Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, October 21, 2013

V-Class Mercedes Benz

သင့်အနေနဲ့ ဂျာမနီအခြေစိုက် Mercedes Benz က ထုတ်လုပ်တဲ့ မော်တော်ယာဉ် ဘယ် ၂ စီးရဲ့ အမျိုးအမည်ကို သိပါသလဲ။ A-Class ၊ C-Class ၊ E-Class ၊ S-Class တို့လို လူတိုင်းသိတဲ့ အမျိုးအစားများထက် များပြားလှတဲ့ မျိုးကွဲ၊ အမည်ကွဲ မော်တော်ယာဉ်များကို Mercedes Benz မှ ထုတ်လုပ်လျက် ရှိပါတယ်။ 

ဥရောပမှာ ရောင်းချနေတဲ့ MB တွေထဲမှာ Citan ၊ Vaneo ၊ Viano ၊ Vito စတဲ့ ကားအမျိုးအစားတွေ ပါဝင်နေပါတယ်။ ယခုအခါမှာတော့ MB အနေနဲ့ ဤအမည်ကွဲများကို စုစည်းပြီး V-Class လို့ ခေါ်ဝေါကာ ထုတ်လုပ်သွားတော့မယ်လို့ သိရှိရပါတယ်။ 

ဒီ အသစ်စက်စက် V-Class ဟာ အိမ်စီး Van ကား ဖြစ်ပြီး MB ရဲ့ အရည်အသွေးနဲ့ အဆင့်အတန်းကို အပြည့်အဝ မှီစေရမယ်လို့လည်း သိရှိရပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ V-Class Van ရဲ့ အတွင်းပိုင်း ဓာတ်ပုံတွေကို ကြည့်ခြင်းအားဖြင့်လည်း V-Class ဟာ ဖွဲ့စည်းပုံ အနည်းငယ် ဆန်းပြားနေသည်မှလွဲ၍ MB ထုတ် အဆင့်မြင့် ဇိမ်ခံကားတစ်စီး ဖြစ်တယ်လို့ သေချာပေါက် ဆိုနိုင်ပါတယ်။ 

လျှို့ဝှက်အမည် W447 လို့ခေါ်တဲ့ ဒီ V-Class ရဲ့ ကိုယ်ထည်ဟာ သံပြား (sheetmetal) နဲ့ ပြုလုပ်ထားမည်ဖြစ်ပြီး လာမယ့် နိုဝင်ဘာလမှာ ကျင်းပပြုလုပ်မယ့် Geneva နိုင်ငံတကာ မော်တော်ယာဉ်ပြပွဲမှာ ပထမဆုံးအကြိမ်အဖြစ် မိတ်ဆက်ပြသ သွားဖို့ ရှိနေပါတယ်။

Myanmar Consumer Guide

No comments:

Post a Comment