Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 19, 2013

ဒီနှစ် အကယ်ဒမီပွဲကို တက်ဖြစ်မှာ မဟုတ်ဘူးလို့ ဆိုတဲ့ သရုပ်ဆောင် နိုင်းနိုင်း

သရုပ်ဆောင် နိုင်းနိုင်းကို သူ့ရဲ့လတ်တလောအနု ပညာလှုပ်ရှားမှုတွေနဲ့အတူသူ့ရဲ့အကယ်ဒမီနဲ့ ပတ်သက်ပြီး စိတ်ခံစားချက် တွေကိုမေးမြန်းဖြစ် ခဲ့တာကတော့ ‘အစ်ကိုအခု လတ်တလောမှာတော့ အာဆီယံသေနတ်ပစ်အတွက် ရုပ်ရှင်ရိုက်နေပါတယ်။ မင်းသမီးက အေးမြတ်သူ၊ အိချောပိုနဲ့ပါ။ အကယ်ဒမီဆိုတာ မျှော်လင့်ထားပေမဲ့ မျှော်လင့်ထားသလို ဖြစ်ချင်မှဖြစ်တာပါ။ ကံနဲ့လည်း ဆိုင်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အကယ်ဒမီ ရွှေစင်ရုပ်ထုက ဘယ်လို ပြောရမလဲ မှန်းတိုင်း လည်း ရချင်မှရပါတယ်။ ဒါပေမဲ့ အစ်ကိုကတော့ ကိုယ်ကိုယ်ကိုယ်ပဲ ပြန်သုံးသပ်မိတယ်။ ကျွန်တော် ညံ့လို့ကျွန်တော် မရတာပေါ့။ ဒါပေမဲ့လည်း အစ်ကိုက ပရိသတ်ပေးတဲ့ အကယ်ဒမီ နဲ့ပဲတော်တော် ကျေနပ်မိပါတယ်။ ဒီနှစ်အကယ်ဒမီကိုတော့ အစ်ကိုတက်ဖြစ်မယ် မထင်ဘူး။ သမီးကြီးကလည်း ၄နှစ် ပြည့်ပြီဆိုတော့ ကျောင်းတက်ရတော့မယ်လေ။ အဲဒါကြောင့် ၂၉ရက်နေ့မှာ သမီးကြီး ကျောင်းထားရမဲ့ ကိစ္စနဲ့ပတ်သက်ပြီး အမေရိကကို သွားဖို့ရှိလို့ပါ။ သားကတော့ နှစ်နှစ်ခွဲ ဆိုတော့ ကျောင်းတော့ မထား ရသေးပါဘူး။၂၀၁၄ ၊ ၁လပိုင်းမှာ အစ်ကို့ဇနီးက မီးဖွားတော့မယ်။ အကယ်ဒမီနဲ့ ပတ်သက်လို့ ကိုယ့်အနုပညာ မောင်နှမတွေ အားလုံးကို ရစေချင်ပါတယ်’လို့ သူက ပြောပြသွားခဲ့ပါတယ်။

Trend Myanmar

No comments:

Post a Comment