Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 31, 2014

မြွေတွေ လေမှာပျံဝဲနိုင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်တွေ တွေ့ ရှိခဲ့






အာရှတိုက်ရဲ့ စိုစွတ်တော တွေမှာ ရှိတဲ့ မြွေတွေကို သုတေသန ပြုလုပ်ခဲ့ရာမှာ မြွေတွေဟာ လေထဲမှာ ပျံဝဲနိုင်ကြောင်း လေ့လာတွေ့ ရှိခဲ့ရပါတယ်။ မြွေတွေဟာ သူ တို့ ရဲ့ ခန္ဓာကိုယ်ကို ဖြန့် ကားဆန့် ထုတ်ပြီး လေထဲ မှာ ပျံ0ဲ နိုင်တယ်လို့ ဆိုပါတယ်။
မြွေတွေဟာ သူတို့ ရဲ့ ခန္ဓာကိုယ်ကို အင်္ဂလိပ်အက္ခရာ ‘S’ ပုံသဏ္ဍာန် ကွေးညွတ်လိုက်ခြင်းအားဖြင့်  လေမှာဝဲပျံနိုင်ဖို့ အတွက် နည်းစနစ်ကျနတဲ့ အယ်ရိုဒိုင်နမစ် ပုံစံတစ်ခုကို ရရှိကြတယ်လို့  ဒီလေ့လာတွေ့ ရှိမှုက ဆိုပါတယ်။ ပေ ၁၀၀ အကွာအဝေးလောက်ထိ လေဟုန်စီး ပျံသန်း နိုင်ပြီး သစ်ပင်တစ်ပင် ကိုင်းကနေ နောက်တစ်ပင်ရဲ့ ကိုင်းကို ကူးပြောင်းတဲ့အခါမှာ ဒီလိုနည်းကို အသုံးပြုလေ့ရှိပါတယ်။
ဒီလေ့လာမှုကို ဦးဆောင်သူဖြစ်တဲ့ အမေရိကန်နိုင်ငံသား သိပ္ပံပညာရှင် ဒေါက်တာ ဂျိတ်ဆိုချာ က “ သူတို့ ကို ကြည့်ရတာ ရေကူးနေသလိုပါပဲ။ သူတို့ ဟာ သူတို့ ခန္ဓာကိုယ်ကို လေဟုန်ခွင်းမျက်နှာပြင် ပုံစံ တစ်ခု အသွင် ပြောင်းလဲပစ်လိုက်တာပါ။သူတို့ ရဲ့ သာမန်မဟုတ်တဲ့ ခန္ဓာကိုယ်ပုံစံ က လေထဲမှာ ပျံဝဲနေ နိုင်ဖို့ အတွက် အကောင်းဆုံး ပုံစံကို ရရှိစေပါတယ်။" လို့ ဖော်ပြထားပါတယ်။
Experimental Biology ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဒီ လေ့လာတွေ့ ရှိမှုရလဒ်တွေမှာ မြွေတွေရဲ့ လေမှာပျံဝဲတဲ့ နည်းစနစ် အကြောင်းကို ပြည့်စုံစွာ ရှင်းလင်းတင်ပြထားခြင်း မရှိပါဘူး။
Ref: jeb.biologists.Mirror
Trend Myanmar

Flying snakes have great aerodynamics

WILL DUNHAM
This may be the last thing that anyone with a touch of ophidiophobia - fear of snakes - would want to hear: flying snakes have surprisingly good aerodynamic qualities.
Scientists studying the amazing gliding proficiency of an Asian species known as the paradise tree snake say it does two things as it goes airborne.
It splays its ribs in order to flatten its profile from round into a more triangular form, and it undulates while airborne - sort of swimming through the air.
Researchers led by Jake Socha, an expert in biomechanics at Virginia Tech, replicated in a plastic model the shape the snake assumes while airborne, and tested it to evaluate its aerodynamic qualities.

ပင်လယ်ရေမျက်နှာပြင် အမြင့်ဆုံးနေရာမှာ တည်ရှိတဲ့ဘောလုံးကွင်းကြောင့် အိမ်ကွင်းလက်ခံကစားဖို့  ပိတ်ပင်ခံခဲ့ ရတဲ့ ဘိုလီးဗီးယားအသင်း

ဘိုလီဗီးယားနိုင်ငံ၊ လာပက်ဇ် မြို့ မှာ တည်ရှိတဲ့ နိုင်ငံအသင်းအိမ်ကွင်း Estadio Hernando Siles မှာ ကစားခဲ့တဲ့ပွဲစဉ်တိုင်းနီးပါးကို ဘိုလီးဗီးယားအသင်းက အနိုင်ရရှိခဲ့ပါတယ်။ အမြင့်ပေ ၁၁ ၉၃၂ ပေ မှာ တည်ရှိတဲ့ ဘောလုံးကွင်းဟာ အောက်စီဂျင်ဓာတ်နည်းပါးမှုကြောင့် လာရောက်ကစားရတဲ့ အသင်းတိုင်းက ကစားသမားတွေဟာ အောက်စီဂျင်မ၀၊အသက်ရှူမ၀ဖြစ်ပြီး ကွင်းထဲမူးမေ့လဲ၊ မကစားနိုင်တဲ့ အခြေအနေကို အမြဲ ကြုံတွေ့ နေရပါတယ်။
ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ၈၀ ကျော်နေတဲ့ နိုင်ငံဘောလုံးအသင်းဟာ ၁၉၉၄ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ကမ္ဘာ့အဆင့်တစ် ဘရာဇီးအသင်းကို ဒီကွင်းမှာ ၂ -၀ နဲ့ အနိုင်ယူခဲ့ပြီး ဘရာဇီးအသင်းရဲ့ နှစ် ၄၀အတွင်း ခြေစစ်ပွဲအဆင့်မှာ ပထမဆုံးရှုံးနိမ့်မှုစံချိန်ကို ရရှိစေခဲ့ပါတယ်။ ဒါတင်မကသေးဘူး ဧပြီ ၂၀၀၉ ခုနှစ်မှာ ကမ္ဘာ့အဆင့်သုံး အာဂျင်တီးနားအသင်းကို ဒီကွင်းမှာပဲ  ၆ -၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူခဲ့ကာ အာဂျင်တီးနားအသင်း ရဲ့ နှစ် ခြောက်ဆယ် သက်တမ်းအတွင်း အဆိုးရွားဆုံးရှုံးနိမ့်မှုစံချိန်ကို ရရှိစေခဲ့ပြန်ပါတယ်။
ဒီ လာပက်ဇ်မြို့ ကွင်းဟာ ပင်လယ်ရေမျက်နှာပြင်အမြင့် တစ်သောင်းကျော်မှာ တည်ရှိတဲ့အတွက် လာရောက် ယှဉ်ပြိုင်ရတဲ့အသင်းတွေဟာ ဒီလေဖိအားနဲ့ ကျင့်သားမရကြဘဲ အမြဲလိုလို ကွင်းထဲ မူးမေ့လဲတတ်ကြပါတယ်။ အောက်စီဂျင်ဓာတ်ကောင်းကောင်းမရတဲ့အတွက် ဘောလုံးပွဲကို အားစိုက်မကစားနိုင်ဘဲ ဒီပတ်ဝန်းကျင်နဲ့  ကျင့်သားရနေတဲ့ ဘိုလီဗီးယားသားတွေ အကြိုက်ဖြစ်ခဲ့ပါတယ်။
အခုတော့ ဘိုလီဗီးယားအသင်းကို နိုင်ငံပွဲစဉ်တွေ ဒီကွင်းမှာ လက်ခံကစားဖို့ ပိတ်ပင်လိုက်ရပြီး အမြင့်ပေ ၈၂၀၀ ကျော်တဲ့ ကွင်းတွေမှာ လက်ခံမကစားရဘူးဆိုတဲ့ စည်းမျဉ်းကိုပါ ထုတ်ပြန်ခဲ့ရပါတယ်။
Ref: wikipedia
Trend Myanmar

Estadio Hernando Siles, La Paz – The Highest National Football Stadium In The World

My trip to La Paz would have been incomplete was it not for a visit to what is a cauldron of world football – Estadio Hernando Siles in La Paz. This is Bolivia’s national football stadium, and happen to be the highest national football stadium in the World.

So much so that FIFA once tried to ban Bolivia from playing there! How ridiculous, as this is the point of home advantage.

So I was staying at Loki Hostel in downtown La Paz. I had heard many bad reports about La Paz before going there. One from my good friend Richard “richboy” Ingram who marked La Paz off as “shite”, and “somewhere to avoid” another from the Lonely Planet book which claimed “La Paz is full of scams and can be dodgy.”

Of course the glory of travelling is that people are different,and while Richard “richboy” Ingram didn’t find his charm with La Paz, I certainly did. Loki Hostel itself was amazingly well situated for visiting the national football stadium.

I could have easily jumped in a collectivo (these are mayhem and there are loads of them in La Paz) and got a ride there for a few dollars.

But on a brisk early morning, I felt like a stroll through the mayhemic rush hour and up hills, getting out of breath on a special journey for me to see this football treasure chest.

I left the hostel alone on the walk to the stadium. I passed many people going to work – no tourists were around. The walk took me up Illimani Calle until it came to a busy roundabout junction at Plaza Del Estadio (Stadium Square).

And there in it’s grey sprawling city like grandeur was the beast itself – the very venue where in 2009, Bolivia smash dunked Maradona’s Argentina 6-1. Bolivia’s home record at this very stadium is fucking immense. They rarely lose here.

And it’s no surprise. I struggled for breath myself, even on a dreary mild morning.

It was high up, but La Paz even veered higher again to my left, heading into hills of almost lego like blocks, similar to the ranchos in Caracas, of Venezuela fame. This stadium eclipsed everything in sight.

The stadium is officially called Estadio Hernando Siles, named after the 31st President of Bolivia, who was in charge when Bolivia played in the 1930 World Cup finals in Uruguay.

I crossed the very busy rush hour roundabout to arrive at the football stadium, which is basically almost just a massive roundabout itself, with a road circling it. The main entrance was totally shut and at 8.30 am ish there wasn’t going to be much chance of getting inside, which was my dream.

Some graffiti celebrating the massive win inflicted on Argentina the year before I visited La Paz. The goals are below on the video link – a 6-1 thrashing!

Once I realised the stadium looked closed and the chance to go in had probably gone, I decided just to do a loop of the whole stadium on the off chance I could somehow get inside. It was almost 9 am, as I walked slow that day due to the high altitude and the need to keep breathing at the normal pace.

But once I rounded the corner, I saw this green door with a lock on it, which looked to be passable. The lock stretched across the two doors, but the inner door was unlocked, A door within a door. So in I went…

It was actually one of those scary moments once inside, but the eagerness and passion I had to actually see this beast of a stadium in the flesh over-rode everything else. I closed the first door behind me – the street behind was quiet and nobody had seen me sneak in. Yes I was trespassing, but I’m a football fan and if I only have a few days in La Paz I want to stand on the pitch and look around the stadium.

Next challenge was through another gate inside, a yellow one – this one also by luck was closed over but not locked so I took my chance and in I went.

And there it was in front of me – I feasted my eyes on this marvel. A well enclosed stadium and now I was standing where Bolivia had bate Argentina 6-1.

There were a few morning joggers there – I gathered they came from the gym which was attached to the main stand in the stadium. Nobody approached me to ask what I was doing and I guess if they had of done I would have just told them how much I love football and how much I wanted to see Bolivia’s famous national stadium.

It felt unreal to be in there and because we were so high up, there was NO NOISE coming from outside. It was like another world. Busy beeping collectivos fly past outside in the mayhem. Inside a pin could drop and you hear it.

Nonchalantly I walked onto the pitch.

I pretended to hit a pelanty into the nets.

The height of La Paz gets even higher than this beyond the football stadium.

The rising suburbs of La Paz go beyond Estadio Hernando Siles, tower blocks similar to this one give La Paz a grey/dull colourful “block appeal”.

Standing on the pitch.

The Northern Ireland flag had to come out as well of course.

Ball boys view of Argentina getting smashed 6-1!

မြန်မာဒုက္ခသည် ခေါ်ယူမှု အမေရိကန် ရပ်နားတော့မည်

မြန်မာဒုက္ခသည်တွေ အမေရိကန်ပြည်ထောင်စု လာရောက်အခြေချနေထိုင်ဖို့ ခေါ်ယူနေတဲ့အစီအစဉ်ကို ရပ်နားတော့မှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ကြာသပတေးနေ့ မနေ့က အတည်ပြု ပြောကြားလိုက်ပါတယ်။

၂ဝဝ၅ ခုနှစ်ကစတင်ခဲ့တဲ့ အဲဒီ ဒုက္ခသည်များ ပြန်လည်အခြေချနေထိုင်ရေး အစီအစဉ်အရ ကရင်တိုင်းရင်းသား အများစုပါဝင်တဲ့ မူရင်းနေရပ် စွန့်ခွါထွက်ပြေးခဲ့ရသူ မြန်မာနိုင်ငံသား ခုနှစ်သောင်းသုံးထောင်ခန့်ကို အမေရိကန် ပြည်ထောင်စုက ခေါ်ယူခဲ့ပြီး ဖြစ်တယ်လို့သိရပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Jen Psaki က ခုလိုခေါ်ယူခဲ့တဲ့ အစီအစဉ်ကြောင့် မြန်မာဒုက္ခသည် အရေအတွက် သိသိသာသာ လျှော့နည်းသွားပြီဖြစ်ကြောင်းနဲ့ အစီအစဉ်အရ အကျုံးဝင်တဲ့ မြန်မာဒုက္ခသည်တချို့ဟာ အမေရိကန်ပြည်ထောင်စုမှာ အမြဲတမ်းလာရောက် အခြေချနေထိုင်ဖို့ စိတ်မဝင်စားကြကြောင်း မနေ့က ပြောကြားခဲ့ပါတယ်။

၁ဝ နှစ်ကျော်ကြာခဲ့ပြီဖြစ်တဲ့ ဒီအစီအစဉ်ကို ပြုမြဲထုံးစံအတိုင်း အဆုံးသတ်တော့မှာဖြစ်ကြောင်း၊ တကယ်လို့ ကျန်ရှိနေသေးတဲ့ မြန်မာ ဒုက္ခသည်တွေထဲက အမေရိကန် ပြည်ထောင်စုမှာ အမြဲတမ်းလာရောက် အခြေချနေထိုင်လိုသူတွေ ရှိနေဦးမယ်ဆိုရင် သူတို့အနေနဲ့ အခုအမြန်ဆုံး လျှောက်ထားကြရမှာဖြစ်ကြောင်းနဲ့ အဲဒီလို လျှောက်ထားသူအားလုံးကို စိစစ်ပြီး အကျုံးဝင်သူတွေကို ခေါ်ယူမှာဖြစ်ကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ရှင်းလင်းပြောကြားပါတယ်။

အီးယူ သံကိုယ်စားလှယ်အဖွဲ့ စစ်တွေမှာ မွတ်စလင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ


ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ EU ဥရောပသမဂ္ဂအဖွဲ့ရုံး သံအမတ်ကြီး Mr. Roland Kobia ဦးဆောင်တဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၇ နိုင်ငံက သံအမတ်ကြီးတွေဟာ ဒီကနေ့ညနေပိုင်းမှာ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်က မွတ်စလင် ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

သံမတ်ကြီးအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်အတွင်းက ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား နှစ်ဘက်စလုံးက ပြောဆိုချက်တွေကို ကိုယ်တိုင်သိရှိလိုတဲ့အတွက် အခုလို လာရောက်တွေ့ဆုံတာဖြစ်ကြောင်း သံအမတ်ကြီးနဲ့အတူ လိုက်ပါသွားသူတွေက ပြောပါတယ်။

အောင်မင်္ဂလာရပ်ကွက်မှာနေထိုင်တဲ့ မွတ်စလင်ရပ်မိရပ်ဖတွေက ဒီနှစ်မတ်လကုန်ခါနီးမှာ အစိုးရကပြုလုပ်မယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံမယ့်အစီအစဉ်မှာ ပူးပေါင်းပါဝင်မယ်လို့ ပြောဆိုခဲ့ကြကြောင်းလည်း သိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ EU ဥရောပသမဂ္ဂအဖွဲ့ရုံး သံအမတ်ကြီး Mr. Roland Kobia ဦးဆောင်တဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၇ နိုင်ငံက သံအမတ်ကြီးတွေဟာ ဇန်န၀ါရီလ ၁၃ ရက်နေ့က အကြမ်းဖက်ပဋိပက္ခတွေဖြစ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းဌာနတွေနဲ့ အဖွဲ့အစည်းတွေက ပြောနေကြတဲ့ မောင်တောမြို့ နယ် ဒုချီးရာတန်းကျေးရွာကိုလည်း မနေ့ကသွားရောက်ခဲ့ပြီး အဲဒီရွာက ရွာသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီသံအဖွဲ့ဟာ မနက်ဖြန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့တွေ့ဆုံပြီး ခရီးစဉ်အတွေ့အကြုံတွေကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရှိ လေကြာင်းလိုင်းများမှ လေယာဉ်များ ရိုးရာအတိုင်း နတ်ပြနေရ ဟု ဆို



မြန်မာနိုင်ငံရှိ လေကြောင်းလိုင်းများ လုံခြုံစိတ်ချရမှုမရှိခြင်း၊ မတော်တဆ ဖြစ်မှုများ များပြားလာခြင်းတို့ကြောင့် လေယာဉ် နတ်ပြရသည့် ထုံးစံတစ်ရပ် ပေါ်ပေါက်လာကြောင်း သိရသည်။

မကြာသေးခင်ကပင် အဲယားပုဂံလေယာဉ်များ မီးလောင်ခြင်း၊ အဲယားပုဂံလေယာဉ်များ မတော်တဆဖြစ်ခြင်း စသည်တို့အရ အဲယားပုဂံလေကြောင်းလိုင်းသည် ကမ္ဘာ့အန္တရာယ်အများဆုံး၊ စိတ်မချရဆုံး လေကြောင်းလိုင်းများစာရင်းတွင် ထိပ်ပိုင်းမှ ပါဝင်လာခဲ့သည်။

လေကြောင်းလိုင်းအသစ်များ အပြိုင်အဆိုင် ဖွင့်လှစ်လျက်ရှိသော်လည်း ခရီးသည်များ လုံခြုံစိတ်ချရမှုအတွက် မြေပြင်လေကြောင်းစစ်ဆေးရေး ပညာရှင်များ တိုးမြှင့်ငှားရမ်း အသုံးပြုလာခဲ့ကြသလို တစ်ဘက်တွင်လည်း ရိုးရား အစဉ်အလာ၊ ယုံကြည်မှုတို့အရ လေယာသ်နတ်ပြခြင်းများလည်း ပြုလုပ်လာခဲ့သည်။

အေရှားဝင်းလေကြောင်းလိုင်းသို့ အသစ်ရောက်ရှိလာခဲ့သော ATR 72-500 XY-AJQ လေယာဉ်အသစ် ရန်ကုန်လေဆိပ်သို့ ယနေ့ ဆိုက်ရောက်လာပြီးနောက် လေယာဉ်အား နတ်ပြခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

"မော်တော်ကားတွေ အသစ် ၀ယ်စီးရင် နတ်ပြရတာတို့ ညောင်ပင်ဦးတိုက်ရတာတို့ ကြားဖူးတယ် မဟုတ်လား။ ဒီလိုပါပဲ လေယာဉ်တစ်စီး အသစ်ရောက်လာရင် ဘေးကင်းလုံခြုံဖို့၊ မတော်တဆ ဆိုတာမျိုးတွေ မဖြစ်စေဖို့ အုန်းပွဲ ငှက်ပျောပွဲနဲ့ နတ်ပြတာ နတ်တင်တာပေါ့ဗျာ။ ထုံးစံသဘောမျိုး ဖြစ်နေပါပြီ။ အဓိကကတော့ ကျွန်တော်တို့ မြန်မာတွေရဲ့ ယုံကြည်မှုပေါ့ဗျာ" ဟု အေရှားဝင်းလေကြောင်းလိုင်းမှ မြေပြင်လုပ်ငန်းတာဝန်ရှိသူ တစ်ဦးက ရှင်းလင်းပြောကြားသည်။

လေယာဉ်များ သက်တမ်းကြာမြင့်နေခြင်းကြောင့် စက်ချို့ယွင်းမှုများ ဖြစ်ပွားခဲ့ လျှင် ခရီးသည်များအတွက် မတွေးဝံ့စရာ ဖြစ်သလို လေကြောင်းလိုင်းနာမည် ပျက် သိက္ခာကျစေမည် ဖြစ်၍ ဘေးကင်းလုံခြုံရေးသည် အထူးပင် အရေးကြီးကြောင်း၊ အပြည်ပြည်ဆိုင်ရာမြို့ပြလေကြောင်းအဖွဲ့မှလည်း လေကြောင်းလိုင်းများ ဘေးကင်းလုံခြုံရေးအတွက် စံချိန်စံညွှန်းများ သတ်မှတ်ထားပြီး ယင်းသတ်မှတ်ချက်များအတိုင်း အတိအကျ လိုက်နာရန် လိုအပ်ကြောင်း သိရှိရသည်။

ပြည်သူ့အာဏာ

ငါးကြီးဆီ၏ ကောင်းကျိုးများ

ငါးကြီးဆီဟာ အစားအသောက် စားချင် စိတ်ကို လှုံ့ဆော်ပေးတဲ့ Appetideကို မြင့်မား စေပါတယ်။ အထူးသဖြင့် ငါးကြီးဆီဟာ အစာအိမ်ထဲ ရောက်တဲ့အခါ red corpuscles လို့ခေါ်တဲ့ သွေးနီဥ တွေကို များလာ စေတယ် ။ အစားအသောက် စားချင်စိတ်ကို မြင့်မားစေပြီး ကိုယ်ခံ အားကို တက်စေတယ်။ သွေးခုန်နှုန်းက သန်စွမ်းပြီး လူကလည်း ကျန်းမာ သန်စွမ်းလို့ အာဟာရ ဓါတ်တွေ ပြည့်ဝစေမှာ ဖြစ်ပါတယ်။

အကယ်၍ ကိုယ်ဝန်ဆောင်သည် တွေနဲ့ နို့တိုက်မိခင် တွေဟာ နေ့စဉ် စားသောက် နေတဲ့ အာဟာရ ဓါတ်တွေ ထဲမှာ ငါးကြီးဆီဓါတ်ကို ဖြည့်လိုက် မယ်ဆိုရင် ကလေးငယ် တွေရဲ့ ဦးနှောက်နဲ့ မျက်ကြည်လွှာကို ပိုမိုဖွံ့ဖြိုးလာ စေတဲ့ အပြင် ဥာဏ်ရည် ပိုင်းကိုလည်း တိုးတက် မြင့်မား စေပါတယ် ။ ငါးကြီးဆီမှာ ပါဝင်တဲ့ ဗီတာမင်ဒီဟာ ကလေးငယ် တွေမှာ ricket လို့ခေါ်တဲ့ ကလေး အရိုးပျော့ ရောဂါ မဖြစ်အောင် ကာကွယ် တားဆီး နိုင်ပါတယ် ။ လေ့လာ စမ်းသပ်မှု တစ်ခုအရ ငါးကြီးဆီ ပေးထားတဲ့ ကလေး ၃၇ ယောက်ကို ၆ လလောက် ပေးကြည့်တဲ့ အခါ ကလေး အရိုးပျော့ ရောဂါ မဖြစ်အောင် ကာကွယ်နိုင်တဲ့ နှုန်းက ၉၂ % ရှိတာ တွေ့ရပါတယ်။

 ရောဂါပိုးမွှား တွေကြောင့် ဖြစ်ပေါ်လာတဲ့ ရောင်ရမ်းခြင်း တွေကို ကာကွယ် ပေးနိုင်ပြီး အဆိပ် အတောက် တွေကို ခုခံ ပေးနိုင်ပါတယ် ။ ကိုယ်ဝန် ဆောင်သည် တွေမှာ ငါးကြီးဆီ သောက်သုံးမယ် ဆိုရင် အသက် လေးနှစ် အရွယ်မှာ ကလေးတွေရဲ့ IQလို့ ခေါ်တဲ့ ဥာဏ်ရည် တိုးတက် လာတာ တွေ့ရပါတယ်။ ကလေးငယ် တွေကို လည်းပေါင်ချိန် တိုးတက် စေပါတယ် ။ ဒါ့အပြင် လေ့လာ စမ်းသပ်မှုတွေ အရလည်း ကင်ဆာ၊ ဆီးချို သွေးချို၊ အရိုးကျိုးခြင်း၊ အရိုးနှင့် ကြွက်သားနာခြင်း၊ သွေးတွင်း အဆီစတာ တွေကိုပါ ကောင်းမွန် စေတယ် ဆိုတာ တွေ့ရပါတယ် ။ Cod Liver Oil နဲ့ Fish Oil ဘာကွာလဲ ငါးကြီးဆီလို့ ခေါ်နေကြပေမယ့် တကယ်တော့ Cod Liver Oil ကပိုပြီး ဗီတာမင်အေ ပမာဏ ဗီတာမင် ဒီပိုများပြီး ကျန်းမာရေးကို ပိုပြီးအထောက် အကူပြု ပါတယ် ။

Credit  : သက်တန့်ချို

ဈေးအ၀ယ်များလို့ တော်သင့်ပြီထင်ရင် လော့ခ်ပိတ်လိုက်မယ့် စမတ်လက်ကိုင်အိတ်


သီဟနိုင် on 2014-01-31 14:51
သင်ဈေးဝယ်ထွက်တာများလို့ တော်သင့်ပြီထင်ရင် လော့ခ်ပိတ်လိုက်မယ့် စမတ်လက်ကိုင်အိတ် ထွက်ရှိလာပါတယ်။ ဒီ စမတ်လက်ကိုင်အိတ်ဟာ သင်အနှစ်သက်ဆုံး စတိုးဆိုင်ထဲကို ခြေလှမ်းလိုက်တာကိုတောင် သိနိုင်စွမ်းရှိပါတယ်။
ရှော့ပင်ထွက်တာကို စွဲလန်းလွန်းပြီး ငွေအရမ်းသုံးတဲ့သူတွေကို ထိန်းချုပ်ပေးမယ့် နည်းပညာမြင့် လက်ကိုင်အိတ်လေးတစ်လုံးပါ။ ဒီအိတ်ကို iBag လို့ခေါ်ပြီး အိတ်ပိုင်ရှင်ရဲ့ ငွေအသုံးနှုန်းကို ခြေရာခံပေးဖို့ စမတ် အာရုံခံကိရိယာ တစ်မျိုး တပ်ဆင်ထားပါတယ်။
စိတ်လွတ်လက်လွတ် ရှော့ပင်ထွက်နေတာမျိုး (ဒါမှမဟုတ်) အကြိုက်နှစ်သက်ဆုံး စတိုးဆိုင်ကို ၀င်မိတာမျိုးတွေကို iBag ကအာရုံခံမိပြီဆိုတာနဲ့ သူ့ဟာသူ လော့ခ်ချပိတ်ပလိုက် နိုင်စွမ်းရှိပါတယ်။
Creditcardfinder.com.au ကကြီးမှူးကျင်းပတဲ့ ဆာဗေးတိုင်းတာမှုတစ်ရပ် ပြီးတဲ့နောက်မှာ ဒီ iBagကို ဖန်တီးထုတ်လုပ်ခဲ့တာပါ။ လူတစ်ယောက်တည်းက အကြွေးဝယ်ကတ် (၄)ကတ်လောက်ကိုင်ဆောင်ထားပြီး လစဉ် အပြည့်ငွေမခြေတဲ့သူတွေကို တွေ့ရှိခဲ့ရတာကြောင့် ဖြစ်ပါတယ်။

အိတ်ထဲမှာ တပ်ဆင်ထားတဲ့ ကွန်ပျူတာအသေးစားလေးကိုသုံးပြီး ထိန်းချုပ်ထားတာပါ။
Credit: Trend Myanmar

ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ဘတ်ဂျက်မျှ သုံးပေးရန် ဝန်ကြီးဌာနများကို တောင်းဆို

နေပြည်တော်၊ ဇန်နဝါရီ ၃၀

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင် ဘဏ္ဍာငွေ တိုးမြှင့်သုံးစွဲမှု မရှိသောကြောင့် အခြားဝန်ကြီးဌာနများမှ ရရှိထားသော ဘဏ္ဍာငွေများကို မျှဝေ သုံးစွဲပေးရန် ဥပဒေကြမ်း ပူးပေါင်း ကော်မတီက တောင်းဆိုလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ လေ့လာ တွေ့ရှိချက်များကို တင်ပြရာတွင် ဥပဒေကြမ်း ပူးပေါင်း ကော်မတီက ယင်းသို့ တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။

အဆိုပါ အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ ဘဏ္ဍာငွေ သတ်မှတ်ချက်များတွင် လူ့စွမ်းအား အရင်းအမြစ် မြှင့်တင်ရန် အဓိက ကဏ္ဍများဖြစ်သော ပညာရေးနှင့် ကျန်းမာရေးအတွက် ထပ်မံတိုးမြှင့်မှု မရှိဘဲ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အတိုင်းသာ ရှိနေသောကြောင့် အခြားဝန်ကြီးဌာနများ အနေနှင့် မျှဝေသုံးစွဲ သင့်ကြောင်း ဥပဒေကြမ်း ပူးပေါင်း ကော်မတီဝင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၀) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်းက ဆိုသည်။
“နိုင်ငံတော်အတွက် အဓိကကျတဲ့ ကဏ္ဍတွေမှာ တိုးမြှင့်မှုမရှိဘဲ ဒီအတိုင်းသာ ရှိနေတာဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ ဝန်ကြီးဌာန ၁၀ ခုလောက်က မျှသုံးလိုက်ရင် အဆင်ပြေမှာပါ” ဟု ၎င်းကဆိုသည်။

