Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 11, 2013

ဇေယျာဟိန်း ခရီးသည်တင် ယာဉ်ပေါ်မှ မိုင်းဟု ယူဆရသော အထုပ်တစ်ထုပ် တွေ့ရှိ


ညောင်လေးပင်မှ ဖြူးမြို့သို့ ဇေယျာဟိန်း ယာဉ်လိုင်းမှ ယာဉ်မောင်း ဦးစိုးဝင်း မောင်းနှင်လာသော လိုက်ထရပ်ယာဉ် အမျိုးအစား (အဖြူရောင်) ယာဉ်အမှတ် ၈စ/…... သည် ဖြူးမြို့သို့ အောက်တိုဘာ ၉ ရက် နံနက် ၁၁ နာရီခွဲ

က ရောက်ရှိ၍ ခရီးသည်ချပြီးကုန်တင်နေစဉ် ခရီးသည် ထိုင်ခုံ အောက်တွင် မီးတိပ်အစိမ်းဖြင့် ပတ်ထားသည့် ၂ လက်မ ပတ်လည်ခန့်အထုပ်တစ်ထုပ်အားတွေ့ရှိခဲ့သဖြင့် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း ရုံးရှေ့ တွင်ချ ထားခဲ့ကြောင်း သိရသည်။

အဆိုပါနေရာသို့ နယ်မြေခံတပ်ရင်းမှ တာဝန်ရှိ သူများ နှင့် ဖြူးမြို့နယ် ရဲတပ်ဖွဲ့စခန်းတို့မှ တာဝန်ရှိသူများ သွားရောက် စစ်ဆေးပြီး မိုင်းဟု ယူဆရသဖြင့် ၎င်း အထုပ်အား ညနေ ၃နာရီ ၄၅မိနစ်တွင် နယ်မြေ ခံစစ်အင်ဂျင်နီယာတပ်မှ မိုင်းရှင်းလင်းရေးအဖွဲ့ ဖြင့်စစ်ဆေးခဲ့ရာ အထုပ်အတွင်း၌ ဓာတ်ခဲသုံးစားပွဲ တင်နာရီငယ် တစ်လုံး၊ ဝါယာ ကြိုးစနှင့် ယမ်းအနည်းငယ်အား တွေ့ရှိခဲ့သည်။ သို့ဖြစ်၍ အဆိုပါ အထုပ်အား နယ်မြေခံတပ်ရင်း ဘောလုံးကွင်းသို့ သယ်ဆောင် ၍ ညနေ ၆နာရီခွဲတွင် ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သတင်း ရရှိသည်။

http://www.myawady.net.mm/allnews/local/item/27759-2013-10-11-15-10-37

 


  မြ၀တီ

No comments:

Post a Comment