Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, October 21, 2013

" ဆိုရှယ် မီဒီယာများပေါ်တွင် တင်ထားသည့် အစားအသောက် ဓာတ်ပုံများကို ကြည့်လျှင် အစာစားလိုစိတ် လျော့နည်းစေနိုင် "


Tuesday, October 22, 2013

စားချင်စဖွယ် မြင်တွေ့ရသည့် ဘာဂါနှင့် အာလူးချောင်းကြော် နှစ်လိုဖွယ် အစားအသောက်များ၏ ဓာတ်ပုံ များကို ဆိုရှယ် မီဒီယာများတွင် ဖြန့်ဝေမှု များသူ နှင့် မိတ်ဆွေ ဖြစ်နေ သူများသည် လက် တွေ့တွင် အစာစားလို စိတ် လျော့နည်း သွားစေနိုင်ကြောင်း အမေရိကန် သုတေသီ နှစ်ဦးက ပြောသည်။

Brigham Young University မှ Ryan Elder နှင့် Jeff Larson ဆိုသည့် ဈေးကွက် ပါမောက္ခ နှစ်ဦး ပြုလုပ်ခဲ့သည့် သုတေသန ရလဒ် အရ Instagram, Pinterest, Facebook စသည့် ဆိုရှယ် မီဒီယာ များပေါ်တွင် လူ တစ်ဦးက အစပြုပြီး ဓာတ်ပုံ ရိုက်ဖြန့်ဝေ လိုက်သည့် စားချင်စဖွယ် ဘာဂါနှင့် ဆလတ် တို့ကို ကြည့်မိ သည့် အွန်လိုင်း မိတ်ဆွေများ အနေဖြင့် စားသောက်လို စိတ်လျော့နည်း သွားစေသည်ဟု ဖော်ပြ သည်။

ဈေးကွက် ပါမောက္ခနှစ်ဦး၏ သုတေသနတွင် လူ ၂၃၂ ဦးပါဝင်ကာ နှစ်ဖွဲ့ ခွဲလိုက်ပြီး တစ်ဖွဲ့ကို အချိုဓာတ် များ သော ကိတ်မုန့်၊ အီဆိမ့် သည့် ချောကလက် အပျော့နှင့် ချောကလက်ပုံ များကို ပြသကာ ကျန်တစ်ဖွဲ့ ကို အငန် ဓာတ်ပါဝင်မှု ရှိသည့် မြေပဲဆံ၊ ကြွပ်၍ အရသာ လေးသော မုန့်ကြိုးလိမ်နှင့် အာလူး ချောင်းကြော် ပုံများ ကို ပြသပြီး စမ်းသပ် ခဲ့သည်။

တင်ပြထားသည့် ပုံများ အပေါ် စားချင်စိတ် ဘယ်လောက် ရှိသည်ဆို သည့် အချက်ပေါ် အခြေခံကာ အဆင့် သတ်မှတ် ပြီးနောက် လေ့လာမှုတွင် ပါဝင်သူ အားလုံးကို ဆားငန် မြေပဲအား စားစေကာ စမ်းသပ်မှုကို အဆုံးသတ်ခဲ့ပြီး ၄င်းတို့၏ မြေပဲအပေါ် အရသာခံစားရ မှုကိုလည်း အဆင့် သတ်မှတ်ခဲ့သည်။ ထိုအခါ အငန်စာ ပုံများကို ကြည့်ခဲ့သူ များက မြေပဲကို မကြည့်ခဲ့ရသော်လည်း အရသာ တွေ့ခဲ့ကြသည်ဟု သုတေသီ များက ပြောသည်။

အစားအစာ ပုံများကို အလွန်အကျွံ ကြည့်ရှုခြင်း သည် လူတို့၏ အစာစား ချင်စိတ်ကို ကျဆင်းစေကြောင်း၊ ကိတ် မုန့်ကို ပထမ တစ်ကြိမ် ကိုက်စားသည့် အရသာ သည် ၅ ကြိမ်မြောက် ကိုက် စားချိန်တွင် အရသာ ကျဆင်းသွား သည့် ပုံစံမျိုးဖြစ်ကြောင်း သုတေသီ နှစ်ဦးက ပြောသည်။

၎င်းတွေ့ရှိချက်များကို Consumer Psychology ဂျာနယ်တွင် ပုံနှိပ် ဖော်ပြထားသည်။

Ref : upi.com
Popular Myanmar News Journal

No comments:

Post a Comment