ်ဥက္ကဋ္ဌဌ ဦးတေဇ။ ဓာတ်ပုံ - နိုင်နိုင်ဇော် / Yangon Media Group
ရန်ကုန် ၊ ဇန်နဝါရီ ၉ ။ ။ မြန်မာနိုင်ငံ၌ ပြုပြင်ပြောင်းလဲ ရေး လုပ်ငန်းများလုပ်ဆောင်နေ သည်ဟုဆိုသော်လည်း စီးပွား ရေးပြုပြင်ပြောင်း လဲ မှုအပိုင်း တွင် အားရစရာ တိုးတက်မှု မရှိ သေးကြောင်း မြန်မာ နိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်း ရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးတေဇက ပြောသည်။

အစိုးရသစ်လက်ထက်မှ စတင်ကာ နိုင်ငံရေးပြုပြင်ပြောင်း လဲမှု၊ စီးပွားရေးပြုပြင်ပြောင်း လဲမှုများ ဆောင်ရွက်နေသည် ဟုဆိုသော်လည်း တိုးတက်မှု နည်းနေသေးသည့်အတွက် လုပ်ငန်းရှင်များ Economic Reform တွင် ပါဝင်ကြရန် လို အပ်နေပြီဟု ဇန်နဝါရီ ရရက် က နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမ၌ပြု လုပ် သော ပဉ္စမ အကြိမ်အသင်းသား စုံညီအစည်းအဝေးတွင် ယင်း က ပြောဆို ခဲ့ခြင်း ဖြစ်သည်။

ဦးတေဇက ''အခုအစိုးရ ပိုင်းက ပွင့်လင်းမြင်သာမှုရှိရှိနဲ့ နိုင်ငံရေးပြုပြင်မှုတွေ၊ စီးပွားရေး ပြုပြင်မှုတွေကို အဘက်ဘက်က လုပ်နေတယ်ဆိုပေမယ့် ဘဏ် လုပ်ငန်းရှင်တစ်ဦးအနေနဲ့ ပြော ရရင် စီးပွားရေးအပိုင်းမှာ ဘာမှ အားရစရာ တိုးတက် မှု မတွေ့ ပါဘူး။ ညှိနှိုင်းမှုတွေအပိုင်းမှာ လဲ အများကြီးအားနည်းနေ တယ်။ လုပ်ငန်းရှင်တွေအနေနဲ့ စီးပွားရေးဆောင်ရွက်မှုတွေမှာ အားလုံးပါဝင်ဖို့လိုတယ်''ဟု ဆို သည်။

လက်ရှိမြန်မာနိုင်ငံ၏ စီး ပွားရေးအခြေအနေများနှင့် ပတ်သက်၍ ကမ္ဘာ့ဘဏ်နှင့် အ ပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံ ငွေအဖွဲ့တို့၏ ခန့်မှန်းချက်အရ ယခု ဘဏ္ဍဍာနှစ်၂၀၁၃-၂၀၁၄ တွင် စီးပွားရေးတိုးတက်မှုမှာ ၆ဒသမ၉ရာခိုင်နှုန်းအထိ မြင့် တက်လာ နိုင် မည်ဟု ဓာတ်ငွေ့ ထုတ်လုပ်မှု၊ ကုန်သွယ်မှုကဏ္ဍဍ မြင့်တက်မှုအပေါ် အခြေခံကာ ပြောဆိုနေသော်လည်း အဆိုပါ ခန့်မှန်းတွက်ချက်မှုများမှာ စာ ရွက်ပေါ်က ကိန်းဂဏန်းမျှသာ ဖြစ်နေပြီး အောက်ခြေပြည်သူ တို့၏ လူမှုစီးပွား ဘဝတွင် အစိုးရ သက်တမ်း တစ်ဝက်ကျော်သည် အထိ အားရစရာမမြင်သေးဟု ပြည်တွင်းစီးပွားရေးပညာရှင် အသိုင်းအဝိုင်းက ဝေဖန်ပြော သည်။

စီးပွားရေးပညာရှင် ဒေါက် တာမောင်မောင်စိုးက ''စီးပွား ရေး အမှန်တကယ်တိုးတက် မယ်ဆိုရင် လူတွေရဲ့ နေထိုင်မှု ပုံစံတွေ တက်လာရမှာပေါ့။ ဈေး ကွက်စီးပွားရေးပဲပြောပြော ဘာ စီးပွားရေးစနစ်ပဲပြောပြော အ ဓိကလိုအပ်တာက လူပဲ။ အမှန် တကယ် ပြောင်းလဲလိုမှုလိုတယ်။ မြန်မာပြည်မှာ စနစ်တွေအမျိုး မျိုးပြောင်းပေမယ့် အခုအချိန် အထိ ဘယ်စနစ်မှအောင်မြင် တာမရှိဘူး''ဟု ဆိုသည်။

မြန်မာ့စီးပွားရေးတွင် မောင်းနှင်အားတစ်ခုဖြစ်စေမည့် အလုပ်လုပ်နိုင်သူဦးရေမှာ တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် ၃၃သန်းကျော် ရှိနေသော်လည်း သန်း၂ဝသာ အလုပ်လုပ်လျက် ရှိနေပြီး ကျန်၁ဝသန်းကျော်အ တွက် အလုပ်အကိုင်များ လို အပ်နေဆဲဖြစ်ကြောင်း၊ ယင်း ပြဿနာအား ပြေလည်ရန်အ တွက် အလုပ်အကိုင်အခွင့်အ လမ်းများပေါ်ပေါက်နိုင်ရန် နိုင်ငံအနှံ့ စက်ရုံအလုပ်ရုံများ ခွဲထုတ်ရန်လိုအပ်ကြောင်း နိုင်ငံတော်သမ္မတအကြံပေး ဒေါက်တာအောင်ထွန်းသက်က မကြာမီ က ပြောကြားသည်။

နိုင်နိုင်ဇော်
Yangon Media Group

No comments:

Post a Comment