Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 29, 2013

နွားထိုးကြီးနယ် ဘုရားခိုးများ


နွားထိုးကြီးမြို့နယ်၊ သူခိုး ကျေးရွာတွင် ပုဂံခေတ်ဦး ဘုရား များအတွင်းမှ ရှေးဟောင်းဘုရား များ ဦးခေါင်းတော်ဖြတ် အခိုးခံ ရမှုများရှိနေ၍ ကျေးရွာက သံ တံခါးသော့ခတ် ထိန်းသိမ်းနေရ ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး က ဆိုသည်။

အလားတူပင် ထန်းကွရွာ၌ လည်း မကြာမီက ရှေးဟောင်း ဘုရားတစ်ဆုခြေဖြတ်၍ နယ်စပ် အပင့်ခံခဲ့ရကြောင်း ထန်းကွ အုပ်ချုပ်ရေးမှူးက ဆိုပြန်သည်။

နွားထိုးကြီးမြို့ပေါ်ရှိ ရှင်ပင် သာဒွန်းဦးဘုရားဝန်းမှရှေးဟောင်း ဘုရားများမှာလည်း မကြာခဏ အခိုးခံ၊ ဦးခေါင်းတော်အဖြတ်ခံ နေရ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး များက ထိန်းသိမ်းစောင့်ရှောက် နေရကြောင်း အမှတ် (၂) ရပ် ကွက် အုပ်ချုပ်ရေးမှူးကဆိုသည်။

ဘုရားခိုးသူများမှာ ဂိုဏ်းဖွဲ့ ၍ ခိုးယူခြင်းဖြစ်ပြီး ရှေးဟောင်း ပစ်္စည်းအဖြစ် နိုင်ငံပြင်ပသို့ ခိုး ထုတ်နေကြောင်း သိရသည်။

ဌေးမြင့်

Hot News Journal

No comments:

Post a Comment