Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 17, 2013

ဘုရားအကြောင်းပြ၍ ဘုရားဂေါပကများ ကိုယ်ကျိုးစီးပွားရှာခြင်းမရှိစေရန်စည်းမျဉ်းအသစ် ချမှတ်မည်


Updateရန်ကုန် အောက်တိုဘာ ၁၇။
ဘုရားဂေါပကများ ဘုရားအကြောင်းပြ၍ ကိုယ်ကျိုးရှာသူများ မရှိစေရန် ဘုရား၊ ကျောင်း၊ ကန်၊ စေတီများ ကျမ်းဂန်နှင့်အညီ ညီညွှတ်ခြင်းရှိစေရန်အတွက် ပညာရှင်များ ပါဝင်သော ဘုရားကျောင်းကန် စေတီများစစ်ဆေး ရေးအဖွဲ့အား ဖွဲစည်းရန်အတွက်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သာသနာရေးဝန်ကြီးဌာနမှ သိရသည်။
ယင်းကဲ့သို့ ဘုရားကျောင်းကန် စေတီများစစ်ဆေးရေးအဖွဲ့အား ဖွဲ့စည်းရာတွင်လည်း သမိုင်းပညာရှင်၊ ဘူမိဗေဒ ပညာရှင်၊ အင်ဂျင်နီယာ ပညာရှင်များနှင့် အရပ်ဖက်လူမှုအဖွဲ့စည်းများ၏ ပူးပေါင်းပါဝင် မှုအားဖိတ်ခေါ်သွား မည်ဖြစ်ကြောင်း သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ပြောသည်။
“ကျွန်တော်တို့  ဗုဒ္ဓဘာသာဝင်တွေနဲ့ ပတ်သက်လို့  ဘုရားကျောင်းကန်တွေသည် ကျမ်းဂန်နှင့်ညီညွှတ် ခြင်းရှိအောင် ဘုရားကျောင်းကန်တွေသည် ကြံ့ခိုင်ရေးတွေ ပိုကောင်းအောင် ဘုရားကျောင်းကန်တွေသည် လုံခြံရေးတွေ ပိုကောင်းအာင် ဘုရာစေတီတွေပေါ်မှာ မသင့်တော်တာတွေ မရှိအောင် အလှူရှင်တွေ သဒ္ဒါရှိတိုင်း ဘုရားကျောင်းကန် စေတီတော်တွေရဲ့ အင်္ဂါရပ်တွေ ပျက်ဆီးမှာကို စိုးတဲ့အတွက် ပညာရှင်ပေါင်း စုံပါဝင်တဲ့ အဖွဲ့အစည်းကို ဖွဲ့စည်းပြီးတော့ မြန်မာနိုင်ငံအနှံ့မှာ ရှိနေတဲ့ ဘုရားကျောင်းကန် စေတီတွေကို လိုက်လံစစ်ဆေးဖို့  ရှိပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဦးဆန်းဆင့်က ဆိုသည်။
ယခင်အစိုးရ လက်ထက်မှ ယခုအစိုးရ လက်ထက်အထိ ဘုရားဂေါပကဝင်များ ဘုရားဘဏ္ဍာ အလွဲသုံးစားမှုများ ရှိနေသည့် အတွက် သာသနာရေးဝန်ကြီးဌာနအား ဆက်တိုက်တိုင်ကြားမှုများ ရှိနေကြောင်း၊ ယင်းကြောင့် ဘုရား  ဂေါပက စည်းမျဉ်း စည်းကမ်းဥပဒေများအား ရေးဆွဲကာ မြန်မာတစ်နိုင်ငံလုံးတွင် ရှိသည့် ဘုရားဂေါပကများအား မဲပေးစနစ်ဖြင့် ပြန်လည်ရွှေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
“တကယ်တော့ ဘုရားဂေါပကတွေဆိုတာပြည်သူကမဲနဲ့ ရွှေးပြီးခန့်ထားရတာ ဒါပေမယ့် ဒီနေ့ဘုရားဂေါပကတွေ ဟာ အကုန်လုံးက လက်သင့်ရာ ခန့်ထားတာတွေကြီးဘဲ အခုစည်းမျဉ်းစည်းကမ်း ဥပဒေတွေကို ရေးဆွဲနေတယ် ဒါတွေပြီးရင်တော့ ဘုရားဂေါပကတွေ အကုန်လုံးကို ပြည်သူက မဲပေးတဲ့ စနစ်နဲ့ ပြန်လည်ရွှေးချယ် သွားပါမယ်” ဟု သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ထပ်လောင်း ပြောဆိုခဲ့သည်။
ဘုရားဂေါပကအသစ် ပြန်လည်ရွှေးချယ်ရန်အတွက် စည်းမျဉ်းစည်းကမ်း ဥပဒေသည် ယခုအချိန်တွင် နိုင်ငံတော် အဆင့် ဘုရားဂေါပက၊ ပြည်နယ်အဆင့် ဘုရားဂေါပက၊ တိုင်းဒေသကြီးအဆင့်ရှိ ဘုရားဂေါပက တာဝန်များအားခွဲ ခြားနေကြောင်း အဆိုပါ စည်းမျဉ်းစည်းကမ်း ဥပဒေထဲတွင် ဥပဒေပြဌာန်းချက် ၁၉ ခန်းနှင့် ဥပဒေ ပုဒ်မ ၁၁၈ ခုပါဝင်မည်ဖြစ်ကြောင်း သာသနာရေးဝန်ကြီးဌာနမှ သိရသည်။
ဘုရားဂေါပကဝင်များအား ပြည်သူများကတိုင်ကြားမှုများနှင့် ပတ်သက်၍ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့များနှင့် စစ်ဆေးလျက်ရှိကြောင်း သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆန်းဆင့်၏ ပြောကြားချက်များအရ သိရသည်။
နှင်းနွယ်

No comments:

Post a Comment