Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 14, 2013

မျက်လုံးစိမ်းစိမ်းနှင့် မကောင်းဆိုးရွားကြီး ဖြစ်လာသည့် ဂျိုလီ

Maleficent ဇာတ်ကားသည် ကာလအတန်ကြာ ရုပ်ရှင်မရိုက်ဘဲ အနားယူနေပြီးမှ ဂျိုလီ ပြန်လည်ပါဝင် သရုပ်ဆောင်ခဲ့သည့် ရုပ်ရှင်လည်း ဖြစ်သည်။

ချောမောကျက်သရေရှိသည့် ပုံရိပ်ကို ပယ်ဖျက်ကာ မျက်လုံးစိမ်းစိမ်းများဖြင့် ခက်ထန်သည့် မကောင်းဆိုးရွား အမျိုးသမီး တစ်ဦးအဖြစ် အန်ဂျလီနာဂျိုလီ အသွင်ပြောင်းခဲ့ပြီ ဖြစ်သည်။ အော်စကာဆုရှင် မင်းသမီး ပါဝင်သရုပ်ဆောင်ထားသော ရုပ်ရှင်ဇာတ်ကားသစ်၏ ပိုစတာကို Disneyက ပထမဆုံးအကြိမ် ထုတ်ဖော် ပြသလာခဲ့ရာ စုန်းမကြီးအသွင် ဖြစ်နေသည့် ဂျိုလီကို တွေ့မြင်ခွင့် ရရှိခဲ့သည်။ ဂျိုလီသည် Disney၏ ဇာတ်ကောင်ဖြစ်သော စုန်းမကြီး Maleficentအဖြစ် သရုပ်ဆောင်ထားခြင်း ဖြစ်သည်။

Maleficent ဇာတ်ကားသည် ကာလအတန်ကြာ ရုပ်ရှင်မရိုက်ဘဲ အနားယူနေပြီးမှ ဂျိုလီ ပြန်လည်ပါဝင် သရုပ်ဆောင်ခဲ့သည့် ရုပ်ရှင်လည်း ဖြစ်သည်။ ဆိုးယုတ်လွန်းသည့် ဗီလိန်ဇာတ်ကောင်ကြီး Maleficentအဖြစ် ဂျိုလီက သရုပ်ဆောင်ထားသော ဇာတ်ကားသစ်ကို လာမည့်နှစ်၊ မတ်လတွင် ရုံတင်သွားမည် ဖြစ်သည်။

ကလေး(၆)ဦး၏ မိခင်ဖြစ်သော အသက်(၃၉)နှစ်အရွယ် ဟောလီးဝုဒ် ကြယ်ပွင့်သည် ဦးချိုကြီးများ တပ်ဆင်ထားသည့် ဦးထုပ်နှင့် အလယ်ခေတ်၏ ရှည်လျားသော ဝတ်ရုံဖားဖားကြီးတို့ကို ဝတ်ဆင်ကာ ပြီးခဲ့သည့်နှစ်က ဗြိတိန်တွင် အဆိုပါ ဇာတ်ကားကို ပင်ပင်ပန်းပန်း ရိုက်ကူးခဲ့သည်။ သူမသည် ဗီလိန်ဇာတ်ရုပ်ကို ပိုမိုထင်ရှားပေါ်လွင်စေပြီး ကြောက်စရာကောင်းစေရန် အတွက် မေးရိုးအတုထည့်သွင်း တပ်ဆင်ကာ မိတ်ကပ်ဖြင့် ပုံစံပြောင်းခဲ့သေးသည်။ ယခုဇာတ်ကားတွင် ဂျိုလီနှင့်အတူ အယ်လီဖန်နင်း၊ ရှာလ်တိုကိုပလေနှင့် ဆမ်ရိုင်လီတို့ကလည်း ပါဝင်အားဖြည့် သရုပ်ဆောင်ထားကြောင်း သိရှိရသည်။

Planet Myanmar Network

No comments:

Post a Comment