CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, December 31, 2013
နှစ်သစ်ကူးည လည်ပတ်လိုသူများအတွက် ပြည်တွင်းရေကြောင်းသင်္ဘော အငှားလိုက်မည်
နှစ်သစ်ကူးညတွင် မြစ်ကြောင်းအတွင်း သင်္ဘောစီးပြီး နှစ်သစ်ကူးပွဲတော်နှင့် ပါတီပွဲများကျင်းပလိုသူများ အနေဖြင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနမှ သဘောင်္များ ငှားရမ်းသွားမည်ဟု ပို့ဆောင်ရေးဌာန မှူး ဦးရှိန်းယောက ပြောသည်။
ရန်ကုန်မြင်ကွင်းကိုကြည့်ရှုနိုင်ရန် အစီအစဉ်တွင် ရန်ကုန်မြစ်ကမ်းမှ သီလ၀ါဆိပ်ကမ်း၊ ဗိုလ်တထောင် ဆိပ်ကမ်းတို့အထိ ပို့ဆောင်ပေးမည့် နှစ်ထပ်သင်္ဘောများကို ငှားရမ်းပေးသွားမည် ဖြစ်သည်။
“ငှားရမ်းချင်သူတွေအတွက် သင်္ဘောတွေက အလုံလောက်ရှိပါတယ်။ဈေးနှုန်းကတော့ သွားမယ့်လူတွေ ရဲ့ခရီးနဲ့ သင်္ဘောအမျိုးစားပေါ်မူတည်ပြီး ညှိနှိုင်း ဆုံးဖြတ်ကြမှာပါ။ ဒီနှစ်မှ စပြီး အခုလို နှစ်သစ်ကူးည တွေမှာ သင်္ဘောတွေနဲ့ အပန်းဖြေ ဖြတ်သန်းဖို့ ငှားရမ်းခွင့်ပေးတာပါ”ဟု ဦရှိန်းယောက ပြောသည်။
ငှားရမ်းမည့်သင်္ဘောများမှာ နှစ်ထပ်သင်္ဘောများဖြစ်ပြီး တစ်စီးလျှင် လူဦးရေ၂၀၀ တင်နိုင်သော သင်္ဘော နှင့် လူဦးရေ ၃၀၀ တင်နိုင်သော သင်္ဘောများဖြစ်ပြီး ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးရုံးနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဌာနခွဲများတွင် စုံစမ်းငှားရမ်းနိုင်ကြောင်း ဧရာဝတီမြစ်ဝကျွန်းပေါ် ပို့ဆောင်ရေးဌာနခွဲမှ စီမံ ကွပ်ကဲမှုအရာရှိ ဦးသန့်စင်ဦးက ရှင်းပြသည်။
“အခုချိန်ထိတော့ လာရောက်ငှားရမ်းကြတာ တစ်စီးပဲရှိသေးတယ်။ မသိတာကြောင့်လည်းဖြစ်နိုင်တယ်။ မြစ်ထဲမှာ လေညှင်းခံရင်း နှစ်သစ်ကူးညကို ဖြတ်သန်းရမှာဆိုတော့ တစ်မျိုး ပိုဆန်းတယ်လေ”ဟု ၎င်းက ဆိုသည်။
နှစ်သစ်ကူးညတွင် ငှားရမ်းပြေးဆွဲ သင်္ဘောအမည်များမှာ ဗညား၊ ဗန္ဓုလ၊ ဗလကျော်ထင်၊ ဗညားဦး အစ ရှိသော နှစ်ထပ်သင်္ဘောများဖြင့် ငှားရမ်းပြေးဆွဲမည်ဖြစ်သည်။
Credit : Mizzima
နှစ်သစ်ကူးည လည်ပတ်လိုသူများအတွက် ပြည်တွင်းရေကြောင်းသင်္ဘော အငှားလိုက်မည်
Reviewed by VC
on
December 31, 2013
Rating: 5
Reviewed by VC
on
December 31, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment