Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 11, 2013

ရန်ကုန်မြို့ အတွင်း ဆောက်လုပ်ရေး လုပ်ငန်းများ ဥရောပနှင့် ဂျပန် ဒီဇိုင်းများ ဆောက်လုပ် လာကြ



ရန်ကုန်မြို့တော် အတွင်း ဆောက်လုပ်ရေး လုပ်ငန်းများသည် ယခုနှစ်အတွင်း ဥရောပနှင့် ဂျပန်ဒီဇိုင်း များ တည်ဆောက်မှု ပိုမိုများပြား လာကြောင်း ရန်ကုန်မြို့ ဆောက်လုပ်ရေး လုပ်ငန်းများမှ သိရသည်။

အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်းများတွင် လူနေထိုင်မှု ပုံစံပြောင်းလဲ တိုးတက် လာသည် နှင့်အမျှ ရန်ကုန်မြို့ အတွင်း လူကြိုက်များသော ဒီဇိုင်းပုံစံများ ရွေး ချယ် တည်ဆောက် လာကြကြောင်း၊ တိုက်ပြင်ပ ပုံစံသာ အထက်ပါ ဒီဇိုင်းများ ရွေးချယ် တည်ဆောက်ပြီး အတွင်းပိုင်း အပြင် အဆင်မှာ မြန်မာဒီဇိုင်း ဖြစ်ကြောင်း၊ တိုက် ဖွဲ့စည်းပုံ ဒီဇိုင်းသည် ဥရောပ ဒီဇိုင်းမှာ အဆင် ပြေကြောင်း သိရှိ ရသည်။

''အဓိက ကတော့ လူကြိုက်များတဲ့ ပုံစံတွေကို တည်ဆောက် ကြတာပါ။ တချို့ ဒီဇိုင်းတွေက မြန်မာလူနေမှု ပုံစံနဲ့ မကိုက်တော့ အပြင်ပိုင်းသာ ဒီဇိုင်းယူတယ်။ တောင်ကိုရီးယား ဒီဇိုင်းတွေလည်း ဆောက်လုပ်လာကြ တယ်'' ဟု ဆောက် လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

ယင်းအတွက် ဂျပန်ဒီဇိုင်း များအား ကိုယ်ပိုင် တိုက်ပုများနှင့် ကုမ္ပဏီ၊ Show Room ပြခန်းများ၌ အသုံးပြု တည်ဆောက်မှု များလာခြင်း ဖြစ်ကြောင်း၊ အတွင်း ခန်းများ ပြင်ဆင်မှုတွင် အခန်းဖွဲ့ စည်းပုံ၊ ဆွဲတံခါး ပြုလုပ်ခြင်း တို့ကို နှစ် သက်ပြီး မြန်မာ လူနေထိုင်မှု ပုံစံနှင့် ပေါင်းစပ် ဆောက်လုပ်ကြကြောင်း၊ အိမ်ခြံမြေ ဈေးကွက်အတွင်း လက်ရှိတွင် ဆောက်လုပ်ရေး လုပ်ငန်း အများအပြား တည်ဆောက်လျက်ရှိပြီး တိုက်ခန်း ရောင်းချရမှုတွင် နည်း ပါး နေကြောင်း သိရှိ ရသည်။

ထို့အပြင် အထပ်မြင့် အဆောက်အအုံများ တည်ဆောက်မှုတွင် မြေနေရာ ကျဉ်းမြောင်းခြင်းကြောင့် အခန်းအပြင် ဝရံတာ၌ ပန်းခြံငယ်များ တည်ဆောက်မှု ပါဝင်သော ဥရောပ ဒီဇိုင်းများဖြစ်ကြောင်း၊ ခြံဝန်းဖြင့် ဆောက်လုပ်သော တိုက်ပုများတွင်သာ တောင်ကိုရီးယား နှင့် ဂျပန်ဒီဇိုင်း အသုံးပြုမှု များကြောင်း သိရှိရသည်။

http://www.myawady.net.mm/allnews/local/item/27760-2013-10-11-15-18-29

 


မြ၀တီ

No comments:

Post a Comment