Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 7, 2013

မူဆယ်မြို့ထွက်ဂိတ်တွင် လုံခြုံရေးတပ်မှ ပစ်ခတ်၍ သုံးဦးဒဏ်ရာရ



ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ် မြို့ထွက်ဂိတ်တွင် နိုဝင်ဘာလ ၅ရက် ည၁၁နာရီခန့်က လုံခြုံရေးတာဝန်ကျစစ်တပ်မှ ကားတစ်စီးကို ရပ်ခိုင်းရာ မရပ်ဘဲမောင်းပြေးသောကြောင့် ပစ်ခတ်တားဆီးရာမှ ကားပေါ်တွင်ပါသူ သုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု မူဆယ်-မန္တလေးကားဂိတ်မှူး ကိုအောင်ဇော်ဝင်းက မဇ္ဈိမကိုပြောသည်။

ထိုသို့ဒဏ်ရာရရှိသူများကို မူဆည်မှ နံနက် ၆နာရီခန့်က မန္တလေးသို့ ခေါ်ဆောင်လာပြီဖြစ်ပြီး မန္တလေးမြို့ဆေးရုံကြီးသို့ ပို့ဆောင်မည်ဖြစ်ကာ ဆေးရုံသို့ နိုဝင်ဘာလ ၆ရက် ညပိုင်းတွင် ရောက်ရှိမည်ဟု မန္တလေးဆေးရုံကြီးမှ မှုခင်းရဲတစ်ဦးက မဇ္ဈိမကိုပြောသည်။

ယင်းဖြစ်စဉ်အသေးစိတ်နှင့် ဒဏ်ရာရရှိသူများ၏ အခြေအနေကိုမူ မဇ္ဈိမက စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment