Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 3, 2014

သရုပ်ဆောင်ဖွေးဖွေး အကယ်ဒမီဆုကြေးအားလုံး ဒါရိုက်တာဝိုင်း အားကန်တော့.

 လက်ပံရုပ်ရှင်ဇတ်ကားဖြင့် ၂၀၁၂ ခုနှစ် အမျိုးသမီးဇတ်ဆောင် အကယ်ဒမီဆုကို ရရှိသွားသူ သရုပ်ဆောင် ဖွေးဇွေးက ၎င်းရရှိသည့် ဆုကြေးငွေအားလုံးကို လာရောက်ကန်တော့ခဲ့ကြောင်း လက်ပံဇတ်ကားကို ဖန်တီးသူဒါရီုက်တာ ၀ိုင်းက သူ၏ဖေ့ဘုတ်စာမျက်နာတွင်ရေးသားဖော်ပြ ထားသည်။

"အကယ်ဒမီဆုပိုင်ရှင်ဖွေးဖွေးက...သူရတဲ့ဆုကြေးငွေအားလုံးကိုလာရောက်ကန်တော့သွားပါတယ်...

ဒီထက်ပိုပြီးတိုးတက်အောင်မြင်ပါစေ' ဟု ဒါရိုက်တာဝိုင်းက သူ၏ဖေ့ဘုတ်စာမျက်နာတွင် ဆုကြေးငွေစာရင်းပါ အိတ်အစိမ်းရောင်ပုံနှင့်အတူ ရေးသားထားသည်။

ထို့အပြင်ဒါရီုက်တာဝိုင်းက"တကယ်တော့သူရတဲ့အကယ်ဒမီရုပ်တုကိုပါကန်တော့တာပါ...

ကျနော်ကလက်မခံခဲ့တာပါ..."ဟု သူ၏ဖေ့ဘုတ်မိတ်ဆွေတို့အား ပြန်လည်ပြောကြား ထားသည်ကို တွေ့ရသည်။
၂၀၁၂ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် လက်ပံရုပ်ရှင်ဇတ်ကားဖြင့် ဒါရီုက်တာဝိုင်း အကယ်ဒမီရရှိနိုင်ကြောင်း ပိရီသတ်များက ခန့်မှန်းခဲ့ကြသည်။ သို့သော် ၂၀၁၂ ခုနှစ် အတွက်ရုပ်ရှင်ဒါရိုက်တာဆုကို ကိုဇော်(အရုဏ်ဦး)က ဥ ဇတ်ကားဖြင့် ရရှိခဲ့သည်။

PN-018
(ဓါတ်ပုံ - ဒါရိုက်တာ ၀ိုင်းဖေ့ဘုတ်မှ)

Popular Myanmar News Journal




No comments:

Post a Comment