Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 31, 2013

ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ်သတ်မှတ်ရန် ပျူမြို့ဟောင်း သုံးမြို့ထဲမှ ဟန်လင်းမြို့ဟောင်းအားလာမည့် ဇန်န၀ါရီတွင် လာရောက်စစ်ဆေးမည်



ပျူမြို့ဟောင်းသုံးမြို့အား ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရန် ခေတ်ပြိုင်အထောက်အထားများ တောင်းခံနေပြီး နောက်ဆုံးစစ်ဆေးရန်ကျန်ရှိနေသည့် ဟန်လင်းမြို့ဟောင်းအား ၂၀၁၄ ခုနှစ် ဇန်န၀ါရီလအတွင်း ICOMOS မှ လာရောက်စစ်ဆေးမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ပြောကြားသည်။ “ လာရောက်စစ်ဆေးတဲ့အဖွဲ့တွေက တော်တော်လေးကို တိတိကျကျတောင်းနေတယ်။ အဓိက ကတော့ သမိုင်းအထောက်အထားပါ။ ပျူတွေရဲ့ သမိုင်းကြောင်းက ဒီလောက်အထိရှိခဲ့ပြီးမှ ခေတ်ပြိုင်အထောက်းက ဘာလည်းပေါ့။ အန်ကယ် ခပ်လျော့လျော့ပြောတာတော့ မဟုတ်ဘူး။ တစ်ကမ္ဘာလုံးရဲ့ စံနှုန်းနဲ့ သတ်မှတ်တယ်ဆိုတော့ ဖြစ်ချင်မှလည်း ဖြစ်လာမယ်။ တစ်ခုတော့ ရှိတာပေါ့၊ ဟိုတုန်းကဘယ်လိုပဲ တင်ပြ တင်ပြ လာမစစ်ဆေးပေးပေမဲ့ အခုတော့ လာစစ်ဆေးပေးတယ်”  ဟု ဦးအေးမြင့်ကြူက ဆိုသည်။  
     
ကမ္ဘာ့အမွေအနှစ် စာရင်းသတ်မှတ်ရန် အပြည်ပြည်ဆိုင်ရာ ယဉ်ကျေးမှုအမွေအနှစ်အဆောက်အအုံများနှင့် နေရာဒေသများဆိုင်ရာ ထိန်းသိမ်းကာကွယ်ရေးအဖွဲ့ICOMOS မှစစ်ဆေးရေးအဖွဲ့များက အောက်တိုဘာလ ပျူမြို့ဟောင်း တစ်ခုဖြစ်သည့် သရေခေတ္တရာမြို့ဟောင်းရှိ ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးသတ်မှတ်ချက်ရှိသည့် ရှေးဟောင်းအဆောက်အအုံများအား စစ်ဆေးခဲ့ပြီး အခြားပျူမြို့ဟောင်း တစ်ခုဖြစ်သည့် ဗိဿနိုးမြို့ဟောင်းကိုလည်း ဆက်လက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ရှေးဟောင်းမြို့များ အနက်မြို့ပြများအဖြစ် တည်ထောင်နေထိုင်သည့် ခေတ်ကာလတွင် အစောဆုံးတည်ထောင်ခဲ့ကြသော ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူခေတ်မြို့ဟောင်းသုံးမြို့အား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရန် အဆိုပြုအမည်စာရင်းကို ကမ္ဘာ့အမွေအနှစ်ဗဟိုဌာနသို့ ပေးပို့ခဲ့ရာ ၎င်းတို့က လက်ခံခဲ့ပြီးဖြစ်ကာ၊ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်/မဖြစ်အား ၂၀၁၄ ခုနှစ် ဇွန်လတွင် ကျင်းပမည့် (၃၈) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံတွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
eleven media group

No comments:

Post a Comment