- 06 November 2013 |
- By Health Digest
သိပ္ပံပညာ ရှင်တွေဟာ မိုးအေးရင် အဆစ်အမျက်တွေ ကိုက်ခဲလာတဲ့ နှီးနွှယ်မှုကို
စစ်ဆေးနေပြီ ဖြစ်တယ်။ လေ့လာချက်အရ လူ ၁၀ ဦးမှာ ၄ ဦးဟာ သိပ်အေးလွန်း တဲ့အခါ
သူတို့ရဲ့ ကျန်းမာရေး မကောင်းတဲ့ အတွက် ပိုပြီး ပူနွေးတဲ့ နေရာဒေသ
များသို့ ခရီး ထွက်လေ့ ရှိတာကို တွေ့ခဲ့ရတယ်။ အဆစ်အမျက် ကိုက်ခဲတဲ့ ရောဂါ
ရှိလို့ Regenovex တံဆိပ်ပါ အကိုက် အခဲပျောက်ဆေးစားသူ အသက် ၃၅ နှစ်မှ ၇၅
နှစ်အရွယ် လူပေါင်း ၁၀ဝ၀ အား မေးမြန်းကြည့်ရာမှ ပြောပြကြ ခြင်းဖြစ်တယ်။ထိုသူများအား ရာသီဥတုနှင့် ဆက်နွှယ်တဲ့ အဆစ်အမျက် ကိုက်ခဲ မှုနှင့် ပတ်သက်တဲ့ အတွေ့အကြုံများ အကြောင်း မေးခွန်းများ ဖြေဆိုစေ ခဲ့တယ်။ ထိုဖြေဆို သူများ အနက် ၇၂ ရာခိုင်နှုန်းက ရာသီဥတုကြောင့် အဆစ်အမျက် တောင့်တင်း လာခြင်း၊ မအီမသာဖြစ်ခြင်း ကဲ့သို့သောပြဿနာ တွေ ရှိတယ်လို့ ပြောကြပါတယ်။
ဗြိတိန်နိုင်ငံမှာ အဆစ်အမျက် မသက်မသာဖြစ်ခြင်း၊ ကိုက်ခဲခြင်း ကျန်းမာရေး ပြဿနာများဟာ သန်း ပေါင်းများစွာသော လူသားတွေမှာ တိတ်တိတ်လေး ရုန်းကန် ခံစား နေရပြီလို့ ပုဂ္ဂလိက အာဟာရဓာတ် ပညာရှင်အမ်မာဒါဘီရှားက ရှင်းပြ ခဲ့ပါတယ်။ ကျန်စစ်တမ်းက ဒူးနာတဲ့ ပြဿနာဟာ အေးတဲ့ရာသီမှာ အများ ဆုံးခံရကြောင်းနဲ့ ခါးနာ၊ လက်ချောင်း လေးတွေ ကိုက်တာ၊ တင်ပါးဆုံရိုး နာတာ၊ လက်ဆစ်တွေကိုက်၊ လည်ပင်း နာတာတွေ ကလည်း ရာသီဥတုနဲ့ ဆက်နွှယ် ပေါ်လာကြောင်း ဖွင့်ပြနေ ပါပြီ။
No comments:
Post a Comment