Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 13, 2013

အိုဘားမား မိသားစု နဲ့  မာလာလာ ကို အိမ်ဖြူတော် မှာ တွေ့ 


၂၀၁၂ ခုနှစ် က အသက် ၁၆ နှစ် ပြည့် မွေး နေ့  မှာ ကျောင်းကနေ ပြန်လာတုန်း တာလီဘန် တို့  ရဲ့  လုပ် ကြံ သတ် ဖြတ်
ခံရ ပေမယ့် အသက် မသေ ဘဲ လွတ် မြောက် လာတဲ့ ဆယ်ကျော် သက် ပညာရေး တက်ကြွ လှုပ်ရှား သူ မာလလာ ယိုဆာဖ်ဇီ ကို သမ္မတ အိုဘားမား နဲ့  မိသားစု က အိမ်ဖြူတော် ဘဲဥပုံ ရုံးခန်း မှာ သီးသန့်  တွေ့ ဆုံ ခဲ့ ပါတယ်။

ခိုင်ဘာ တောင်ကြား လမ်း နဲ့  ဆက်နေတဲ့ ပါကစ္စတန် အနောက် မြောက် ရှိ ဆွတ် ဗယ်လီ တောင်ကြား ဒေသ မှ နေ ထိုင်တဲ့ မာလလာ ဟာ အသက် ၁၁ နှစ် အရွယ် ကတည်း က ပညာရေးလွတ်လပ် မှု လှုပ်ရှား တက်ကြွ မှု များ တွင် ဦးဆောင်ခဲ့ တဲ့ ဆယ်ကျော်သက် ပညာရေး လှုပ်ရှား
တက်ကြွ သူ ဖြစ်သည်။

ပြီးခဲ့တဲ့ ဂျူလိုင်လ က နယူးယောက် မှာ ရှိတဲ့ ကုလ သမဂ္ဂ ဌာန ချုပ် မှာ မိန့်  ခွန်း ပြောကြားခွင့် ရခဲ့ ပါတယ်။ ဒီနှစ် အတွက် ဆာခါရောဗ် ဆု လည်း ချီးမြှင် ခံ ရ ပြီး နိုဘဲလ် ငြိမ်းချမ်ရေး ဆု နောက်ဆုံး အဆင့် စာရင်း ထဲ့ မှာ ပါဝင် ခဲ့သူ ဖြစ် ပါတယ်။

မာလာလာ က အိုဘား မား နဲ့  တွေ့ ဆုံ ချိန် မှာ မောင်းသူ မဲ့ လေယာဉ် တိုက်ခိုက်မှု တွေ ကြောင့် ပါ ကစ္စတန် မှာ အရပ်သား တွေ သေဆုံးမှု ရှိ ပြီး ဒီလို ဖြစ် ရပ် တွေ ဟာ အကြမ်းဖက် မှု ကို ပိုတွန်းအား ပေး တယ် လို့ 
ပြောခဲ့ ပါတယ်။

သမ္မတ အိမ်ဖြူတော် က နေ မာလာလာ နဲ့  ပတ်သက် ပြီး ကြေငြာ ချက် ထုတ် ရာ မှာ သူ့  ရဲ့  ပညာရေး ဆောင်ရွက် မှု အတွက် လေးစား ကြောင်းဖော်ပြထား ပါတယ်။

No comments:

Post a Comment