ကျောင်းသားနှင့် ဆရာအချိုးမှာ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်တွင် တက်လာစေရန် ဆောင်ရွက်ခြင်း မရှိသဖြင့် အချိုးသိသာစွာ မြင့်လာစေရန် စီမံကိန်းများ၊ လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်ရန်နှင့် ပညာရေး အသုံးစရိတ် လျာထားရာတွင် လိုအပ်ချက် ပြည့်မီသော အစီအစဉ်များကို တိုးမြှင့် သုံးစွဲသင့်ကြောင်း ဥပဒေကြမ်း ပူးပေါင်း ကော်မတီ အစီရင်ခံစာတွင် ပါရှိသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ကျောင်းသားဦးရေ တစ်ထောင်လျှင် မူလတန်းအဆင့်တွင် ဆရာဆရာမ ၃၀ ဦး၊ အလယ်တန်း အဆင့်တွင် ဆရာဆရာမ ၃၄ ဦးနှင့် အထက်အတန်း အဆင့်တွင် ဆရာ ဆရာမ ၂၅ ဦးကိုသာ အသုံးပြုထားကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရသည်။

ထို့ပြင် ဝန်ကြီးဌာန ၃၄ ခုမှ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းတာ စီမံကိန်း ရင်းနှီးမြှုပ်နှံမှုများတွင် ငွေကျပ် ၆၈၅၅ ဒသမ ၇ ဘီလီယံ အသုံးပြုမည် ဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနထံမှ သိရသည်။

The Voice Weekly

ဂွေးသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

သရက်သီးနဲ့ ယှဉ်ရင် ဂွေးသီးက ပိုပြီး အရည် ရွှမ်းသလို ကယ်လိုရီ ပါဝင်မှု ပို လျော့နည်းကာ အမျှင်ဓာတ်ပါဝင်မှု ပိုများပါတယ်။ ဂွေးသီးကို အလွယ်တကူ ဝယ်ယူလို့ ရသလို ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေရှိတာကိုလည်း တွေ့ရပါတယ်။ ဂွေးသီးမှာ ဘယ်လို အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူဖြစ်စေတယ်ဆိုတာ လေ့လာကြည့်ရအောင်.။
(၁) ကယ်လိုရီ ပါဝင်မှု လျော့နည်းခြင်း
ဂွေးသီးဟာ ကယ်လိုရီပါဝင်မှုအ လွန်နည်းပါးတဲ့ သစ်သီးတစ်မျိုးဖြစ်ပါတယ်။ ၁၀ဝ ဂရမ်အလေးချိန်ရှိတဲ့ ဂွေးသီးတွေ မှာ ၂၉ ကယ်လိုရီပဲ ပါဝင်ပါတယ်။ သ ရက်သီး ၁၀ဝ ဂရမ်မှာ ၆၄ ကယ်လိုရီပါ ဝင်တာကြောင့် သရက်သီးနဲ့ယှဉ်ရင် ဂွေး သီးမှာ ကယ်လိုရီ နှစ်ဆနီးပါး လျော့နည်းမှု ရှိပါတယ်။ ဒါကြောင့် ကယ် လိုရီများများ မရရှိဘဲ အစာစားချင်စိတ် ကို ကျေနပ်မှု ရရှိစေကာ ကျန်းမာရေး နဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ရရှိ စေပါတယ်။
(၂) အမျှင်ဓာတ် ပါဝင်မှု မြင့်မားခြင်း
ဂွေးသီးမှာ အမျှင်ဓာတ် များများ ပါ ဝင်ပါတယ်။ဂွေးသီး ၁၀ဝဂရမ်ပမာဏမှာ အမျှင်ဓာတ် ၅ ဒသမ ၇ ဂရမ်ပါဝင်တာ ကြောင့် တစ်နေ့တာ လိုအပ်တဲ့ အမျှင် ဓာတ်ရဲ့ ၂၃ ရာခိုင်နှုန်း ကို ရရှိစေပါတယ်။ ဂွေးသီးမှာပါတဲ့ အမျှင်ဓာတ်ဟာ ဝမ်းမှန် မှန်သွားစေတာ၊အူမကြီးရဲ့ လုပ်ငန်းဆောင် တာကို ကောင်းမွန်စေတာနဲ့ ဝမ်းချုပ်ခြင်း ကင်းစေတာစတဲ့ အကျိုးကျေးဇူး များစွာ ရရှိစေပါတယ်။ အမျှင်ဓာတ်ဟာ အစာ ကြေညက်ခဲတာကြောင့် ဆာလောင်မှုကို ထိန်းချုပ်ထားပါတယ်။ အမျှင်ဓာတ်ပါဝင် မှုမြင့်မားတဲ့ ဂွေးသီးစား တာကြောင့် ဆီးချို သွေးချိုရောဂါနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေ ကို လျော့ကျစေနိုင်ပါတယ်။
(၃) ဗီတာမင်စီ ပါဝင်မှု များခြင်း
ဂွေးသီး တစ်ခွက်စာ ပမာဏမှာ ဗီ တာမင်စီ တစ်နေ့တာလိုအပ်တဲ့ အတိုင်း အတာရဲ့ တစ်ဝက်နီးပါး ပါဝင်ပါတယ်။ ဗီတာမင်စီဟာ ရေမှာပျော်ဝင်တဲ့ ဗီတာ မင်ဖြစ်ပြီး ခန္ဓာကိုယ် လုပ်ငန်း ဆောင်တာ တွေအတွက် လိုအပ်ပါတယ်။ ကော်လာ ဂျင်တည်ဆောက်မှုအတွက် လိုအပ်သ လို အနာကျက်စေပါတယ်။ ဗီတာမင်စီ က အရေးကြီးတဲ့ အင်တီအောက်ဆီးဒင့် တစ်မျိုးဖြစ်ပြီး ဆဲလ်တွေကို ဖရီးရယ်ဒီ ကယ်ကြောင့် ထိခိုက်မှု မဖြစ်အောင် ကာ ကွယ်ပေးကာ နှလုံးရောဂါနဲ့ ကင်ဆာဖြစ် နိုင်ခြေကို လျော့ကျစေပါတယ်။ ဗီတာ မင်စီဟာ ကိုယ်ခံစွမ်းအားစနစ် ကျန်းမာ ရေးအတွက် အရေးပါသလို ခန္ဓာကိုယ် က သံဓာတ် စုပ်ယူနိုင်အောင်လည်း ကူ ညီပါတယ်။
(၄) သံဓာတ် ပါဝင်မှု များခြင်း
ဂွေးသီးမှာ သံဓာတ်ပါဝင်မှု မြင့်မား ပါတယ်။ သံဓာတ်ဟာ ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင်ပို့ဆောင်ရေးအတွက် မရှိ မဖြစ် သတ္တုဓာတ်တစ်မျိုးပါ။ ကမ္ဘာပေါ် မှာ သံဓာတ်ချို့တဲ့တဲ့ သွေးအားနည်းရော ဂါ အဖြစ်များပါတယ်။ ဂွေးသီး ၁၀ဝ ဂ ရမ်မှာ သံဓာတ် ၃ ဒသမ ၂ မီလီဂရမ်ပါ ဝင်တာကြောင့် တစ်နေ့တာ လိုအပ်တဲ့ သံဓာတ်ပမာဏရဲ့ ၁၈ ရာခိုင်နှုန်းကို ရရှိ စေပါတယ်။
(၅) ကယ်လ်စီယမ် ပါဝင်ခြင်း
ဂွေးသီး ၁၀ဝ ဂရမ်မှာ ကယ်လ်စီ ယမ် ၃၂ မီလီဂရမ်ပါဝင်တာကြောင့် တစ် နေ့တာ လိုအပ်တဲ့ ပမာဏရဲ့ သုံးရာခိုင် နှုန်းကို ရရှိစေပါတယ်။ ကယ်လ်စီယမ် ဟာ အရိုးတွေ ကို သန်စွမ်းကျန်းမာစေတဲ့ သတ္တုဓာတ်တစ်မျိုးပါ။ ပုံမှန်ကြွက်သား လုပ်ငန်းတွေနဲ့ နာ့ဗ်သယ်ယူပို့ဆောင်ရေး အတွက် ကယ်လ်စီယမ် အလုံအလောက် မှီဝဲဖို့ လိုအပ်နေပါတယ်။
ကြယ်စင်

တယ်လီနော်နှင့် အူရီဒူးကုမ္ပဏီများ နိုင်ငံလုံးဆိုင်ရာ ဆက်သွယ်ရေးလိုင်စင် ရရှိပြီဖြစ်သဖြင့် လာမည့် ရှစ်လအတွင်း ကျပ် ၁၅၀၀ ခန့်ဖြင့် ဆင်းမ်ကတ်များ သုံးစွဲနိုင်တော့မည်

ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများဖြစ်သည့် တယ်လီနော်နှင့် အူရီဒူးကုမ္ပဏီများက မြန်မာနိုင်ငံလုံးဆိုင်ရာ ဆက်သွယ်ရေးလိုင်စင် ရရှိပြီဖြစ်သဖြင့် လာမည့် ရှစ်လအတွင်း မြန်မာနိုင်ငံတွင် ပြည်ပကုမ္ပဏီများ၏ ကျပ် ၁၅ဝဝ ဝန်းကျင်ခန့် တန်ဖိုးရှိ ဆင်းမ်ကတ်များကို စိတ်ကြိုက်ဝယ်ယူ သုံးစွဲနိုင်တော့မည် ဖြစ်သည်။
တယ်လီနော်နှင့် အူရီဒူးကုမ္ပဏီက ဇန်နဝါရီ ၃ဝ ရက်တွင် နေပြည်တော်၌ ပြည်ထောင်စု အစိုးရနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆက်သွယ်ရေး လိုင်စင်ကို လက်မှတ်ထိုး လိုက်ပြီဖြစ်သည်။
လိုင်စင်ကြေးမှာ ဒေါ်လာသန်း ၅ဝဝ ဖြစ်ကြောင်း သိရသည်။
နိုင်ငံလုံးဆိုင်ရာ ဆက်သွယ်ရေး လိုင်စင်တွင် 900 MHz နှင့် 2.1 GHz ရှိ လှိုင်း များပါဝင်ပြီး ၁၅ နှစ်ကြာ လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်သည်။
Telenor Group ၏ ဥက္ကဋ္ဌနှင့် အမှုဆောင် အရာရှိချုပ်ဖြစ်သော မစ္စတာဂျွန်ဖရက်ဒရစ် ဘက်ဆားက “ မြန်မာပြည်သူတွေက ကမ္ဘာ့ထိပ်တန်း ဆက်သွယ်ရေး ဝန်ဆောင်မှုတွေ သုံးစွဲဖို့ အဆင်သင့် ဖြစ်နေသလို တယ်လီနော်ကလည်း ဒီလိုဝန်ဆောင်မှုတွေပေးဖို့ အဆင်သင့် ဖြစ်နေပါပြီ”ဟု ပြောကြားသည်။
တယ်လီနော် ကုမ္ပဏီသည် HSPA နှင့် LTE-ready နည်းပညာများကို အသုံးပြု၍ မိုဘိုင်းကွန်ရက်များကို တည်ဆောက် သွားမည်ဖြစ်ပြီး ငါးနှစ်အတွင်း မြန်မာနိုင်ငံ လူဦးရေ၏ ရာခိုင်နှုန်း ၉ဝ ကို ဖြန့်ကြက်သွားမည်ဟု ဆိုသည်။
တယ်လီနော်၏ ကနဦး ဝန်ဆောင်မှုအဖြစ် ဖုန်းဆက်သွယ်ခြင်းနှင့် အင်တာနက် အသုံးပြုခြင်းတို့ကို 2G နှင့် 3G ကွန်ရက်များပေါ်တွင် စတင်ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ပြီး ဖုန်းခေါ်ဆိုမှု အရည်အသွေးနှင့် အင်တာနက်မြန်နှုန်း မြင့်စေရန် အာမခံပေးထားသည်။
တယ်လီနော်သည် ဆက်သွယ်ရေး လိုင်စင်ရရှိအပြီး သုံးနှစ်တွင် အတိုး၊ အခွန်နှင့် အခြားကုန်ကျ စရိတ်များ မနုတ်ရသေးမီ ဝင်ငွေအရင်းကျေရန် မျှော်မှန်းထားပြီး လိုင်စင်ကြေးနှင့် အရင်းမကျေမီအထိ လုပ်ငန်းကုန်ကျစရိတ်များ ပေါင်းထားသည့် အများဆုံး အသုံးစရိတ်မှာ ဒေါ်လာတစ်ဘီလျံ ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
အူရီဒူး ကုမ္ပဏီက မြန်မာနိုင်ငံသားများ လာမည့်ခြောက်လအတွင်း ကောင်းမွန်သော မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုများ ရရှိစေမည် ဖြစ်ကြောင်း ကတိပြု ပြောကြားသည်။ စတင်ဝန်ဆောင်မှု ပေးစဉ်တွင် အဓိကမြို့ကြီးများတွင် စတင်ပေးအပ် သွားမည်ဖြစ်ပြီး ကျေးလက်ဒေသများသို့လည်း အလျင်အမြန် ဆက်လက်ဝန်ဆောင်မှု ပေးသွားမည်ဟု အူရီဒူးက ဆိုသည်။
မကြာခင်လပိုင်း အတွင်းက အူရီဒူုး ကုမ္ပဏီက 3G ကွန်ရက်များကို စတင်ထူထောင်နေပြီဖြစ်ပြီး လာမည့်နှစ်များတွင် 4G ကွန်ရက်ပါ ရရှိစေရန် အဆင့်မြှင့် လုပ်ဆောင်သွားမည်ဟု သိရသည်။
လက်ရှိအချိန်တွင် အဆိုပါ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများက ၎င်းတို့၏ ဆင်းမ်ကတ်များမှ ဖုန်းခေါ်ဆိုခကို ၂၅ ကျပ် သတ်မှတ်ထားကြောင်း ယခင်သတင်း ထုတ်ပြန်ချက်များအရ သိရသည်။
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလိုင်စင် လျှောက်ထားမှုသည် စံချိန်တင် မြင့်မားခဲ့ပြီး ကုမ္ပဏီပေါင်း ၉၁ ခုက လျှောက်ထားရန် စိတ်ပါဝင်စားမှုကို ဖော်ပြခဲ့သည်။
လျှောက်ထားရန် အရည်အချင်း ပြည့်မီသည့် ကုမ္ပဏီများထဲမှ နော်ဝေနိုင်ငံ အခြေစိုက် တယ်လီနော် ကုမ္ပဏီနှင့် ကာတာနိုင်ငံ အခြေစိုက် အော်ရီဒူး ကုမ္ပဏီတို့ကို ၂ဝ၁၃ ခုနှစ် ဇွန်လ ၂၇ ရက်က လိုင်စင်ပေးရန် ရွေးချယ်ခဲ့ခြင်းဖြစ်ကာ ၂ဝ၁၃ ဇန်နဝါရီ ၃ဝ တွင် နိုင်ငံလုံးဆိုင်ရာ ဆက်သွယ်ရေး လိုင်စင်ကို သသောတူ လက်မှတ်ရေးထိုးကာ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
(ဆက်သွယ်ရေး ၀န်ကြီးက တယ်လီနော် စီအီးအိုထံ လက်မှတ်ရေးထိုးထားသည့် လိုင်စင်ပေးအပ်နေစဉ် (ဓါတ်ပုံ-တယ်လီနော်))

Credit: Myanmarmobile app

အမျိုးသမီးတွေကိုတွေ့ရင် ဘာကိုအရင်ဆုံးကြည့်တတ်ကြလဲ


          အမျိုးသားတွေ တစ်ဦးနဲ့တစ်ဦးအသွင်အပြင် စရိုက်လက္ခဏာတွေ မတူကြပေမယ့် တူတဲ့နေရာ တစ်ခုတော့ရှိတယ်နော်။ အဲဒါကတော့ အမျိုးသမီးတွေကို တွေ့လိုက်ရင် ဘယ်အရာတွေကို သတိထားကြည့် မလဲဆိုတာပါပဲ။ ရင်ဘတ်တွေကိုတော့ သတိမထားမိလိုက်ပါဘူးကွာလို့ပြောရင် အဲဒီလူ ညာနေပါပြီ။
အမျိုးသမီးတစ်ယောက် အပေါ် အမျိုးသားတိုင်း သတိထားမိတတ်တဲ့ အရာ (၈)မျိုးရှိပါတယ်။
(၁)     ဆံပင်

မိန်းကလေးတစ်ယောက်ရဲ့ ဆံပင်ပုံစံဟာ သူမကိုယ်သူမ ဘယ်လိုထိန်းသိမ်းထားလဲဆိုတာနဲ့ အများကြီးသက်ဆိုင်ပါတယ်။ တကယ်လို့များ သူမဟာ ဆံပင်ကို အလွန်မွမ်းမံထားပြီး ဆန်းပြားတဲ့ ဖက်ရှင်မျိုးနဲ့ဆိုရင်တော့ သူမဟာ ဆံပင်ကိုအတော်လေး ပြုပြင်ထိန်းသိမ်းလေ့ရှိသူလို့ သိနိုင်ပါတယ်။
(၂)     ကိုယ်ဟန်သွင်ပြင်

သူမရဲ့ ခန္ဓာကိုယ်အနေအထားလောက် သူမကို အကဲဖြတ်နိုင်စွမ်းရှိတာ မရှိပါဘူး။ သူမရဲ့ ခန္ဓာကိုယ် သွင်ပြင် အနေအထား တည်ဆောက်ပုံတွေကို ကြည့်ပြီး ကိုယ့်ကိုယ်ကို ဘယ်လောက် ယုံကြည်မှုရှိတယ် ၊ မရှိဘူး စသဖြင့် အကဲဖြတ်ကြည့်လို့ရပါတယ်။
(၃)     နှုတ်ခမ်း

ဟုတ်တာပေါ့။ အမျိုးသားတွေကို ပထမဆုံးဆွဲဆောင်နိုင်တဲ့ အရာတစ်ခုက နှုတ်ခမ်းပါပဲ။
(၄)     အပြုံး

လှပတဲ့အပြုံးတစ်ခုဟာ အမျိုးသားတွေအတွက် များစွာအဓိပ္ပါယ်ရှိပြီး ဒါကိုသူတို့လည်း သိကြပါတယ်။ ဒါကြောင့်ပဲ မိန်းကလေးတွေကိုတွေ့တဲ့အခါ အပြုံးတွေကို ဂရုတစိုက် ဖတ်မိတတ်တာပေါ့။
(၅)     ဖိနပ်တွေ

ဒီခေါင်းစဉ်ကို မြင်လိုက်ရတဲ့ တချို့သောအမျိုးသမီးတွေက ဖြစ်နိုင်ပါ့မလားလို့ မယုံချင်တတ်ကြဘူး။ ဒါပေမယ့် အမျိုးသားတွေဟာ တကယ်ပဲ ရှူးတွေကို သတိပြုမိတတ်ကြပါတယ်။ အမျိုးသမီးတွေ heels ၀တ်တာက သူတို့တွေအတွက် တကယ်ပဲ sexy ကျပါတယ်။
(၆)     မျက်လုံး

ရုတ်တရက် လှမ်းကြည့်လိုက်တဲ့ ခပ်စူးစူးအကြည့်တွေ ၊ ဒါမှမဟုတ် မြူဆွယ်လိုတဲ့ မျက်လွှာချဟန်တွေ ဒါတွေအားလုံး လုပ်နိုင်တဲ့ မျက်ဝန်းတစ်စုံဟာ အမျိုးသားတွေအတွက် အန္တရာယ်အကြီးဆုံးပါ။ ဒါကြောင့် သူတို့က မျက်လုံးတွေကိုလဲ သတိထားကြပါသေးသတဲ့။
(၇)     နေပုံထိုင်ပုံ

