CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, November 7, 2013
အင်းလေးဒေသ ဟိုတယ်ဇုန်တွင် စက်လှေဆိပ် လုပ်ငန်းအတွက် BOTစနစ်ဖြင့် လုပ်ကိုင်ရန် နိုဝင်ဘာ ၈ရက် နောက်ဆုံးထား တင်ဒါခေါ်ယူ
အင်းလေးဒေသ ဟိုတယ်ဇုန်တွင် စက်လှေဆိပ် တည်ဆောက်ခြင်းလုပ်ငန်း အတွက် BOT စနစ်ဖြင့် လုပ်ကိုင်လိုသော လုပ်ငန်းရှင်များကို တင်ဒါခေါ်ယူရာ၌ နိုဝင်ဘာ ၈ ရက် နောက်ဆုံးထားကာ သတ်မှတ်ထားကြောင်း အင်းလေးဒေသ ဟိုတယ်ဇုန် ဖော်ထုတ်ရေး ဦးစီး ကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ အင်းလေးဒေသ အတွင်း၌ ပွင့်လင်းရာသီ ဝင်ခါစတွင် ခရီးသွား ဝင်ရောက်မှုနှုန်း တိုးတက်လျက်ရှိရာ ခရီးသွားများကို ဆွဲဆောင်မှု ပိုမိုရရှိရေးအတွက် အဆင့်မြှင့်တင်ရန် စက်လှေဆိပ်များကို အဆင့်မြှင့်တင်မှုများ လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် BOT စနစ်ဖြင့် လုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များကို အောက်တိုဘာ ၂၄ ရက်အထိ တင်ဒါလျှောက်ထားမှု လက်ခံ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
''လုပ်ငန်းရှင်တွေက စိတ်ဝင်စားမှုများ ကြပါတယ်။ ရွေးချယ်ခေါ်ယူမှာဖြစ်လို့ လုပ်ငန်းကို အသေချာ လုပ်ဆောင်နိုင်မယ့် လုပ်ငန်းရှင်တွေ ပါဝင်လာဖို့ အရေးကြီးပါတယ်။ တင်ဒါပိတ်ရက် နီးလာပြီ။ အမြန်လာရောက် လျှောက်ထားစေချင်ပါတယ်'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ တင်ဒါလျှောက်ထားသူများ အနေဖြင့် သက်ဆိုင်ရာ လုပ်ငန်းများအတွက် တင်ဒါအာမခံကြေး ပေးသွင်းရန် လိုအပ်ပြီး တင်ဒါလုပ်ငန်း တစ်ခုထက် ပိုမိုတင်သွင်း လိုပါက မိမိတင်သွင်းလိုသော လုပ်ငန်းတစ်ခုချင်းစီ အတွက် တင်ဒါအာမခံကြေး ပေးသွင်းရမည် ဖြစ်သည်။ လျှောက်ထားလွှာများကို အင်းလေးဒေသ ဟိုတယ်ဇုန် ဖော်ထုတ်ရေး ကော်မတီ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ တောင်ကြီးမြို့ သို့ ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် လုပ်ဆောင်ရမည့် လုပ်ငန်းများမှာ ညောင်ရွှေမြို့နယ် အင်းလေးဒေသ ဟိုတယ်ဇုန် အတွင်းရှိ ကျောက်လမ်းခင်းခြင်း လုပ်ငန်း၊ ကတ္တရာခင်းခြင်း လုပ်ငန်း၊ ရေပြွန်တံတား တည်ဆောက်ခြင်း လုပ်ငန်း၊ လမ်းလယ်ကျွန်း ပြုလုပ်ခြင်း လုပ်ငန်း၊ ကျောက်အုတ်သရိုးစီ ရေမြောင်းပြုလုပ်ခြင်း၊ လူသွားစင်္ကြံ ပြုလုပ်ခြင်း လုပ်ငန်းနှင့် လျှပ်စစ်သွယ်တန်းခြင်း လုပ်ငန်းများလည်း ပါဝင်ကြောင်း သိရသည်။
အင်းလေးဒေသ ဟိုတယ်ဇုန်တွင် စက်လှေဆိပ် လုပ်ငန်းအတွက် BOTစနစ်ဖြင့် လုပ်ကိုင်ရန် နိုဝင်ဘာ ၈ရက် နောက်ဆုံးထား တင်ဒါခေါ်ယူ
Reviewed by VC
on
November 07, 2013
Rating: 5
Reviewed by VC
on
November 07, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment