Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 25, 2013

နာဆာအာကာသယာဉ်မှူးနှစ်ဦး အာကာသစခန်းကို လမ်းလျှောက်ပြုပြင်

နာဆာ ဒီဇင်ဘာ ၂၅

အမေရိကန်အာကာသယာဉ်မှူးနှစ်ဦးက နိုင်ငံတကာအာကာသစခန်း၌ စိုးရိမ်ဖွယ်ရာဖြစ်နေသည့် အအေးပေးစနစ်ပန့်ကို အောင်မြင်စွာ ပြုပြင်ပေးနိုင်ခဲ့ကြောင်း အမေရိကန်အာကာသအေဂျင်စီက ပြောကြားသည်။

ရစ်မာစရက်ချီယိုနှင့် မိုက်ဟုတ်ကင်းတို့သည် အဆိုပါအာကာသစခန်းရှိ ချွတ်ယွင်းနေသော အမိုးနီးယားပန့်ကိုအစားထိုးရန် ခုနစ်နာရီခွဲကြာ အာကာသအတွင်း လမ်းလျှောက်ပြုပြင်မှုသည် ပြီးစီးသွားပြီဖြစ်သည်။

အဆိုပါပန့်သည် လွန်ခဲ့သောနှစ်ပတ်က ပျက်စီးနေပြီးယင်း၏ လေအေးပေးစနစ်မရဘဲဖြစ်ခဲ့ရသည်ဟုဆိုသည်။ ယခုအခါ အဆိုပါလေအေးပေးစနစ် ပြန်လည်ကောင်းမွန်သွားပြီဖြစ်ကြောင်း နာဆာက ပြောကြားသည်။ အာကာသယာဉ်မှူးနှစ်ဦးသည် ရေခဲသေတ္တာတစ်လုံးအရွယ်ရှိ ပန့်စက်ကိုပြုပြင်ရန် သုံးရက်အတွင်း နှစ်ကြိမ်တိုင်လမ်းလျှောက်ထွက်ခဲ့ရသည်ဟုဆိုသည်။ အာကာသစခန်းရှိ အဖွဲ့ဝင်ခြောက်ဦးမှာ ယင်းပန့်စက်ပျက်စီးမှုကြောင့် အန္တရာယ်မဖြစ်ခဲ့ကြောင်း နာဆာက ပြောကြားသည်။ (ဘီဘီစီ)

No comments:

Post a Comment