Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 17, 2013

Learnign English - BUNK - အဓိပ္ပာယ်မဲ့စကား


BUNK - အဓိပ္ပာယ်မဲ့စကား - ဒေါ်နွယ်နွယ်
'Bunk' ဟူသော အမေရိကန်သုံးဝေါဟာရသည် စိတ်ဝင်စားဖွယ် အဓိပ္ပာယ်ထက် ဗန်းစကားအနေဖြင့် ထူး ခြားစွာသုံးသည်။ Bunk ၏ အဓိပ္ပာယ်မှာ ခရီးသွား ယာဉ်ရထား၊ သင်္ဘောများပေါ်၌ပါသော အိပ်စင်နှင့် အိမ် မှ ထွက်ပြေးသည်၊ လစ်ပြေးသည်ဟူ၍ ဖြစ်သည်။ မသမာမှုတစ်ခုခုပြု၍ ထွက်ပြေးသည်ကို "The cashier has done a bunk with aday's takings." ဟု ရေးသားသည်။
လူသုံးများ၊ လူကြိုက်များလှသော bunk ၏ အခြားအဓိပ္ပာယ်မှာ “အဓိပ္ပာယ်မရှိသော စကား၊ ပေါက် ကရစကား၊ မဟုတ်မဟပ်ပြောသောစကား” ဟူ၍ ဖြစ်သည်။ ထိုစကားမျိုး ပြောလေ့ ရှိသောသူကို He is full of bunk (သို့) He is talking bunk ဟု ရေးနိုင်သည်။ ယင်းတို့မှာ He is full of hot air or nonsense ဟူ သောဝါကျနှင့် အဓိပ္ပာယ်တူပြန်သည်။ “ဒီစကားတွေဟာ အခြေအမြစ်မရှိတဲ့စကား၊ မဟုတ်မဟပ်စကားတွေ ဘဲ” ဟု ပြောလိုလျှင် That's all bunkum (သို့) It's all bunkum ဟု ပြောနိုင်ရေးနိုင်သည်။
Bunk (သို့) bunkum ဟူသော ဝေါဟာရသည် “အဓိပ္ပာယ်မရှိသောစကား၊ အကျိုးမဲ့ပေါက် ကရ ပြောသောစကား”  ဟု ဆိုစေကာမူ ကျွန်ုပ်တို့ဝန်းကျင်တွင် နေရာတိုင်း လူတိုင်း ဖောဖောသီသီ သုံးစွဲနေခြင်း ကြောင့် အချို့က စီးပွားရေးပညာရှင်များ၏  ကုန်ထုတ်မှု အယူအဆနှင့် နှိုင်း ယှဉ်သတိပေး ရေးသားကြ သည်။
ရောင်းကုန်ပစ္စည်းတစ်ခု၏ ကုန်ထုတ်လုပ်မှုနှုန်း (Supply) များလျှင် ဝယ်ယူသုံးစွဲမှု (demand) လျော့လာပြီး ကုန်ပစ္စည်းဈေးနှုန်း တန်ဖိုးကျဆင်းသွားသည်။ ထိုနည်းတူ တစ်ဦးတစ်ယောက်သည် အဓိ ပ္ပာယ်မဲ့ပေါက်ကရစကား (Bunk) ကို များများပြောလွန်းလျှင် bunk (supply) များ၍ သူ၏ ပေါင်းသင်းဆက် ဆံရေးနယ်၌ သူ့ကို ယုံကြည်လေးစားမှု၊ ခင်မင်ရင်းနှီးလိုမှု စသော (demand) လျော့နည်းလာပြီး သူ၏ လူ့ တန်ဖိုးလျော့ကျသွားခြင်းကို ခံရမည်ဟုဆိုသည်။
"Bunk" ကို အမေရိကန်ပြည်တွင် ၁၈၂၀ ခုနှစ်ခန့်က စတင်ပေါ်ပေါက်သုံးစွဲလာခဲ့သည်။ အနောက် ပိုင်း Missouri ကဲ့သို့သော ပြည်နယ်တို့က ကျွန်ဘဝနှင့် ၎င်းတို့၏ အခြေချနေထိုင်စရာ နယ်မြေကန့်သတ်မှု မရေမရာဖြစ်နေခြင်းကို လွှတ်တော်၌ အပြင်းအထန် အငြင်းပွားတောင်း ဆိုနေကြသော အချိန်ဖြစ်သည်။ Missouri က ပြည်ထောင်စုကြီးတွင် ကျွန်ပြည်နယ် အဖြစ် ပေါင်းစပ်ပါဝင်လိုကြောင်း တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုမှုကို မြောက်ပိုင်း လွှတ်တော်အမတ်များက ကန့်ကွက်ခဲ့ကြသည်။ နောက်ဆုံးတွင် ညှိနှိုင်းမှု တစ်ခုရရှိခဲ့ကြပြီး Missouri ကို ကျွန်ပြည်နယ်အဖြစ် Maine ပြည်နယ်ကို လွတ်လပ်သော ပြည်နယ်အဖြစ် ပါဝင်စေခဲ့သည်။
ထိုကိစ္စကို လွှတ်တော်တွင် အချေအတင်ဆွေးနွေးငြင်းခုံကြစဉ် မြောက်ကာရိုလိုင်းနား (Carolina) ပြည်နယ် Buncombe ခရိုင်မှ လွှတ်တော်အမတ် Mr. Walker သည် အလွန်ရှည် လျားငြီးငွေ့ဖွယ်ရာ ငြင်းခုံ ဆွေးနွေးမှုတစ်ခုပြုလုပ်ခဲ့သည်။ သူ၏ ဆွေးနွေးတင်ပြချက်မှာ ရှည်လျား သည်မှလွဲ၍ ဆောင်ရွက်စရာအရေး ပါသောအချက်ဟူ၍ ရှာမရအောင် နည်းပါးလှသည်။ ထို့ကြောင့် လွှတ်တော်အတွင်း ဥပဒေပြဋ္ဌာန်းသူများက သူ၏ ဆွေးနွေးချက်ကို သည်းမခံနိုင်ဖြစ်ကြပြီး ဆက်နား မထောင်ကြတော့ဘဲ အခန်းထဲမှ ထွက်သွားကြ သည်။ နောက်ဆုံးတွင် Mr. Walker က သူ၏ ဝေ့ လည်ကြောင်ပတ် ရှည်လျားစွာဆွေးနွေးခဲ့မှုကို တောင်း ပန်ပြီး သူပြောခဲ့သမျှအားလုံးမှာ သူ့ခရိုင် Buncombe ကို ရည်ညွှန်း၍ ပြောခဲ့သည်။ Buncombe ရှိသတင်း စာများတွင် ပုံနှိပ်ဖော်ပြခြင်းဖြင့် သူ၏မဲ ဆန္ဒရှင်များက သူမည်မျှ သူတို့အကျိုး၊ သူတို့လိုလားချက်များ ကို ဆောင်ရွက်ပေး ခဲ့ကြောင့်သိစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ "I am talking to Buncombe" ဟု ဆိုခဲ့သည်။
ထိုအချိန်မှ စ၍ Mr. Walker ၏ talking to Buncombe စကားကို အနှစ်သာရမ ပါဘဲ ပေါက်ကရ ပြောဆိုခြင်း၊ အဓိပ္ပာယ်မဲ့စကားများဖြင့် စကားကြောရှည်ခြင်း တို့ကို ဖော်ပြရန် အမေရိကန်ဘာသာစကား၌ စ၍ အသုံးပြုလာခဲ့သည်။ အချိန်ကြာသောအခါ buncombe ကို အတိုချုံ့၍ bunk (သို့) bunkum ဟူ၍သုံး ခဲ့ကြသည်။
Bunk မှ တစ်ဆင့် debunk ဟူသော ဝေါဟာရတစ်လုံး ထပ်မံတိုးလာခဲ့သည်။ debunk ၏ မူလအဓိပ္ပာယ်မှာ ရှေးဟောင်းအစဉ်အလာ၊ ဓလေ့ထုံးစံများကို ပယ်ဖျက်သည်ဟူ၍ဖြစ်သည်။ လူသုံးများ သော အခြားအဓိပ္ပာယ်မှာ လူတစ်ဦး၏ ဂုဏ်သတင်း၊ အသင်းအဖွဲ့တစ်ခု၏လှုပ်ရှားဆောင်ရွက်မှု၊ နိုင်ငံရေး လှုပ်ရှားမှု၊ ကျော်ကြားသော အတွေးအခေါ်အယူအဆများ စသည်တို့တွင် အမှန်တကယ်မဟုတ်ဘဲ သတင်းကြီးကျော်ကြားနေမှုများ၊ လွဲမှားနေမှုများကို ထုတ်ဖော်ဝေဖန်ခြင်း၊ သရော်လှောင်ပြောင်၍ ရေးသား ဖော်ထုတ်ခြင်းတို့ကို ဆိုလိုသည်။
This is debunking the myths that have come to be regarded as historical facts. ဒဏ္ဍာရီကို သမိုင်းဖြစ်ရပ်အဖြစ် မှားယွင်းစွာယူဆထားသည်ကို ဖော်ထုတ်ရေးသားခြင်းဖြစ်သည်ဟု ဆိုလို သည်။ အမေရိကန်ရှိ ကလောင်စွမ်းထွက်သော အကောင်းဆုံးအတော်ဆုံး စာရေးဆရာများသည် အစစ်အ မှန်မဟုတ်သော ကျော်ကြားနေမှုအမျိုးမျိုးကို ဖော်ထုတ်ရေးသားကြသူ debunker များ ဖြစ်ကြ သည်။
ယခုခေတ်တွင် အမေရိကန်၌ debunk သည် လူတိုင်းသုံးစွဲနေသော စကားလုံးဖြစ်သည်။ ကျား၊ မ၊ လူကြီး၊ လူငယ်မရွေး၊ ခလေးပါမကျန် debunk ကို နှစ်သက်စွာ ထပ်ခါတလဲလဲ အမြဲသုံး စွဲနေကြသည်။
(1993 February လထုတ် American Mosaic မှ Bunk (Words and Theirs Stories) ကို ဘာသာပြန်ပါသည်။

ဒေါ်နွယ်နွယ်

No comments:

Post a Comment