Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 11, 2013

အင်္ဂလန်ကို ကမ္ဘာ့ဖလား ၀င်ခွင့်ရရှိစေရန် ရွန်နီနှင့် စတားရစ်ခ်ျ စွမ်းဆောင်နိုင်လိမ့်မည်ဟု ဂျရတ် ဆို


လာမည့် နွေရာသီတွင် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်း ၀င်ခွင့်ရရှိစေရန် ရွန်နီနှင့် စတားရစ်ခ်ျတို့ စွမ်းဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း လီဗာပူးလ်ကြယ်ပွင့် စတီဗင် ဂျရတ်က ပြောကြားလိုက်သည်။

အင်္ဂလန်အသင်း မန်နေဂျာ ရွိုင်းဟော့ဒ်ဆန်သည် ယနေ့ညတွင် ၀င်ဘလေကွင်း၌ မွန်တီနီဂရိုးနှင့် ကစားရမည့် ပွဲစဉ်အတွက် အဆိုပါ တိုက်စစ်မှူး နှစ်ဦးကို တွဲဖက်ကစားစေမည်ဖြစ်သည်။

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရွန်နီသည် မန်နေဂျာသစ် ဒေးဗစ်မိုယက်စ် လက်အောက်တွင် ၆ ပွဲကစားကာ ၅ ဂိုးသွင်းယူထားသည်။ စတားရစ်ခ်ျမှာ လီဗာပူးလ်နှင့် ၁၅ ပွဲ ကစားထားပြီး ၁၄ ဂိုး သွင်းယူထားသည်။

သို့သော်လည်း ၎င်းတိုက်စစ်မှူး နှစ်ဦးသည် အိုင်ယာလန်နှင့် ကစားခဲ့သည့် ချစ်ကြည်ရေးပွဲစဉ်တွင် ၃၃ မိနစ်ခန့်သာ တွဲဖက်ကစားရသေးသည်။

သို့ရာတွင် စတီဗင်ဂျရတ်က ပရီးမီးယားလိဂ်တွင် လီဗာပူးလ်ကို ဒုတိယနေရာ၌ ရပ်တည်နိုင်အောင် ဂိုးများစွာ သွင်းယူကာ စွမ်းဆောင်နိုင်ခဲ့သည့် စတားရစ်ခ်ျသည် အံ့အားသင့်ဖွယ် အရာများကို လုပ်ဆောင်နိုင်သူဖြစ်ကြောင်း ချီးကျူးခဲ့သည်။

“သူဟာ ကျွန်တော် ထင်ထားတာထက် ပိုကောင်းတဲ့ ကစားသမားပါ။ သူဟာ ထက်မြက်သလို နည်းစနစ်ပိုင်းကိုလည်း ကျွမ်းကျင်ပိုင်နိုင်သူပါ။ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲက သူသွင်းယူခဲ့တဲ့ ဂိုးကို ကြည့်ရင် သူ့ရဲ့ ဂိုးသွင်းစွမ်းရည် ဘယ်လောက်ကောင်းတယ်ဆိုတာကို သိနိုင်ပါတယ်” ဟု ဂျရတ်က ပြောကြားခဲ့သည်။

Soccer Myanmar

No comments:

Post a Comment