CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, October 17, 2013
အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီက သန်းပေါင်းများစွာသော အီးမေးလ်သုံးစွဲသူများ၏ အကောင့်များအား ၀င်ရောက်ကြည့်ရှုခဲ့
AP
အမေရိကန်အမျိုးသားလုံခြုံရေး အေဂျင်စီ (#NSA) က ဖြစ်နိုင်ချေရှိသော အကြမ်းဖက်တိုက်ခိုက်မှု ကွင်းဆက်များ သို့မဟုတ် ဥပဒေချိုးဖောက်သော ဆောင်ရွက်မှုများအား ရှာဖွေရန်အတွက် ကမ္ဘာတစ်လွှားရှိ သန်းပေါင်းများစွာသော အီးမေးလ်သုံးစွဲသူများ၏ အကောင့်များအား ၀င်ရောက်ကြည့်ရှုခဲ့ပြီးဖြစ်သည်ဟု အောက်တိုဘာ ၁၆ ရက်က အေပီ သတင်းဌာနမှ ဖော်ပြထားသည်။
ကမ္ဘာ့တစ်လွှားရှိ အချက်အလက်များအား ချိတ်ဆက်ပေးနေသည့် #Yahoo, #Gmail, #Facebook နှင့် #Hotmailများရှိ ကိုယ်ပိုင်အကောင့်များမှ ထောင်ပေါင်း၊ ရာပေါင်းများစွာသော အီမေးလ်များအား NSA မှ ဖြတ်တောက် ကြည့်ရှုခဲ့သည်ဟု ၀ါရှင်တန်ပို့စ်သတင်းစာမှ ရေးသားအစီရင်ခံလိုက်သည်။ ထို့အပြင် NSA အနေဖြင့် အီးမေးလ်အကောင့်များနှင့် တိုက်ရိုက်ချိန်းဆို စကားပြောသည့် ၀န်ဆောင်မှုများမှ သူငယ်ချင်းစာရင်းပေါင်း သန်းဝက်ခန့်မျှကိုလည်း စုဆောင်းထားခဲ့သည်ဟု ဖော်ပြထားသည်။
ယင်းသတင်းအစီရင်ခံစာအား ရေးသားရန်အတွက် ၀ါရှင်တင်ပို့စ်အနေဖြင့် NSA ၏ လျှို့ဝှက်သတင်းများကို ဖွင့်ချခဲ့သူ စနိုးဒန်ထံမှရရှိခဲ့သည့် လျို့ဝှက်မှတ်တမ်းများနှင့် စုဆောင်းခြင်း နည်းပညာများအား လေ့လာခဲ့သည့်အပြင် ထိပ်တန်းထောက်လှမ်းရေးအာဏာပိုင်များနှင့်လည်း အတည်ပြုချက် ရယူခဲ့သည်။
ထို့အပြင် NSA က အဆက်အသွယ်များအား လေ့လာဆန်းစစ်ရန်အတွက် အမျိုးမျိုးသော နိုင်ငံခြားထောက်လှမ်းရေးပစ်မှတ်များအကြား ပေါင်းသင်းဆက်သွယ်မှုများအား မြေပုံထုတ်ခဲ့သည်ဟုလည်း ၀ါရှင်တန်ပို့စ်က ဖော်ပြထားသည်။ ယမန်နှစ်အတွင်း၌ အရေးကြီးသည့်နေများတွင် NSA ၏ အထူးသတင်း ရင်းမြစ်စစ်ဆေးရေးအဖွဲ့ခွဲမှ အီးမေးလ်လိပ်စာ စာအုပ်ပေါင်း ၄၄၄,၀၀၀ ကျော်အား စုဆောင်းခဲ့ပြီး ယင်းပမာဏမှတစ်နှစ်လျှင် အကြိမ်ရေ သန်း ၂၅၀ အထိ ဆက်သွယ်လိမ့်မည်ဟုလည်း ဖော်ပြထားသည်။ သို့သော် NASA အား စောင့်ကြပ်ကြည့်ရှုနေသည့် ဒါရိုက်တာ၏ ရုံးခန်းမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မိမိတို့အဖွဲ့အနေဖြင့် တရားဝင်သည့် ပစ်မှတ်များကိုသာ ထောက်လှမ်းကြည့်ရှုနေခြင်းဖြစ်ပြီး သာမန် အမေရိကန် နိုင်ငံသားများ၏ ပုဂ်္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်များအား စိတ်ဝင်စားမှုမရှိဟု ၀ါရှင်တန်ပို့စ်သို့ ဖြေကြားခဲ့သည်။
ပြောရေးဆိုခွင့်ရှိသူ Shawn Turner က NSA အနေဖြင့် အမေရိကန်နိုင်ငံတွင် အမြဲတမ်း အခြေချနေထိုင်ခွင့်ရရှိသူ သို့မဟုတ် အမေရိကန် နိုင်ငံသားတစ်ဦးဟု အတည်ပြုထားသည့် သတင်းအချက်အလက်များအား ဥပဒေကြောင်းအရ ညွှန်းကြားထားသည့် အောက်တွင်သာ ရယူခြင်း၊ အသုံးပြုခြင်းနှင့် ဖြန့်ဖြူးခြင်းများ ပြုလုပ်သည်ဟု ပြောကြားလိုက်သည်။
NSA အနေဖြင့် ပြည်ပနိုင်ငံများမှ အီးမေးလ်သုံးဆွဲသူများ၏ အီးမေးလ်များနှင့် မက်ဆေ့ခ်ျများကိုလည်း ယခုကဲ့သို့ စုဆောင်းခြင်းများပြုလုပ်ပြီး၊ ယင်းသို့ ပြုလုပ်နိုင်ရန်အတွက် နိုင်ငံခြားဆက်သွယ်ရေး ကုမ္ပဏီများ သို့မဟုတ် အင်တာနက်အား ထိန်းချုပ်သည့် တခြားသောဝန်ဆောင်မှုများနှင့် လျှို့ဝှက်သဘောတူညီချက်များ ရယူထားသည်။
အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီက သန်းပေါင်းများစွာသော အီးမေးလ်သုံးစွဲသူများ၏ အကောင့်များအား ၀င်ရောက်ကြည့်ရှုခဲ့
Reviewed by VC
on
October 17, 2013
Rating: 5
Reviewed by VC
on
October 17, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment