ရိုမိန်း ဒေါ်ရီရက်နှင့် စေ့စပ်ထားသည့် ဟောလီးဝုဒ် မင်းသမီးက သူမအနေဖြင့်
ရိုမိန်းကို ပင်ကိုယ်သဘာဝ အခြေအနေမှ အတန်ငယ် ပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြောင်း ဆိုသည်
ခင်ပွန်းလောင်းကို စိတ်ကြိုက်ပြောင်းလဲရန် ကြိုးပမ်းခဲ့သည့်
စကားလက်ဂျိုဟန်ဆန်စကားလက် ဂျိုဟန်ဆန်က မိမိသည် ခင်ပွန်းလောင်းအပေါ်
စိတ်တိုင်းကျ ပုံသွင်းရန် အားထုတ်မှုအချို့ ပြုလုပ်ဖူးကြောင်း
ဝန်ခံလိုက်သည်။ ရိုမိန်း ဒေါ်ရီရက်နှင့် စေ့စပ်ထားသည့် ဟောလီးဝုဒ် မင်းသမီးက
သူမအနေဖြင့် ရိုမိန်းကို ပင်ကိုယ်သဘာဝ အခြေအနေမှ အတန်ငယ် ပြောင်းလဲမှုများ
ပြုလုပ်ခဲ့ကြောင်း ဆိုသည်။ ပြင်သစ် ဂျာနယ်လစ် ရိုမိန်းသည် မကြာမီ Avengers:
Age of Ultron စတားနှင့် လက်ထပ်ရန် စီစဉ်ထားပြီး ဖြစ်သည်။ စကားလက်က သူမသည်
ရိုမိန်းနှင့် ပတ်သက်၍ အရာရာ သဘောကျ နှစ်သက်မှု မရှိဘဲ အတန်ငယ် ပြောင်းလဲမှု
အချို့ကို ဖိအားပေး တောင်းဆိုခဲ့ကြောင်း ဖွင့်ဟသွားသည်။
သို့သော်လည်း ရိုမိန်း၏ ပင်ကိုယ်စရိုက်ကို လေးစားမှုရှိပြီး အရာရာ
သူမစိတ်ကြိုက် ပုံသွင်းရန်မူ ရည်ရွယ်မထားဟုလည်း စကားလက်က ဆိုသည်။
"ကျွန်မအနေနဲ့ ကိုယ့်လက်တွဲဖော်ကို ပုံစံလောင်းဖို့ အာသီသ နည်းနည်းတော့
ရှိတယ်လို့ ဝန်ခံရပါမယ်။ ဘယ်သူမဆို လူတစ်ယောက်က ကိုယ်ဖြစ်စေချင်တဲ့
ပုံစံကို လိုက်လျော သဘောတူပေးရင် သဘောကျတတ်တာပဲ မဟုတ်လား"ဟု စကားလက်က
မှတ်ချက်ပြုခဲ့သည်။ အသက်(၂၉)နှစ်ရှိ မင်းသမီးက "ကျွန်မတို့ကြားမှာ
ကွဲပြားမှုတွေ ရှိပေမယ့် အပြန်အလှန် နားလည်မှုကို ပိုပြီး
သန်မာမြင့်မားလာအောင် တည်ဆောက်ယူရတာပါပဲ။ ဘာပဲဖြစ်ဖြစ် ရိုမိန်းရဲ့
ပင်ကိုယ် ပုံစံကိုလည်း ကျွန်မ အလေးထားရပါတယ်။ တစ်ခါတစ်လေ သူ့ကို
ကျွန်မစိတ်ကြိုက် ပြုပြင်ဖို့ အားထုတ်မိတိုင်း ကိုယ့်ကိုယ်ကိုယ်
အပြစ်ရှိသွားသလိုတောင် ခံစားမိတတ်ပါတယ်"ဟုလည်း ဖွင့်ဟသွားခဲ့သည်။
Planet Myanmar Network
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, November 14, 2013
ခင်ပွန်းလောင်းကို စိတ်ကြိုက်ပြောင်းလဲရန် ကြိုးပမ်းခဲ့သည့် စကားလက်ဂျိုဟန်ဆန်
ခင်ပွန်းလောင်းကို စိတ်ကြိုက်ပြောင်းလဲရန် ကြိုးပမ်းခဲ့သည့် စကားလက်ဂျိုဟန်ဆန်
Reviewed by VC
on
November 14, 2013
Rating: 5
Reviewed by VC
on
November 14, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment