CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, November 7, 2013
ဖုန်းဆင်းမ်ကတ် မဲဖောက်စနစ် ဧည့်စာရင်းနှင့် သန်းခေါင် စာရင်း ခွဲခြား မထားဟုဆို
Thursday, November 7, 2013
ရန်ကုန် ၊ နိုဝင်ဘာ ၅ ။ ။ တန်ဖိုးနည်း ဖုန်းဆင်းမ်ကတ် များ အား မဲ ဖောက်စနစ်ဖြင့် ရောင်းချနေရာ ၌ ဧည့်စာရင်းဖြင့် နေထိုင်သူများ ကို ရောင်းချခြင်းမပြုရန် ဆက် သွယ်ရေး သတင်းအချက်အ လက်၊ စာတိုက်နှင့်ကြေးနန်းဝန် ကြီးဌာနမှ ညွှန်ကြားထားခြင်းမ ရှိ၍ ရောင်းချပေး လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးအောင် ခင်က ဖြေကြားခဲ့သည်။
လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးအောင်ခင်က''တန်ဖိုး နည်းဖုန်း ဆင်းမ်ကတ်များကို လူ တိုင်းကိုင်နိုင်ရန် လမ်းညွှန် မိန့် ကြား၍ ဆောင်ရွက်လျက်ရှိသော် လည်း ရရှိလာသော ဆင်းမ်ကတ် များမှာ လုံလောက်မှုမရှိ၍ ရပ် ကွက်အတွင်း အမြဲနေထိုင်သူနှင့် ဧည့်စာရင်းနဲ့ နေထိုင် သူခွဲခြား ဆောင် ရွက်နေခြင်းဖြစ်ပြီး ဧည့် စာရင်းနဲ့ နေထိုင် သူများ မှာလဲ ပြည်သူ များဖြစ်ပြီး ဧည့်စာရင်း နဲ့နေထိုင်သူတွေကို မဲစနစ်နဲ့ ရောင်းချခြင်းမပြုရန် ဆက်သွယ် ရေးသတင်း အချက်အလက်စာ တိုက်နှင့် ကြေးနန်းဝန်ကြီးဌာန မှ ညွှန်ကြားထားခြင်း မရှိပါဘူး''ဟု လွှတ်တော်တွင် ဖြေကြားခဲ့ သည်။
နိုဝင်ဘာ၅ရက်တွင် ပြုလုပ် သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထူးအစည်းအဝေး ဒုတိယနေ့တွင် ကြည့်မြင် တိုင် မြို့နယ် အမှတ်(၂)လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်၏ ရပ် ကွက်အုပ်ချုပ်ရေးမှူးများမှ CDMA /GSM /WCDMA ဆင်းမ်ကတ်များကို တစ်လတစ် ကြိမ်မည်သည့်စနစ်ဖြင့် ပေး နေသည်။
ဆင်းမ်ကတ်များမဲနှိုက် ပေးနေခြင်းကို မည်သည့်စနစ် နှင့်ပေး သည်။ တစ်ပြေးညီပေး နိုင် မပေးနိုင်နှင့် ရပ်ကွက်၊ မြို့ နယ် အလိုက် မဲပေါက်သူများ စာ ရင်းကို ကြေညာပေးနိုင်၊ မပေး နိုင်သိလိုကြောင်း မေးခွန်းကို ဖြေ ကြားရာတွင် ထည့်သွင်းဖြေကြား ခဲ့ခြင်းဖြစ်သည်။
တန်းဖိုးနည်းဖုန်းဆင်းမ် ကတ်များအား မဲဖောက် စနစ် ဖြင့် ရောင်း ချနေရာတွင် မူအရ ရပ်ကွက်များအတွင်း သန်းခေါင် စာရင်း ၆/၆၆ပုံစံဖြင့် နေထိုင် သူများအား ဦးစားပေးစနစ်ဖြင့် မဲနှိုက်ရောင်းချစေပြီး ဧည့်စာ ရင်း ဖြင့် နေထိုင်သူများကို မိမိအမှန် တကယ်နေထိုင်သည့် မြို့နယ်၊ ရပ်ကွက်များအတွင်း လျှောက် ထားရန် ညွှန်ကြားထားပြီးဖြစ် ကြောင်း၊ သို့ရာတွင် တချို့သော ရပ်ကွက်များတွင် နှစ်ကာလကြာ ရှည်စွာ ဧည့်စာရင်း တိုင် နေထိုင် ကြသူများအား ယင်းတို့ ပြောင်း ရွှေ့လာသည့် ရပ်ကွက်အုပ်ချုပ် ရေးမှူး၊ လမ်းမှူးများထံမှ မူလ နေထိုင်သော ရပ်ကွက်များတွင် ဖုန်းလျှောက်ထားမှု မရှိကြောင်း ထောက် ခံချက် ပါရှိမှသာ လက်ရှိ နေထိုင်ရာ ရပ်ကွက်တွင် လျှောက် ထားခွင့်ရရှိပြီး မဲပေါက်မှသာ ရရှိခြင်းဖြစ်ကြောင်း ဝန်ကြီးက လွှတ်တော်တွင် အသေးစိတ် ရှင်းလင်းဖြေကြားခဲ့သည်။
**********************************
ပုံညွှန်း - ရပ်ကွက်တစ်ခုတွင် ပြည်သူများ တန်ဖိုးနည်းဖုန်းမဲနှိုက်နေစဉ်။ ဓာတ်ပုံ - ရဲနောင်(ဖယ်ခုံ)
ကောင်းမြတ်ကျော်
Yangon Media Group
ဖုန်းဆင်းမ်ကတ် မဲဖောက်စနစ် ဧည့်စာရင်းနှင့် သန်းခေါင် စာရင်း ခွဲခြား မထားဟုဆို
Reviewed by VC
on
November 07, 2013
Rating: 5
Reviewed by VC
on
November 07, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment