Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 29, 2013

ဘာသာခြားမိသားစုမှဗုဒ္ဓ ဘာသာသို့မိသားစု လိုက်ကူးပြောင်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီးဒဂုံ မြို့သစ်အရှေ့ပိုင်းမြို့နယ်အမှတ် (၁) ရပ်ကွက်အနော်ရထားလမ်း ရှိ မကွေးပရိယတ်္တိအသင်တိုက်၌ ဘာသာခြားအဖြစ်မှဗုဒ္ဓဘာသာဝင် အဖြစ်သို့မိသားစု ၅ ဦးမှခံယူ      ကိုးကွယ်ခြင်းနှင့်ရှင်သာမဏေ အဖြစ်ခံယူခြင်းကိုအခမ်းအနား အစီအစဉ် ၁၁ ရပ်ဖြင့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ပြုလုပ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့မြို့ နယ်သံဃာ့နာယကဆရာတော် ဦးဇာဂရိယ၊ ကျောင်းထိုင်ဆရာ တော်များ၊ သံဃာတော်- ၇၅ ပါး ခန့်နှင့်ပရိတ်သတ် ၂၀၀ ခန့်တက် ရောက်ကြောင်းသိရသည်။

ဘာသာခြားမှဗုဒ္ဓဘာသာ သို့ဝင်ရောက်သူများမှာသာကေတ မြို့နယ် ၁ အနော်မာရပ်ကွက် ရွှေမေတ္တာအတွင်းလမ်းအမှတ် ၁၇၅၆ နေဦးလှမြင့် နှင့် ဇနီး ဒေါ်စန်း၊ သမီးမမြသန္တာ ၁၇ နှစ် သမီးမသီရိမြင့်မိုရ် ၁၃ နှစ် နှင့်သားမောင်စိုးမင်းရာဇာ ၁၀ နှစ်တို့ဖြစ်ကြပြီး မောင်စိုးမင်း ရာဇာဟာ ဒီဇင်ဘာ ၂၈ ရက်နေ့ တွင်ရှင်သာမဏေအဖြစ်ခံယူလိုက် ကြောင်းဒေါ်စန်းမှပြောပြပါသည်။

ဦးလှမြင့်သည်ကျူလီယာလူ မျိုးဘာသာခြားတစ်ဦးဖြစ်ပြီး၊ မြန်မာလူမျိုးဒေါ်စန်းဗုဒ္ဓဘာသာဝင် နှင့်အိမ်ထောင်ကျပြီးသားသမီး (၃) ဦးထွန်းကား၍ ၂၀၁၀ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့တွင် ၎င်း တို့နေထိုင်ရာဒေါပုံမြို့နယ် နွယ် ဟေးရပ်ကွက် ရှင်ဥပဂုတ်ဓမ္မာရုံ တွင်ကျင်းပသောဆွမ်းသိမ်းအောင် ပွဲတွင်စစ်ကိုင်းခင်မကန်ကျောင်း တိုက်ဆရာတော်ဘဒ္ဒန္တခေမိန္ဒ၏ တရားပွဲအပြီးမဟာဒုက်ဘုရားမဲ ဖောက်ခဲ့ကြောင်း၊ဗုဒ္ဓရုပ်ပွားတော် အားနေအိမ်သို့ပင့်ဆောင်ခဲပြီး၊ ဗုဒ္ဓဘာသာနှင့်ပတ်သက်သည့် အခြေခံကိုလေ့လာသည့်အခါ ကံ-ကံ၏အကျိုးကိုနားလည်ခဲ့ ကြောင်းဇနီးနှင့်မိသားစုအား ဗုဒ္ဓဘာသာကိုလွတ်လပ်စွာသက် ၀င်ယုံကြည်ကိုးကွယ်နိုင်ရန်ခွင့်ပြု ခဲ့ကြောင်း Hot News သို့ ပြော ပါသည်။

၎င်းနောက် ၂၀၁၁ ခုနှစ် တွင် အဆိုပါရပ်ကွက်ရွှေမေတ္တာ လမ်းရှိအောင်သိဒိ္ဓဓမ္မာရုံတွင် ဆွမ်းသိမ်းအောင်ပွဲတရားပွဲဝေယျာ ဝေစ္စများပါဝင်ဆောင်ရွက်နေစဉ် စစ်ကိုင်ခင်မကန်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တခေမိန္ဒ၏တရား ပွဲအပြီးမဟာဒုက်ဘုရားလက်မှတ်  ဝေရာတွင်မဲနံပါတ်(၃၇၀)ကိုဇနီး ဖြစ်သူမစန်းရရှိခဲ့ရာ၊အဆိုပါနံပါတ် မှထူးခြားစွာဘုရားမဲပေါက်၍ဗုဒ္ဓ ရုပ်ပွားတော်အားနေအိမ်သို့ပင့် ဆောင်ပြီးအနေကဇာတင်ပူဇော် ကိုးကွယ်ခဲ့ကြောင်း၊ မိမိစိတ်ဆန္ဒ နှလုံးသား၌ဗုဒ္ဓဘာသာအဖြစ်ရှိနေ ပြီး ယနေ့ဘာသာကူးပြောင်းခြင်း သည် မည်သူတစ်ဦးတစ်ယောက် ၏သွေးဆောင်ဖျားယောင်းမှု ကြောင့်မဟုတ်ဘဲမိမိစိတ်ဆန္ဒအရ ပြုလုပ်ကြောင်းဗုဒ္ဓဘာသာဝင်အဖြစ်  ခံယူပြီးသားလေးအားရှင်သာမ ဏေအဖြစ်ခံယူခြင်းဖြစ်ကြောင်း ပြောကြားပါသည်။

အရိန္ဒမာ(ဘိုကလေး)

Hot News Journal

No comments:

Post a Comment