Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 17, 2013

ဆီရီးယားပြည်သူများ မွတ်စလင်ဘုန်တော်ကြီး၏ ခွင့်ပြုချက်ဖြင့် ကြောင်၊ ခွေးနှင့် မြည်းများ သတ်စားခွင့်ပြု

17.10.2013kst2 အောက်တိုဘာ ၁၇။

ဆီရီးယားမှ မွတ်စလင် ဘုန်းတော်ကြီးက ဖတ်ဝါ (အစ္စလာမ် ဘာသာရေး ခေါင်းဆောင်၏ အဆုံး အဖြတ်) ပေးကာ ပြည်သူများအနေဖြင့် ခွေး၊ ကြောင် နှင့် မြည်းတို့ကို သတ်စားရန် ခွင့်ပြုလိုက်သည်။ ထိုဖတ်ဝါသည် ပြည်တွင်းစစ် ဖြစ်နေသာ ဆီရီးယားတွင် ကလေးသူငယ်များ အာဟာရပြတ်နေသော ပုံများအင်တာနက်တွင် ပျံ့နှံ့သွားပြီးနောက်ပိုင်း ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
အပျော်တမ်း လက်ရာများအဖြစ် ထွက်လာသော ဂရပ်ဖစ်ဗီဒီယိုဖိုင်များကို ဒမက်စကတ်မြို့မှ လှုပ်ရှားတက် ကြွသူများက ဖြန့်ဝေခဲ့သည်။ ထိုဗီဒီယိုတွင် အစာအာဟာရ ပြတ်နေသာ စစ်ဘေးဒဏ်သင့် ကလေးငယ် များစွာ၏ အဖြစ်ကို ရှင်းလင်းစွာ မြင်တွေ့ရသည်။ ဗီဒီယိုတစ်ခုတွင် လူနာတင်ပေါ် လဲလျောင်းနေသော Ibrahim Khail ဆိုသည့် ကောင်လေး တစ်ယောက်၏ နံရိုးနှင့် ပါးရိုးတို့သည် ဖျော့တော့သောသူ၏ အရေပြားအောက်တွင် ငေါထွက်နေပြီး မျက်ကွင်းညိုဖြင့် မသက်မသာ ဖြစ်နေပုံကို တွေ့ရသည်။
ယခု ခွင့်ပြုချက်ကို ဒမက်စကတ်မြို့ ဆင်ခြေဖုံးဏဧရိယာ တစ်ဝိုက်ရှိ ဗလီကျောင်းများမှ ထုတ်လွှင့် ခဲ့ခြင်း ဖြစ်သည်။ ယင်းဒေသ အများစုကို သူပုန်များက ထိန်းချုပ်ထားပြီး အစိုးရတပ်များက ပြန်လည် သိမ်းယူ နိုင်ရန် နေ့စဉ် လက်နက်ကြီးများဖြင့် ထိုးစစ်ဆင် ရှိသည်။ ထို့ပြင် အစိုးရတပ်များက စားနပ်ရိက္ခာနှင့် ကယ်ဆယ်ထောက်ပံ့ လမ်းကြောင်းများကိုလည်း ပိတ်ဆို့ရန်လည်း ကြိုးပမ်းလျှက်ရှိသည်။
ဘုန်တော်ကြီးက ယခုကြေညာချက်သည် ကမ္ဘာတစ်ဝန်းလုံး၏ အကူအညီကို တောင်းခံလိုက်ခြင်းဖြစ်ကြောင်း၊ ယခုထက် အခြေအနေ ပိုဆိုးရွာလာလျှင် အစာငတ်ကာ အသက်ပေါင်းများစွာ ဆုံးရှုံးတော့မည်ဖြစ်ကြောင်း ဆိုသည်။
မွတ်စလင်များအတွက် အိဒ်နေ့ရက်သည် ကလေးများကို အ၀တ်အစားသစ် ဆင်ခြင်း၊ သူငယ်ချင်းများနှင့် ပျော်ပျော်ပါးပါး ကစားစေကာ မိသားစုအချင်းချင်း အစားအစာအပြန်အလှန် ပေးကမ်းခြင်းများ ပြုလုပ်လေ့ရှိသော နေ့ရက်ဖြစ်သည်။ သို့သော် လက်ရှိအချိန်တွင် ဒမက်စကတ်မှ  ကလေးများမျာ အာဟာရပြတ်လပ်ကာ သေဆုံးလျှက်ရှိပြီး ဆရာဝန်များမှာလည်း သူတို့လူနာကို ကုသရာတွင် အဓိကကျသော အားဖြည့်ပေးမည့် အစားအစာ မရှိခြင်း၊ ဆေးဝါးပြတ်လပ်နေခြင်းတို့ကြောင့် ကျန်းမာရေး ၀န်ဆောင်မှု အများစုမှာ အရာမထင်၊ မထိရောက်ဘဲ ဖြစ်နေတော့သည်။
Ref; Reuters
http://themyanmaage.com/?p=11556

No comments:

Post a Comment