ယင်း၏ မော်တော်ယာဉ်အား တားမြစ်ဖမ်းဆီးခဲ့သည့် ရဲအရာရှိမှာလည်း နှစ်ပေါင်း ၄၀ ကြာ လိုင်စင်မရှိပဲ ကားများကို မောင်းနှင်နေကြောင်း သိရှိလိုက်ရသည့် အခါတွင် ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရသည်။
ပို၍ဆိုးသည်မှာ ယင်းမောင်းနှင်နေသည့် မော်တော်ယာဉ်သည် အာမခံ မရှိသည်ကို စစ်ဆေးတွေ့ရှိ ခဲ့ရသဖြင့် သိမ်းဆည်းခြင်းလည်း ခံခဲ့ရသည်။
ဗဟိုအဝေးပြေး ယာဉ်ထိန်းရဲတပ်ဖွဲ့က ယင်းတို့၏ Twitter ပေါ်၌ “West Midlands မှာ အာမခံ မရှိတဲ့ ကားတစ်စီးကို ဖမ်းဆီးရမိခဲ့ပါတယ်။ ယာဉ်မောင်းဟာလည်း အံသြစရာကောင်းအောင် နှစ် ၄၀ လုံးလုံး လိုင်စင် မရှိခဲ့ပါဘူး။” ဟု ရေးသား ဖော်ပြခဲ့သည်။
အဆိုပါ ယာဉ်မောင်းသည် ဒဏ်ကြေးငွေ ပေါင် ၁၀၀၀ အထိ ပေးဆောင်ရဖွယ် ရှိပြီး ယာဉ်မောင်းနှင်မှုလည်း ပိတ်ပင်ခြင်း ခံရမည်ဖြစ်သည်။ (ဒီပြစ်ဒဏ်ကို သူအနေနဲ့ ဂရုစိုက်ရင်ပေါ့လေ)
Myanmar Consumer Guide
http://www.worldcarfans.com/113102064722/man-finally-gets-caught-after-40-years-of-driving-without

No comments:
Post a Comment