Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 16, 2014

ကလေးစစ်သားများကို တပ်မတော်မှ ယခုလအတွင်း ထပ်မံနုတ်ထွက်ခွင့်ပြုရန် စီစဉ်

Friday, January 17, 2014

မြန်မာနိုင်ငံတွင် ကလေးငယ်များအား တပ်သားအဖြစ် စုဆောင်းခြင်းနှင့် အသုံးပြုခြင်းကို အဆုံးသတ်ရေးအတွက် နိုင်ငံတော်၏ နိုင်ငံတကာ ကတိက၀တ်နှင့်အညီ အရွယ်မရောက်သေးသူ ကလေးစစ်သားများကို ယခုလအတွင်း ထပ်မံနုတ်ထွက်ခွင့်ပြုသွားရန် စီစဉ်နေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

တပ်မတော်နှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ ပူးပေါင်း၍ တပ်မတော်အတွင်း ရောက်ရှိနေသည့် ကလေးစစ်သားများအား ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် စက်တင်ဘာလမှစ၍ လေးကြိမ်နုတ်ထွက်ခွင့်ပြုခဲ့ပြီး လက်ရှိအချိန်အထိ ကလေးစစ်သားဦးရေ ၁၇၆ ဦးကို နုတ်ထွက်ခွင့်ပြုခဲ့ပြီးဖြစ်သည်

“တပ်မတော်အတွင်း ရောက်နေတဲ့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို စိစစ်ပြီး ယခုလအတွင်း နုတ်ထွက်ခွင့်ပြုသွားဖို့ စီစဉ်နေပါတယ်။ ကျွန်တော့်အနေနဲ့ ဒီလောက်ပဲ ပြောနိုင်ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ကလေးသူငယ် စစ်မှုထမ်းခြင်းမှ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအတွက် အစိုးရနှင့် ကုလအဖွဲ့အစည်းများ သဘောတူရေးထိုးခဲ့သည့်စာချုပ် ထပ်မံသက်တမ်းတိုးမြှင့်ရန် လုပ်ဆောင်လျက်ရှိကြောင်းနှင့် ကလေးသူငယ် စစ်မှုထမ်းခြင်းမှ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဌာနမှ ကိုယ်စားလှယ်များနှင့် လက်နက်ကိုင် အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် လုပ်ဆောင်လျက်ရှိကြောင်းလည်း သိရသည်။

Eleven Media Group

No comments:

Post a Comment