နေပုံထိုင်ပုံဆိုလို့ ဒီခေတ်ကြီးအတွက် ရှေးတုန်းကလို အိနြေ္ဒကြီးတစ်ခွဲသားကို မဆိုလိုပါဘူး။ သူမရဲ့ ပြောပုံဆိုပုံ ၊ အနေအထိုင်တွေနဲ့ အပြုအမူတွေအားလုံးဟာ သူမရဲ့ အဆင့်အတန်းကို ဖော်ပြနေပါတယ်။ ဒါကြောင့် အမျိုးသားတွေက ဒါမျိုးကိုလည်း လက်မလွတ်စတမ်း အကဲခတ်ကြပါသေးတယ်။
(၈)     ရင်သားများ

ဝန်ခံလိုက်ပါ ။ အမျိုးသားတွေအားလုံး ဒါကိုတော့ မလွဲမသွေ သတိပြုမိကြမှာပါ။ သိသိသာသာကြီး မဟုတ်တောင် ဖျတ်ခနဲလောက်တော့ အကဲခတ်တတ်ကြပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ သူတို့ ကြိုက်သလို ယူဆကြမှာပေါ့။
Ref:mensxp
Credit: Trend Myanmar

ရုပ်ရှင်ကားကြီးမှာ ပထမဆုံး သိုက်နန်းရှင်ဇာတ်ရုပ်နဲ့ သရုပ်ဆောင်သွားမယ့် မိုးယုစံ

ရုပ်ရှင်ကားကြီးမှာ ပထမဆုံး သိုက်နန်းရှင်ဇာတ်ရုပ်နဲ့ သရုပ်ဆောင်သွားမယ့် မိုးယုစံ" ကျွန်တော့် ရည်းစားဘုရားမှာ နေသည် " ရုပ်ရှင်ကားကြီးမှာ သိုက် နန်းရှင်နဲ့ ရွာသူ အသွင်မတူတဲ့ ပုံစံ နှစ်မျိုးနဲ့ တမူထူးခြားစွာ ပါဝင်သရုပ် ဆောင်သွားမယ့် မိုးယုစံက " အချစ် ပုံစံမျိုး၊ အလွမ်းပုံစံမျိုး မဟုတ်ဘဲနဲ့ မြန်မာ့ ယဉ်ကျေးမှုကို ဖော်ညွှန်းပြသမယ့် ရုပ်ရှင် ကားကြီးမှာ ပါဝင်သရုပ် ဆောင်ခွင့်ရတဲ့ အတွက် အရမ်းဝမ်း သာပါတယ်။ သိုက်နန်းရှင် ပုံစံမျိုးနဲ့ ဗီဒီယိုတ စ်ကားတော့ ရိုက်ဖူးတယ်။ ဒါ ပေမဲ့ ပြည့်ပြည့်စုံစုံကြီးတော့ မဟုတ် ပါဘူး။
ပြီးတော့ ဒီကားထဲမှာ သရုပ် ဆောင်တွေက လူငယ်တွေဖြစ်တဲ့ အတွက် ကိုယ့်အတွက် ဖိအားပိုများ လားဆိုတဲ့အပေါ် ညီမအတွက် ဖိ အားမရှိပါဘူး။ သူ့ကာရိုက်တာ၊ ကိုယ့်ကာရိုက်တာ သပ်သပ်စီဆို တော့ အဆင်ပြေ ပါတယ်။ ပါဝင်တဲ့ သရုပ်ဆောင်တွေက လူငယ်တွေ ဖြစ်တဲ့အတွက် ကိုယ့်အတွက် ပိုပြီး လွတ်လပ်တယ်လို့ ထင်တယ်။ ပျော် လည်းပျော်တယ်။
နောက်ပြီး ရုပ်ရှင် နဲ့ ဗီဒီယိုကားတွေမှာ မင်းသား၊ မင်း သမီး နည်းတာနဲ့များတာ ဘာကွာ လဲဆိုတော့ နည်းတာက ပိုပြီးဖိအား များတယ်။ သရုပ်ဆောင်ပိုင်းမှာ အ များကြီးပိုပြီးကြိုးစား ရတယ်။ ပြီး တော့ နံပါတ်တစ် အရေးကြီးဆုံးက ဒါရိုက်တာပဲ။ ဒါရိုက်တာက အား လုံးမျှသွားအောင် သရုပ်ဆောင်ပိုင်း ကအစ အကုန်လုံးညှိပြီးသင်ပေးမှာ ပဲလေ။ တစ်ယောက်တည်းတော်ပြီး ကျန်တဲ့လူတွေမလိုက်နိုင်အောင် လုပ်မှာတော့မဟုတ်ပါဘူး။ မင်းသား၊ မင်းသမီးများတဲ့အတွက် ကိုယ့်ရဲ့လုပ် ပိုင်ခွင့်လျော့သွားတာမျိုးရော ကြုံဖူးလား ဆိုတော့ မရှိပါဘူး။
အခုနောက်ပိုင်း နားလည်လာတဲ့ အချိန် ရိုက်တဲ့ ကားတွေမှာ မရှိပါဘူး။ ကိုယ့်အတွက်ဘက်မညီ တဲ့ ကားမျိုးဆိုလည်း မရိုက်ပါဘူး။ အဲဒီလိုမျိုးဇာတ်တွေလည်း မလာပါ ဘူး။ ဒါပေမဲ့ နားမလည်တဲ့ အချိန် မှာ ရှိခဲ့ဖူးလားဆိုတော့ ရှိခဲ့ဖူးပါ တယ်။ နားမလည်တဲ့အချိန်မှာ ဘယ်သူမဆို လုပ်ခဲ့မိမှာပဲ။

ဝါးတဲ အိမ်လေးတစ်လုံး ဆောက်ချင်တယ်

Written by  ဇော်ဇော်ထွေး

လှိုင်သာယာမြို့နယ် ရန်ကုန် -ပုသိမ် ကားလမ်းမဘေးရှိ ကားမှတ်တိုင် နားနေဆောင်များက ပြိုပျက်စပြု နေသည်။ ကားလမ်းမဘေးတစ်လျှောက်တွင် ဤသို့ သံတိုင်၊သွပ်မိုး၊ အုတ်ခုံ သမံတလင်းဖြင့် အခိုင်အမာ ဆောက်လုပ်ထားသော မှတ်တိုင်နားနေဆောင်များ အများအပြားရှိသော်လည်း ယခုအခါမူ အသုံးပြုခြင်း မရှိတော့ချေ။
အဆင့်မြင့် ကားမှတ်တိုင်အနီးက နားနေဆောင်ဟောင်း တစ်ခုမှာတော့ အမျိုးသမီးကြီးတစ်ဦး ငုတ်တုတ် ထိုင်ခါစ ကလေးငယ်လေးကို ထမင်းခွံ့နေသည်။ အနောက်ဘက်မှာ ထိုးနေသောကျနေကိုတော့ သံတိုင် နှစ်ခုကြား ကန့်လန့်ဖြတ် သွယ်တန်းထားသောကြိုးတွင် စောင်များ၊ ခြင်ထောင်များ ဖြန့်လှန်းထားခြင်းဖြင့် အကာအကွယ် ယူထားသည်။ အောက်ခံကြမ်းပြင်တွင် ဟောင်းနွမ်းဆွေးမြည့်၍ ညစ်ထေးနေသော ပိုက် ဖျာဟောင်းကို ခင်းထားပြီး အနီးတွင်တော့ အင်္ကျီအ၀တ်ထုတ်အချို့၊ ရေခွက်နှင့် အချိုရေဘူးခွံများက ဟို တစ်စ ဒီတစ်စ ချထားသည်။
ထိုနေရာလေးသို့ ၀င်ရောက်လိုက်သည်နှင့် အချိန်အတော်ကြာကြာ မလျှော်မဖွပ်သည့် စောင်များ၊ ခြင် ထောင်များဆီက အနံ့စူးစူးများက နှာခေါင်းဆီသို့ ပြေးဝင်လာသည်။ အကာအရံမရှိသည့် သည်နားနေ ဆောင်ဟောင်းသည် လူမမည် ကလေး သုံးဦးပါဝင်သည့် မိသားစုတစ်ခု၏ အိမ်ဂေဟာပင် ဖြစ်သည်။ လသားကလေးငယ်အား ထမင်းခွံ့နေသည့် သမီးကြီးမှာ မခင်မျိုးဦးဆိုသူဖြစ်ပြီး အမယ်အိုတစ်ဦးပုံစံ ပေါက်နေသည့်တိုင် အမှန်စင်စစ် သူ့ အသက်မှာ ၄၆ နှစ်သာ ရှိသေးသည်။
ယခင်က မခင်မျိုးဦးတစ်ယောက် ရှစ်လရှိသားငယ်ကို ချီပိုးပြီး ခုနစ်နှစ်နှင့် လေးနှစ်ရှိ သမီးငယ်နှစ်ဦးနှင့် အတူ ညဘက်ဆိုင်ပိတ်သိမ်းသည့် ကွမ်းယာဆိုင်များ၊ ဈေးဆိုင်ခုံများတွင် လိုက်လံ အိပ်စက်ခဲ့ရသည်။ ထို့နောက် ကလေးငယ်များနှင့် သူ့မိသားစုမှာ မှတ်တိုင်ရှိ စိတ်မနှံ့သည့် အမျိုးသမီးကြီး၏ ကောင်းမှု ကြောင့် ဤ နားနေဆောင်၏ တစ်ဝက်တွင် နေထိုင်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။
မနက်စာနှင့် နေ့လယ်စာကို အောင်မြေသာယာဘုရားက သုံးထပ်ကြီး ဘုန်းကြီးကျောင်းမှာ သွားတန်းစီ ပြီး စားခဲ့ရသည့် သူတို့မိသားစု ဒီမှတ်တိုင်နားနေဆောင်တွင် နေထိုင်လာသည်မှာ နှစ်လပင် ရှိသွားပြီ ဖြစ်သည်။
“ကလေးတွေနဲ့ ထွက်လာတုန်းကတော့ မနက် လေးနာရီဆို ဘုန်းကြီးကျောင်းမှာ သွားတန်းစီတယ်။ မနက်စာ အဆာပြေစားရတာပေါ့။ ဘုန်းကြီးကျောင်းက နေ့လည် ၁၁ နာရီမှာ နေ့လယ်စာလည်း ဝေပေး တယ်။ ညစာကတော့ ဖြစ်သလိုပဲ” လို့ မခင်မျိုးဦးက ဒူးနှစ်ချောင်းထောင် ဆောင့်ဆောင့်ထိုင်ပြီး ကလေး ငယ်အား ထမင်းလုတ်ခွံ့နေရင်း ပြောပြသည်။
“အရင်နေ့ဘက်ဆိုရင် အောင်မြေသာယာဘုရားမှာ သွားထိုင်နေကြတယ်။ ညဘက်ဆိုရင်တော့ ဒီရပ် ကွက်တွေထဲက ကွမ်းယာဆိုင်တွေ၊ ဈေးဆိုင်တွေ ပိတ်ချိန်ကို စောင့်ပြီး ဆိုင်လွတ်တွေမှာ သွားအိပ်ကြ တာ၊ ဒီလိုပဲ လျှောက်သွားပြီး တွေ့တဲ့နေရာ ကြုံသလိုအိပ်ခဲ့တာ။”
မခင်မျိုးဦးတို့ မိသားစု မှော်ဘီဖားအင်တောင်တွင် “၀ဥ”တူးခဲ့စဉ်က နေထိုင်စရာပင်မက ၀င်ငွေပါအတော် အသင့်ရရှိခဲ့သည်။
ထို့နောက် နောက်ဆုံး သားယောက်ျားလေး မွေးဖွားရန် ရှိလာတော့ လှိုင်သာယာ အမှတ်(၆)ရပ်ကွက်ရှိ ယောက်ျားဖြစ်သူ မိဘများအိမ်တွင် လာရောက်နေထိုင်ခဲ့ရသည်။ကလေးမီးဖွားပြီး ငါးလအကြာတွင်တော့ ၀င်ငွေမရှိသည့် သူတို့မိသားစုကို ယောက္ခမများက ငြိုငြင်လာကြသည်။
နောက်ပိုင်းတွင် ယောက္ခမ အသိုင်းအ၀ိုင်းကသာမက လင်သားဖြစ်သူကပါ ငြိုငြင်လာသောအခါ မခင်မျိုး ဦးမှာ ကလေးသုံးယောက်နှင့်အတူ ယောက္ခမ အိမ်ကပါ ထပ်မံဆင်းခဲ့ခြင်းဖြစ်သည်။ ဒီလိုနှင့်မခင်မျိုးဦးနှင့် ကလေးသုံး ယောက်တို့ လမ်းပေါ်ရောက်လာကြသည်။ နေစရာအိမ်မဲ့သွားသော သူတို့မိသားစုသည် သူ လို အခြားသောလမ်းပေါ်က မိသားစုများနည်းတူ လမ်းဘေးဇရပ်များ၊ မှတ်တိုင်ဟောင်းများတွင် ယာယီ အခြေချ နေထိုင်လာခဲ့ကြရသည်။
၃၄ နှစ်အရွယ် လင်သားဖြစ်သူက သူတို့မိသားစုနောက် လိုက်လာခဲ့ပြီးသည့် နောက်တွင်မတော့ မခင်မျိုး ဦးတို့ မိသားစု ဘုန်းကြီးကျောင်းမှာ ထမင်းစားဖို့ တန်းစီစရာ မလိုတော့ပေ။ အ၀တ်တစ်ထည် ကိုယ်တစ် ခုနှင့် ကလေးအ၀တ်ထုပ်သာ ပါခဲ့သည့် သူမတို့မိသားစု အမျိုးသားက စောင်၊ ခြင်ထောင်များ ယူလာ သည့်အတွက် ယခုနှစ်ဆောင်းအအေးဒဏ်ကို အတော်အသင့် အံတုနိုင်ခဲ့သည်။
“ကျွန်မတို့ ဆင်းလာတုန်းက ဘာမှကို မပါဘူး။ သူ့အဖေ(ယောက်ျားဖြစ်သူ) ရောက်လာမှ အင်္ကျီတို့၊ စောင်တို့ပါလာတာ။ အရင်ကတော့ အရူးမကြီးဆီက စောင်တွေ ငှားခြုံရတာပေါ့” ဟု ညစ်ထေး နေသည့် အင်္ကျီကိုယ်စီဝတ်ထားပြီး ခန္ဓာကိုယ်နှင့် ခြေလက်မျက်နှာတွင် ညစ်ပေသည့် သမီးအကြီးဖြစ်သူနှစ်ဦးကို လှည့်ကြည့်နေရာက ဆိုလိုက်သည်။
သောက်ရေကို ကွမ်းယာဆိုင်တစ်ဆိုင်မှ နေ့စဉ်ယူဆောင် ရရှိနိုင်သော်လည်း သုံးရေကို အနီးရပ်ကွက် ရေတုံကင်မှ ရရှိရေး ခုနစ်နှစ်သမီးကြီးကို နေ့စဉ်မခိုင်းရက်သဖြင့် တစ်မိသားစုလုံး ရေမချိုးရသည့် ရက်က များသည်။
ယင်းတို့ မိသားစုကို လမ်းသွားလမ်းလာများ၊ ဖြတ်သွားဖြတ်လာ သူဌေးများက ငွေကြေးအချို့နှင့်ကလေး ငယ်လေးများအတွက် အ၀တ်အစားအချို့ကို ပေးကမ်းသွားလေ့ရှိသည်။
လင်ယောက်ျားဖြစ်သူ ရောက်ရှိလာသော်လည်း အလုပ်က ရတစ်နေ့ မရ တစ်နေ့ဆိုသည့်အတွက် မခင် မျိုးဦးမိသားစု ထမင်းနပ်မမှန်သော နေ့ရက်များကို ဖြတ်သန်းရဖူးသည်။
“ထမင်းမစားရတဲ့နေ့တွေ ရှိတာပေါ့။ ဒါပေမဲ့ အငယ်ဆုံးကလေးကတော့ စားရပါတယ်”ဟု ပြောသည့် အချိန်မှာတော့ သမီးကြီးနှစ်ဦးက မိသားစုအတွက် တစ်ခုတည်းသော စတီးဇလုံထဲက အရွက်ကြော်များ ဖြင့် နိုင်းချင်းနယ်ထားသည့် ထမင်းကို ပလုပ်ပလောင်း စားနေကြသည်။
ယောက္ခမအိမ်ရှိစဉ်ကပင် ပိုင်ဆိုင်သည့် အိုးခွက်များကို ပေါင်နှံခဲ့ရပြီး လမ်းဘေးထွက်လာချိန်မှာတော့ ပေါင်နှံထားသည့် ပြေစာဘောက်ချာများကိုပင် ထပ်မံရောင်းစားခဲ့ရသည်။
လက်ရှိမှာတော့ ယောက်ျားဖြစ်သူ အုံနာကြေးတစ်နေ့ ၇၀၀ တန် ဆိုက်ကား လေးရလာတော့ ယင်းတို့ မိသားစု မပိုသော်လည်း ထမင်းလေးကိုတော့ နပ်မှန်အောင် ၀ယ်စားနေနိုင်သည်။ တစ်ရာတန် ထမင်းငါး ထုပ်နှင့် ဟင်းသီးဟင်းရွက်ကြော် ၂၀၀ ဖိုးက ယင်းတို့မိသားစုအတွက် မနက် နေ့လယ်စာ လုံလောက် သည်ဟု ဆိုရမည်။
“ယောက်ျားက မနက်ပိုင်းတော့ နှစ်ရာ၊ သုံးရာ ပေးတယ်။ အဆာပြေ၀ယ် စားလို့ ရတာပေါ့၊ နေ့ခင်းပိုင်း ဆိုရင်တော့ အများဆုံး ၇၀၀ ပေးဖူးတယ်။ ညဘက်ဆိုရင်တော့ သူပြန်လာတဲ့အချိန် ၀ယ်လာရင်လည်း စားရတယ်။ မ၀ယ်လာရင် ကလေးတွေ အိပ်ပျော်နေတော့ ညစာက မစားဖြစ်တော့ဘူး” ဟု မခင်မျိုးဦးက ပြန်လည်ပြောပြသည်။
လွန်ခဲ့တဲ့ တစ်လလောက်က စ၍ ရင်ကျပ်ပြီး မောမောလာသည်ဆိုသည့် မခင်မျိုးဦးက သမီးကြီးဖြစ်သူ ကိုတော့ ဘုန်းကြီးကျောင်းမှာ အတန်းပညာသင်ပေးရန် စာရင်းပေးထားသည်ဟု ဆိုသည်။
လေးနှစ်အရွယ် သမီးအငယ်မကို ထမင်းခွံ့ကျွေးနေသည့် သမီးကြီးဖြစ်သူကို ကြည့်နေရာမှ “အသက်က ခုနစ်နှစ်ရှိနေပြီ။ ကျောင်းမထားရသေးဘူး၊ မနှစ်က ဘုန်းကြီးကျောင်းမှာ သွားထားတော့ လူပြည့် သွားလို့ မတက်လိုက်ရဘူး၊ နောက်နှစ် အတွက်တော့ ကြိုပြီး စာရင်းပေးထားတယ်။”
လှိုင်သာယာမြို့နယ်ရှိ ပရဟိတဂေဟာများ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများကတော့ မခင်မျိုး ဦးတို့နည်းတူ မြို့နယ်အတွင်းရှိ မရှိဆင်းရဲသူ သားသမီးများအတွက် အဓိကအားထားရာ နေရာဖြစ်သည်။
သမီးငယ် နှစ်ဦးကို ယောက္ခမအိမ်ပြန် ပို့ပြီး သားငယ်လေးနှင့်အတူ သူငယ်ချင်းများဖြင့် လိုက်နေပြီး အလုပ်လုပ်ချင်သော်လည်း လွန်ခဲ့သည့် တစ်လက စတင် ခံစားလာရသော ရင်ကျပ်မောဟိုက်နေသည့် ဝေဒနာကြောင့် လက်လျှော့ထားရသည်။
လမ်းဘေးတစ်နေရာတွင် တဲလေးထိုးနေမည်ဟု စိတ်ကူးထားသည့် မခင်မျိုးဦး တစ်ယောက် ကာရံစရာ တာလပတ်စများ၊ မိုးကာစများကို အရူးမကြီးဆီကတစ်ဆင့် ၀ယ်ထားသည်ဟုဆိုပြီး ဘေးတွင်ခေါက်၍ ကြိုးစည်းထားသော ပီနံအိတ်ခွံကို လက်ညှိုးထိုးပြသည်။ သို့သော်လည်း တဲထိုးဖို့ ၀ါးလုံးကိုတော့ တက် နိုင်သလောက် တစ်လုံးချင်း ၀ယ်စုပေးထားရန် ယောက်ျား ဖြစ်သူကို တိုက်တွန်းနေရသေးသည်ဟုဆို သည်။
လွန်ခဲ့သည့်နှစ်အနည်းငယ်မှစ၍ နယ်မှ လာရောက်အခြေချနေထိုင်သူများကြောင့် လှိုင်သာယာတွင် လူဦးရေ ရုတ်တရက်မြင့်တက်လာခဲ့သည်။ ထို့ကြောင့် သာမန် အတော်အသင့် ၀င်ငွေရှိသူများပင် အိုးပိုင် အိမ်ပိုင်ဝယ်ယူပြီး နေနိုင်ရန်မှာ မလွယ်ကူလှပေ။ ငွေကျပ်သိန်း ဆယ်ဂဏန်းသာရှိသည့် လူနေမြေကွက် များ လပိုင်းအတွင်း နှစ်ပိုင်းအတွင်းမှာပင် သိန်းရာချီမြင့်တက်သွားခဲ့သည်။ ထို့ကြောင့်ပင် ၁၀ ပေပတ် လည်မျှပင် မပြည့်တော့သည့် အဆောင်ခန်းတစ်ခန်းပင်လျှင် အဆောင်ခက နှစ်သောင်း၊ သုံးသောင်းမှ သုံးသောင်းခွဲအထိရှိနေပြီး လူလေးဦးခန့် ၀င်အိပ်နိုင်ရုံအနေအထားသာ ရှိသည်။ ထို့ပြင် လစဉ် အဆောင် ခမတတ်နိုင်သူများအတွက် နေ့စဉ် ၇၀၀ ကျပ်မှ ၈၀၀၊ ၉၀၀ ပေးသွင်း၍ နေထိုင်နိုင်သော အဆောင်များ ပင် ပေါ်ပေါက်လာရသည်။
လစဉ်ပေးသွင်းရသော အဆောင်လခ မှာ ၃၅၀၀ ခန့်အထိ မြင့်တက်လာခြင်း ကြောင့်လည်း အဆောင် နေသူများ လမ်းဘေးမြေလွတ်များပေါ်သို့ တဲထိုးခြင်းဖြင့် ကျူးကျော်ဘ၀များသို့ ဆင်းကုန်ကြရသည်။ လိုင်သာယာမြို့နယ်တစ်ခုလုံးတွင် ကျူးကျော်တဲထိုး နေထိုင်သူပေါင်းမှာ ၂၀၁၂ ခုနှစ် စာရင်းအရပင်လျှင် လူဦးရေ ခုနစ် သောင်းကျော်ရှိနေသည်။
ယင်းတို့အထဲတွင် မခင်မျိုးဦးတို့ မိသားစုလို ကျူးကျော်တဲပင် မထိုးနိုင်ဘဲ လမ်းဘေး နေထိုင်နေရသူများ မှာလည်း ယနေ့တိုင် အများအပြား တွေ့ရှိနေရသည်။
“ကျွန်မကတော့ နေချင်စိတ်ကို မရှိတာ။ နေကို မနေချင်တော့တာ။ ဖြစ်နိုင်ရင် ကလေးသုံးယောက်ကို ဆိုက်ကားနဲ့တင်ပြီး သူအဘိုးအဘွားအိမ်ကိုပို့ပြီး ကျွန်မ လွတ်ရာကျွတ်ရာကို ထွက်သာသွားချင်တော့ တယ်” ဟု ဆိုရင်းက ပိုက်ဖျာပေါ်က ရှစ်လ သားငယ်ရဲ့ ချေးပုံကို ကြွပ်ကြွပ်အိတ်ထဲ လက်နှိုက်ကုပ်ယူပြီး ဘေးရှိ အမှိုက်ပုံထဲသို့ ပစ်ထည့်လိုက်သည်။
ဤသို့သော လမ်းဘေးဘ၀ ရောက်နေရသည့် မခင်မျိုးဦးတစ်ယောက် ငုတ်တုတ်ထိုင်တတ်စ သား ယောက်ျားလေး ရှေ့ရေးမပူပန်သော်လည်း သမီးအကြီး နှစ်ယောက်၏ ရှေ့ရေးကိုတော့ ပူပန်နေသည်။ ယခင်က သမီးနှစ်ယောက်၏ရှေ့ရေးကိုတွေး၍ မိဘမဲ့ဆိုပြီး ဘာသာရေး ပရဟိတ ဂေဟာတစ်ခုသို့ အပ်နှံလိုက်ရန် စာရင်းပင် ပေးခဲ့ပြီးသော်လည်း ယောက်ျား ဖြစ်သူ၏ ကန့်ကွက်မှုကြောင့်သာ ပျက်ပြယ် ခဲ့ရသည်။
“ယောက်ျားလေးက ကြီးလာလို့ ခိုးဆိုးနေရင် ထောင်ထဲရောက်ရုံပဲရှိမှာ၊ သမီး မိန်းကလေးတွေကြီးလို့ လှချင်ပချင်လို့ လှမ်းမှားသွားရင် တစ်ခါတည်းဘ၀ပါ ပျက်သွားမှာ။ အဲဒါပဲ စိုးရိမ်တာ။” အစိုးရသစ် လက် ထက် နှစ်နှစ်ခွဲ တာ ကာလအတွင်း ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စီမံကိန်းမှာလည်း အောင်မြင်မှုမရရှိ ခဲ့ဟု မကြာသေးမီက ၀န်ကြီးတစ်ဦးက၀န်ခံ ပြောဆိုထားသည်။ ထို့ပြင် ရှေ့အနာဂတ်အတွင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းများ အောင်မြင်ရန် နိုင်ငံတကာအဖွဲ့ အစည်းများ၊ အရပ်ဘက် အဖွဲ့ အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း အဆိုပါဝန်ကြီးက ဆိုထားသည်။
ပူးပေါင်းမှုများဖြင့် ဆက်လက် လုပ်ဆောင်မည့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတွင် မခင်မျိုးဦးကဲ့သို့သော လမ်းဘေး နေအိမ်ခြေယာမဲ့ မိသားစုအများအပြားနှင့် လမ်းဘေးသို့ ရောက်ရှိလာကြသော ကျူးကျော်နေ ထိုင်သူများ အရေးကိုလည်း အဓိကနေရာတွင် ထည့်သွင်းစဉ်းစား လုပ်ဆောင်ပေးရန် မလွဲမသွေ လိုအပ် နေပြီ ဖြစ်သည်။
မနေ့ကတည်းက ကျန်ရှိနေသော နွမ်းရိညိုမည်းနေပြီဖြစ်သော ကွမ်းရွက် တစ်ရွက်ကို မခင်မျိုးဦး ထုံး သုတ်နေသည်။ လူမမယ် ကလေးသုံးဦးကတော့ လမ်းမပေါ်က ဖြတ်သန်းသွားလာနေသည့် မော်တော် ယာဉ်အမျိုးမျိုးကို ငေးကြည့်နေကြသည်။ လူ့ဘ၀ကို ယခုလိုကူးခတ် ဖြတ်သန်းနေကြရသည့် မခင်မျိုးဦး လို မိသားစုများရဲ့ ဆိုးရွားလှသည့် အခြေအနေများက လက်ရှိ အစိုးရလက်ထက် နှစ်နှစ်ခွဲကာလအတွင်း ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စီမံကိန်း အောင်မြင်မှု မအောင်မြင်မှုကို အကြီးမားဆုံး စိန်ခေါ်နေပြီဆိုသည်
ကိုတော့ မည်သူမျှ ငြင်းနိုင်ကြမည် မဟုတ်ချေ။
Mizzima

အစိုးရ ကတိမတည်ကြောင်း လွှတ်တော်အမတ်များ ဝေဖန်

အစိုးရအဖွဲ့ဟာ စီမံကိန်းမှာ ပြောဆိုထားတာတွေကို ကတိမတည်ဘူးလို့ ဇန်န၀ါရီ ၃၀ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အမတ်တွေက ပြောဆိုလိုက်ပါတယ်။

အစိုးရအဖွဲ့က တင်ပြလာတဲ့ ၂၀၁၄ – ၁၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းရဲ့ မူနဲ့ အခြေခံသဘော ဆွေးနွေးရာမှာ သူတို့က ခုလို ပြောဆိုလိုက်တာပါ။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အမတ် ဦးသူရိန်ဇော်က အရင် ၂၀၁၁ – ၁၅ ဘဏ္ဍာရေးနှစ် စီမံကိန်းမှာ ကရင်ပြည်နယ်ကို ဓာတ်အားလိုင်းတွေ သွယ်တန်းပေးမယ်လို့ ဆိုပေမယ့် အခုထိ အဲဒါမျိုး ဆောင်ရွက် မပေးသေးဘူးလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အမတ် ဒေါ်ခင်စောဝေကလည်း ၂၀၁၂ – ၁၃ ဘဏ္ဍာရေး နှစ်တုန်းက သူမဲဆန္ဒနယ်မြေထဲမှာ ကျောင်း ၄၀ ကျော် ပြင်ပေးမယ် ကတိခံ ထားပေမယ့် အခု ၁၄ ကျောင်းတောင် ပြင်မပြီးသေးဘူးလို့ ထောက်ပြပါတယ်။

အလားတူ မွန်ပြည်နယ် မဲဆန္ဒနယ်က အမတ် ဒေါ်မိမြင့်သန်းကလည်း ပညာရေးမှာ မူလတန်းကို အခမဲ့ဆိုပြီး ထည့်ထားပေမယ့် တကယ်လက်တွေ့ ဖြစ်မလာဘူးလို့ ထောက်ပြခဲ့ ပါတယ်။

By ဒီဗွီဘီ